အရိပ်ရှာပုံတော်

Words
54
Reading
1 min
Listen
Play
4y

မင်္ဂလာပါ ။

တစ်နေတုန်းက ဘုရားရောက်တုန်း ဘုရားကန်တော့ပြီး Hive Blockchain မှာ ပို့စ်တင်ဖို့ ဓာတ်ပုံရိုက်ရန် ဗျူးရှာကြည့်ခဲ့ပါတယ်။

စေတီတော်၊ ဘုရား၊ ပန်းပင်တွေ ဖုန်းကင်မရာဖြင့် ဓာတ်ပုံရိုက်ယူပြီးတော့ နေပူပူမှာ အရိပ် ရှာဖြစ်ပါတယ်။
အရိပ် က လိုအပ်တဲ့အခါ တန်ဖိုးရှိပြီး တချို့ကြတော့ အရိပ်မိုးခံရရင် အသုံးမတည့်တာမျိုး ဖြစ်တတ်ပါတယ်။

တကယ်တော့ ကျွန်တော်က နွေနေပူပူမှာ နားခိုဖို့ အရိပ် ရှာခဲ့တာ မဟုတ်ပါဘူး။
Shadow Hunters Community မှာ တင်ပြဖို့ အရိပ်ပုံ ရှာခဲ့တာပါ။
ဒါပေမယ့် ပီပီပြင်ပြင် လှတပတ ရှုမျှော်စရာ မတွေ့ခဲ့ရတော့ တွေ့ကရာ အရိပ်လေး ဓာတ်ဖမ်းခဲ့ရပါတော့တယ်။

ဘယ်လိုသဘောရလဲ Hive Myanmar ပရိတ်သတ်တို့ရေ။

golden.future@golden.future

အရိပ်ရှာပုံတော် | Ecency