အားလုံးသော Myanmar Steemit Community Member အပေါင်း မင်္ဂလာပါ။
ဟိုတနေ့က Steemit မှာ ပိုစ့်တခု ဖတ်မိလိုက်တယ်။ သဒ္ဒါတရားအကြောင်းပေါ့။ ဒီပိုစ့် ပိုင်ရှင် ဆိုလိုချက်ကို အနှစ်ချုပ်ပြောရရင်တော့ သူက ဘုန်းကြီးတပါးကို လှူဒါန်းမယ်လို့ရည်ရွယ်ထားတယ်။ ဒါပေမဲ့ ဒီဘုန်းကြီးမှာ လှူဒါန်းချင်တဲ့ သူတွေပေါတယ်။ ဒါပေမဲ့ ဘုန်းကြီးထက် တကယ်လိုအပ်နေတဲ့ သူကို တွေ့တော့ သူကို လှူဒါန်းတာက ပို အကျိုးရှိတယ် လို့သူ တွေးမိပြီး လှူတဲ့ အကြောင်းလေး ရေးထားတာ ဖတ်မိတယ်။ ကျွန်တော်ကတော့ အဲဒီ အတွေး မှန်တယ် မှားတယ်လို့ မပြောလိုပါဘူး။ ဘာသာရေးတွေ ခံယူချက်တွေပါနေလို့။ အဲဒီကနေ ကျွန်တော် ဆက်ဆက် စဉ်းစားမိတဲ့ အကြောင်းလေးဘဲ ဝေမျှချင်လို့ပါ။
ဟိုး လွန်ခဲ့တဲ့ ၂ နှစ်ကျော် ၃ နှစ်လောက်က ကျွန်တော်တို့ အတန်းက သူငယ်ချင်းတွေ စုပြီး အကယ်လို့ သူငယ်ချင်းတွေမိသားစုထဲက သာရေးနာရေးရှိရင် အလွယ်တကူ ကူညီလို့ရအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တယောက်ကို တလ ဘယ်လောက်ထည့် ဆိုတဲ့ ပုံစံမျိုးနဲ့ ပိုက်ဆံလေး စုခဲ့ကြတယ်။ မကြာပါဘူး။ အကြောင်းကြောင်းကြောင့် ထုံးစံအတိုင်း လစဉ်မထည့် ဖြစ်ကြတာနဲ့ ပျက်သွားတယ်။ ပိုက်ဆံတွေကတော့ ငွေကိုင်တဲ့ သူရဲ့ ဘဏ်အကောင့်ထဲမှာ နေသေးရှိတယ်။ ဒီကျန်တဲ့ ပိုက်ဆံတွေ ဘာလုပ်ရမလဲ မသိဘူး။ တချို့ကလည်း ထုံးစံအတိုင်း ပိုက်ဆံကိုင်တဲ့ ကောင်ဘဲ လှည့်သုံးနေလား။ ဘာလား အထင်တွေနဲ့ ဖြစ်လာပေါ့ဗျာ။ ဒီလိုနဲ့ ဒီပိုက်ဆံတွေကို တနေရာ အကျိုးရှိမဲ့ အလှူ တခု လုပ်ပြစ်လိုက်ကွာလို့ အားလုံးက ဆုံးဖြတ်လိုက်ကြတယ်။
ဒီလိုနဲ့ လွန်ခဲ့တဲ့ ၂ နှစ်လောက်က မြန်မာနိုင်ငံ အထက်ပိုင်းမှာ ရေ အရမ်းကြီးတယ်။ နေရာတိုင်း ရေမြုတ်တယ်။ အကူအညီတွေ တောင်းကြနဲ့ ရေဘေး အခြေအနေ ဖြစ်လာတယ်။ ဒါနဲ့ ငါတို့ ဒီငွေတွေကို အဲဒီရေဘေးမှာ သုံးမယ်ပေါ့။ ကဲ ဘယ်မှာ သုံးမလဲ ပြောကြတော့ တချို့က ဒီရေမြုတ်တဲ့ ရွာတရွာရဲ့ ရွာအ၀င် သစ်သားတံတား ကျိုးသွားတယ် အဲဒါ ကွန်ကရစ်တံတားဆောက်ပြီး လှူမယ်ပေါ့။ အများကြီး မဟုတ်တောင် နိုင်တဲ့ အနေအထားနဲ့ပေါ့။ သူငယ်ချင်း တယောက်ကို တာဝန်ခံခိုင်းမယ်ပေါ့။ သူက ဆောက်လုပ်ရေး ပစ္စည်းရောင်းနေတဲ့ကောင် ဆိုတော့ သူအနေနဲ့ အချိပ်အဆက် ရှိနိုင်တယ်ပေါ့။ သူနယ်လည်း