Wana See

Words
219
Reading
1 min
7y
Listen to this post
~1 min

FB_IMG_1527335451652.jpg

ဖျားလိုက်တာ steem နှင့်တောင် နည်းနည်း အဆက်ပြတ်သွား၏။ (၄)၊ (၅) ရက်လောက်လည်း ပိုစ့် မတင်နိုင် ဖြစ်သွားခဲ့၏။ ယခင်တုန်းကလို ပိုစ့်များ ကြိုတင်ပြီး မရေးထားနိုင်သောကြောင့် မတင်နိုင်ခဲ့ခြင်းဟုလို့လည်း ပြောလို့ ရ၏။ ဖျားနေချိန်က သိသည့်အတိုင်း ဘာကိုမှ မလုပ်ချင်၊ မကိုင်ချင် မလား။ pro ပိုစ့် တင်ပေးဖို့တောင် မတင်ပေးနိုင်လိုက်သည်အထိပင်။ ရက်ပိုင်းအတွင်းကို အပြောင်းအလဲတွေကလည်း အများသား။ ကိုယ်သိလိုက်သည်များလည်း ရှိသလို ကိုယ်မသိလိုက်သည်များလည်း ရှိ၏။ ကိုယ် မသိလိုက်သည်များကတော့ ပိုပြီး များမည် ထင်၏။ ထို့ကြောင့် ယခုမှ ဟိုဟာ ရှာဖတ်၊ ဒီဟာ ရှာဖတ် လုပ်နေရ၏။

ကျနော့်ကို ဒေါင်းဗုတ်ပေးသည် ဘုကတော့ မလာတော့ပေ။ မဖျားခင် ပိုစ့်မှာကလည်းက မလာတော့တာ ဖြစ်၏။ ဒစ်စကိုမှာ သွားပြောလိုက်၊ ရှင်းပြလိုက်သည်ကို သူတို့ လက်ခံသွားလို့လည်း နေမည် ထင်၏။ မိမိပိုစ့်မှာ ဒေါင်းဗုတ် မတွေ့ရတော့ တော်တော်လေးတော့ စိတ်ချမ်းသာလှ၏။ အခြားကျနော့်လို ဒေါင်းဗုတ် မိသူများလည်း ဒစ်စကိုမှာ အကျိုးသင့် အကြောင်းသင့် သွားပြောပြက အဆင်ပြေနိုင်ပါကြောင်း သတင်းစကားပါးလိုပါ၏။ အဘယ်ကြောင့်ဆိုသော် သူတို့က ကိုယ်စား ပြောပေးလို့ မရပေ။ မိမိ ဖြစ်ရ၊ ကြုံရသည့် အခြေအနေကို မိမိ ကိုယ်တိုင်သာ ပြောဆို တင်ပြ လို့ ရမည် ဖြစ်၏။

တဖြည်းဖြည်းနှင့် ကျနော်တို့ MSC လည်း တိတ်ဆိတ်လို့နေ၏။ ပုံမှန် ရေးနေကြသူများလည်း ယခင်ကထက်ကို နည်းလာကြပြီ ဖြစ်၏။ မအားဘဲ မအားကြလို့လား၊ ဒါမှ မဟုတ် steem ဈေးကျနေလို့ပဲလား။ တချိန်ချိန်တော့ သူတို့ ပြန်လာကြမည် ထင်၏။ ပြန်လာဖို့ကိုလည်း မျှော်လင့်နေပါ၏။ ပြန်လည်း ပြန်လာ ကြမည်ဟုလည်း ယုံကြည်ပါ၏။ မတော် တဆ ကျနော့် စာလေး ဖတ်ဖြစ်ခဲ့လျှင် ကျနော်တို့ စောင့်မျှော်နေကြောင်းကို သိစေချင်လှ၏။ ယခင် စည်စည်ကားကား သိုက်သိုက်ဝန်းဝန်း ဖြစ်ခဲ့သော တချိန်က MSC ကို လွမ်းလှ၏။

received_448402398992094.jpeg

လာမည့် (၈) လပိုင်း (၃) ရက်နေ့ဆိုလျှင် MSC အဖွဲ့ ဖွဲ့စည်းခဲ့တာ (၂) နှစ်ပြည့်ပြီ ဖြစ်၏။ (၂) နှစ်ပြည့် Gathering ကိုတော့ (၁၀) လပိုင်း ရည်ရွယ်ထား၏။ ရည်ရွယ်ထားသော်လည်း လုပ်ဖြစ်ပါ့မလားဟု စိတ်ပူရ၏။ လုပ်ဖြစ်လျှင်တောင် လာကော လာနိုင်ကြပါ့မလားဟု တွေးပူရပြန်၏။ ပြောလို့ ပြောသည် မဟုတ်၊ (၁) နှစ်ပြည့်ပွဲလေးတုန်းက တော်တော်လေး ပျော်ဖို့ ကောင်းခဲ့၏။ အဝေးကလူများနှင့် တွေ့ရဆုံရ၊ ပြောကြ ဆိုကြ၊ ပျော်ကြရသည် မဟုတ်လား။

(၂) နှစ်ပြည့် ပွဲလေးကိုတော့ ဖြစ်မြောက်စေချင်လှ၏။ ကျနော့် နေရပ် တောင်ကြီးမြို့လေးမှာ ကျင်းပမည် ဖြစ်သဖြင့် ဘယ်နည်းနှင့်မှ လက်လွတ် မခံလိုပေ။ တဖန်ပြန်ပြီး ဧည့်ဝတ်ကျေချင်လှ၏။ ဟိုနေရာ၊ ဒီနေရာလေးများကို လိုက်လံပြီး ပို့ပေးချင်လှ၏။ (၁) နှစ်ပြည့်တုန်းကလိုပဲ တရုန်းရုန်းနှင့် ပျော်ပျော်ပါးပါးပေါ့။ ဘာတွေ ဘယ်လို ဆက်ဖြစ်လာဦးမည်ကို မသိနိုင်၊ မပြောနိုင်ပေမယ့် (၂) နှစ်ပြည့် ပွဲလေး ဖြစ်မြောက်ပြီး လူစုံတက်စုံ မြင်လိုလှသည်ကတော့ ကျနော့် ရင်ထဲက ဆန္ဒပင် ဖြစ်၏။ ဆုလည်း တောင်းနေမိ၏။ အားလုံးနှင့် နောက်တခေါက် ဆုံချင်လှပါ၏။

Don Jaun

MSC 31

Wana See | Ecency