Training

Words
144
Reading
1 min
Listen
Play
6M

1000009248.jpg

ဒီရက်ထဲ Training ပြင်းပြင်းထန်ထန်ကို လုပ်ဖြစ်နေ၏။ ပြိုင်ပွဲ ရှိနေလို့လည်း ပါ၏။ ပြီး ဒီပြိုင်ပွဲက အရေးလည်းကြီး၏။ League ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရ၊ မရက ခု ကျင်းပမယ့် ပြိုင်ပွဲမှာ ဘယ်အဆင့်ထိ ရောက်လဲနှင့် သက်ဆိုင်နေ၏။ ယခု ကျင်းပမယ့် ဖလား ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့်ထိ ရောက်နိုင်ဖို့ လိုအပ်၏။ League ဝင်ရောက် ကစားခွင့်က Cup ပြိုင်ပွဲမှာ အောင်မြင်ဖို့ လိုမည် ဖြစ်၏။

ကျနော်တို့ မြို့၏ ပထမဆုံး League ပြိုင်ပွဲ ဖြစ်တာ နှင့်အညီ မြို့မှာ ရှိသည့် အသင်းတွေ အားလုံးက ယခု League ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင် ကစားနိုင်ဖို့ စိတ်အား ထက်သန် နေကြ၏။ ပြင်လည်း ပြင်ဆင်နေကြ၏။ ကြိုးလည်း ကြိုးစားနေ၏။ Qualified အတွက် အရေးကြီးသည့် Cup ပြိုင်ပွဲအတွက် အားကုန် ပြင်ဆင်နေကြ၏။ ထို့ကြောင့် ကျနော်တို့လည်း ယခင်ထက် ပိုမို အားစိုက်ထုတ် နေရခြင်း ဖြစ်၏။ မနက်၊ ညနေ Training တွေ တောက်လျောက် လုပ်နေခဲ့၏။

အသက်အရွယ်က စကား ပြောလာတော့ Training ရက်တွေ ဆက်လာသည် နှင့်အမျှ ခန္ဓာကိုယ်မှာ နာကျင် ကိုက်ခဲမှုတွေ ဖြစ်ပေါ်လို့ လာခဲ့၏။ အရင်က ပြင်းပြင်းထန်ထန် လုပ်ခိုင်းလေ့ မရှိဘဲ ခုရက်ပိုင်း ရက်ဆက် လုပ်ဖြစ်လိုက်တော့ ခန္ဓာကိုယ်က အချက်တွေ ပြသည့် သဘောပင်။ သို့ပေမဲ့ အသာစံရဖို့ အနာခံရမယ် တွေးထားပြီး Training လုပ်နိုင်သလောက် လိုက်လုပ်နေ၏။ တအားကြီး ဒဏ် မဖြစ်သွားအောင်လည်း ဂရုစိုက်ဖို့ လိုသေး၏။ ဒီအတွက်လည်း စဉ်းစား တွေးထားရသေး၏။

ခုလို Training အပြင်းအထန် လုပ်ဖြစ်တော့ ဆယ်ကျော်သက် အရွယ် တိုက်ကွမ်ဒို အပြင်းအထန် လေ့ကျင့် ဆော့ကစားခဲ့ချိန်ကို သတိရမိ၏။ မတူတော့တာက အဲ့တုန်းက အသက်အရွယ်နဲ့ ခု အသက်အရွယ် ဖြစ်၏။ ဘာပဲ ပြောပြော ပထမဆုံး League ဖြစ်နေတာမို့ ပထမဆုံး ဝင်ရောက် ကစားသူလည်း ဖြစ်ချင်ပါသေး၏။

Training | Ecency