ဖြစ်နေတော့ အဆင်ပြေတယ်။ တချို့ကလည်း သူများတွေလို ရေဘေးပစ္စည်းတွေ ၀ယ်ပြီး ရေဘေးသင့်တဲ့နေရာတွေ သွားမယ် လှူမယ်ပေါ့။ တချို့ကလည်း စာသင်ကျောင်းလေး ပြင်တဲ့နေရာမှာ ထည့်ရအောင်ပေါ့။ အချို့ကလည်း မိဘမဲ့ကျောင်း လှူမယ်ပေါ့။ စသဖြင့် တယောက်တပေါက်ပြောကြပြီး ဘာမှ အကောင်အထည် မပေါ်ခဲ့ဘူး။ နောက်ဆုံးတော့ ကလေးမြို့က သူငယ်ချင်းတယောက်ရဲ့ သူ့မြို့နားက တောင်ပြိုပြီး ရေမြုပ်နေတဲ့ ချင်းရွာကလေး တရွာဆီ လိုအပ်တာဝယ်ပြီး လှူလိုက်ကြတယ်။
စစ်မှန်တဲ့ သဒ္ဒါတရားဆိုတာ 'ဘယ်တော့မှ ပြန်ရှာလို့မရတဲ့ တစ်စုံတယောက်သော သူအတွက် တစ်စုံတစ်ခု ပြုလုပ်ပေးခြင်း' တဲ့။ ဘာကို ပြောချင်တာလဲ ဆိုတော့ ဘာမျော်လင့်ချက်မှ မရှိဘူး။ လုံးဝ ကင်းစင်တယ်။ ဒါလုပ် လိုက်လို့ ဘာကုသိုလ်မှလည်း မမျှော်ဘူး။ နာမည်ကြီးဖို့ဆိုလည်း လုံးဝမရှိ။ ဘယ်သူ ဘယ်နေရာကမှန်း မသိတော့ ဂုဏ်ယူဖို့ဆိုတာ ဝေး၊ အဲဒီအပေါ် ခံစားချက် လုံးဝမရှိဘဲ။ တိတ်တိတ်လေးပြီးသွားတယ်။
တချို့ကပြောကြတယ်။ လှူဒါန်းတယ်ဆိုတာ ထင်ပေါ်ဖို့ စိတ်နဲ့ မဟုတ်တောင်။ လူတွေ သိသင့်တယ်။ ဒါမှသာလျှင် ကိုယ့်ရဲ့ သဒ္ဒါစိတ်ကို ကူးစပ်စေတယ်တို့ ဘာတို့ပေါ့။ ကျွန်တော့ အမြင်တော့က မလိုဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူတွေမှာ သူတို့ရဲ့ ပညာ(ညာဏ်ရည်)နဲ့လိုက်ပြီး သူတို့ @conscious က ရှိပြီးသား ဘာလုပ်သင့်တယ်၊ ဘာမလုပ်သင့်ဘူး ဆိုတာ လူမှာ သူ့အသိဥာဏ်အလိုက် ရှိတယ်။ အဲဒါကိုမှ ကိုယ့်အတ္တနဲ့ လွန်ဆွဲပြီး လွတ်လပ်စွာ ရွေးချယ်ခွင့်ကြရှိတာ။ ထားလိုက်ပါတော့ အကြီးကြီးတွေ မပြောတော့ပါဘူး။ ကိုယ်လည်း ဒါတွေ သေချာမှ နားမလည်ပါဘူး။
ကဲ ဒါဆို အစကို ပြန်ကောက်ကြည့်ရအောင်။ သူက 'ပို အကျိုးရှိတယ်' လို့ထင်ပြီး လှူတာတဲ့။ အဲဒါဆို အလှူတခုဟာ အကျိုးရှိတာ မရှိတာနဲလည့်းဆိုင်နေသေးသလား။ အကျိုးမရှိတဲ့ အလှူတွေဆိုရင် ရော်ဗျာ။ ရှုတ်ပါတယ်။ အကျိုးရှိတာ မရှိရှိတာလည်း စဉ်းစာမနေနဲ့။ အကျိုးရှိပါစေလို့လည်း မျှော်မနေနဲ့။ အဲဒါဆို သူ့ သဒ္ဒါတရားလေးက ပို စစ်မှန်နေမလားလို့ စဉ်းစား ကြည့်မိတာပါ။
Photo from Google
'သင်တခုခု ရသွားခြင်းက သင့်အရည်အချင်းဖြစ်ပြီး
ဘာမှ မရသွားပါက ကျွန်တော်နှင့် သက်ဆိုင်ပါသည်။'
ကျေးဇူးတင်စွာဖြင့် -
@HtunMinZaw (MSC 087)