Welcome Back

Words
214
Reading
1 min
3y
Listen to this post
~1 min

ဒီနေ့ကား မင်္ဂလာ ရှိသော နေ့လေး ဖြစ်ချေ၏။ ပသို့ဆို မနေ့က Appeal posts 35 ပိုစ့် ပြည့်မြောက်သွားခဲ့ပြီ ဖြစ်၏။ မနေ့က 35 ခု မြောက် ပိုစ့်ကို တင်ပြီးနောက် Discord server မှာ ပိုစ့် ပြည့်သွားပြီ ဖြစ်ကြောင်း သွားပြော၏။ စောင့်ကြည့်သူမှလည်း blacklist ပယ်ဖျက် ပေးလိုက်ပြီ ဖြစ်ကြောင်း reply ပြန် ပေးလေ၏။ ကျေးဇူးတင်ပါ၏။

တကယ်တမ်းက ကျနော်က ပိုစ့် 40 ရေးရမှာ ဖြစ်၏။ ဒါပေမယ့် စောင့်ကြည့်သူက 5 ပိုစ့် လျော့ပေးပြီး 35 ပိုစ့်နဲ့သာ Appeal ကာလကို လွန်မြောက်စေခဲ့ခြင်း ဖြစ်ချေ၏။ 35 ပိုစ့်၊ ရက်ပေါင်း 40 လောက် ကာလ အတွင်း အကောင်းဆုံး ဖြတ်ကျော်နိုင်ခဲ့ပြီ။ ကိုယ့် အပြစ်နဲ့ ကိုယ် ဆိုပေမယ့် တလကျော်လောက် ဆုံးရှုံး နစ်နာ ခဲ့ရသည့် rewards တွေကို ပြန်လည် ကာမိ နိုင်စေရန် အလို့ငှာ ကြိုးစား ရပေလိမ့်ဦးမည်။ အရင်လို တနေ့ နှစ်ပိုစ့် လမ်းစဉ်နဲ့ပေါ့။

Blacklist က လွတ်လို့ ပျော်ရပေမယ့် တခြား နေရာတွေမှာက မပျော်နေရပြန်ပေ။ မန်ယူက ရှုံးပွဲတွေ ဆက်နေခဲ့သည်ကိုး။ premier league မှာ ခရစ်စတယ် ပဲလေ့ကို ရှုံး၊ ပြီး ဒီနေ့ မနက် 1 နာရီခွဲက ကစားသည့် champion league အိမ်ကွင်းမှာ ဂါတာလာစာရေးကို ရှုံးနဲ့ အဆင် မပြေလှပေ။ ခုဆို champion league ရှုံးပွဲက နှစ်ပွဲထိ ရှိသွားခဲ့ပြီ ဖြစ်၏။ 2 ပွဲ ကစားထားပြီး 2 ပွဲလုံး ရှုံးထားခဲ့၏။ ဘိုင်ယန်ကိုက အဝေးကွင်းမှာမလို့ ရှုံးတာထားတော့ ပြီး လက်ရှိ ခြေစွမ်း၊ စုဖွဲ့မှုနဲ့လည်း ဘိုင်ယန်ကို မနိုင်ဘူး ဆိုတာက သိပြီး လက်ခံပြီးသား။ ခု ဂါတာလာစာရေးနဲ့က အိမ်ကွင်းကြီးလေ။ ဘာပြောလို့ ပြောရမယ် မသိတော့ပေ။

ဘောလုံးပြီးတော့ ကိုယ်အားပေးသည့် MLBB eSports အသင်း တသင်း ဖြစ်သည့် Mythic Seal ကလည်း M5 Myanmar Qualifier Grand final မှာ BG အသင်းကို ရှုံးနိမ့်ခဲ့ပြီး M5 ဝင်ခွင့်နဲ့ လွဲချော် သွားခဲ့ရပြန်၏။ ခုတလော မိမိ ကံကလည်း ပသို့ရယ် မသိပေ။ ကိုယ်အားပေးသည့် အသင်းတွေက အဘယ်ကြောင့် ကိုယ်ဖြစ်စေချင်သလို မဖြစ်နေရတာလဲ။

ဘာပဲ ပြောပြော ကိုယ်တိုင်လည်း ကိုယ့် ကိစ္စတွေမှာ အကောင်းဆုံး ကြိုးစားနေပါ၏။ သူတို့သည်လည်း သူတို့နဲ့ ဆိုင်ရာ နယ်ပယ်မှာ အကောင်းဆုံး ကြိုးစားနေကြမှာက အမှန်ပင်။ အားပေးသူ တယောက် အနေနဲ့ ဘယ်လို အ‌ခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ဆက်လက် အားပေးနေဦးမှာပင် ဖြစ်၏။ အကောင်းဆုံး ကြိုးစားနေသူတွေ အတွက် အောင်မြင်မှုက တနေ့တော့ ရောက်လာ ပေလိမ့်မည်။

Blacklist က လွတ်ပြီ မလို့ Black pink သီချင်းလေး နားထောင်ရင်း ပိုစ့် တင်လိုက်ရပါ၏။

Welcome Back | Ecency