This too will Pass

Words
176
Reading
1 min
Listen
Play
3M

UCL လည်းပြီးရော ကြည့်စရာ ဘောလုံးပွဲ မရှိတော့ပေ။ နိုင်ငံတကာ ချစ်‌ကြည်ရေး၊ ခြေစမ်း ပွဲစဉ်များ ရှိပမဲ့ မကြည့်ချင်။ နိုင်ငံအသင်း ပွဲစဉ်တွေထက် ကလပ်အသင်း ပွဲစဉ်တွေကို ပိုကြိုက်၏။ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးကိုတော့ ကြိုက်နှစ်သက်၏။ ၄ နှစ် တကြိမ် ပြိုင်ပွဲကြီးကိုမှ မကြိုက်၊ မအားပေးရင် ဘယ်ပြိုင်ပွဲကို အားပေးရမည်နည်း။ ပုံစံသစ်နဲ့ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို စောင့်ကြည့်ရပေလိမ့်ဦးမည်။

UCL Final ပွဲက ပြီးသွားခဲ့ပြီ။ ဒါပေမဲ့ ပရိတ်သတ်တွေက ခုထိ မပြီးသေး။ PSG လည်း ချန်ပီယံ ဖြစ်သွားပြီးရော PSG ကို ဂုဏ်ပြုတာထက် Arsenal ကို လေတိုက်ကြသည့် အကြောင်းအရာတွေ Social media မှာ အုံနဲ့ကျင်းနဲ့ ထွက်ပေါ်လို့လာခဲ့၏။ PSG fan တွေ များနေတာထက် Arsenal ချန်ပီယံ ဖြစ်မှာကို မလိုလားကြခြင်း ဖြစ်၏။ အသင်းကြောင့်ရယ် မဟုတ် အသင်း ပရိတ်သတ်တွေကြောင့် ယခု ဇာတ်လမ်းက ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်၏။

အတိတ်ကို ပြန်ကြည့်သော် ယခု ဇာတ်လမ်းတို့ မြစ်ဖျားခံရာကလည်း Arsenal သာ ဖြစ်လေ၏။ Arsenal ၏ official social account တွေကနေ တခြားအသင်းတွေနဲ့ ပတ်သက်ပြီး ပိုစ့်တွေ တင်တာမျိုးတွေ ရှိခဲ့၏။ UCL ပြိုင်ပွဲက မပြီးသေးဘူး ၂၀၀၈ က United အသင်းနဲ့ နှိုင်းယှဉ်လို့ နှိုင်းနဲ့ ခက်တော့ ခက်သား။ တလောကလုံး လိုက်လံ ခလုတ် တိုက်နေခဲ့တော့၏။ ထို့ကြောင့်လည်း ယခုလို ကိစ္စရပ်တွေ ဖြစ်လာခဲ့ခြင်း ဖြစ်လေ၏။ အကြောင်းကြောင့် အကျိုး ဖြစ်တာပေါ့လေ။

Final ပွဲစဉ် ပြီးပြီးချင်းမှာကို ပြဿနာတွေ တက်ကြသေး၏။ Social media မှာ အဆိုပါ အကြောင်းအရာကို တွေ့ရ၏။ Arsenal jersey ဝတ်ဆင်ထားသည့် ပရိတ်သတ်အချို့ စားသောက်ဆိုင်ထဲမှာ ခိုက်ရန် ဖြစ်ပွားနေခြင်း ဖြစ်၏။ အင်း စိတ် မထိန်းနိုင်ကြတော့ ခက်ကုန်ပြီ။ နှစ် ၂၀ စောင့်ခဲ့ရသည့် တကျော့ပြန် ဗိုလ်လုပွဲမှာ မျှော်လင့်ထားသလို ဖြစ်မလာတာရယ် ဝိုင်းဝန်းလှောင်ပြောင် စနောက်ကြသည့် ဒဏ်ကို မခံနိုင်ကြသည် ထင်ပါရဲ့။

တချို့ မိတ်ဆွေတွေတောင် အခင်အမင် ပျက်ကုန်ကြသည်အထိပင်။ ခုထိလည်း Social media တွေမှာ ဒီအကြောင်းတွေ ချည်းပင်။ ဘယ်နေ့အထိ ပြောဆို ငြင်းခုန်နေကြဦးမယ် မသိပေ။ တော်ရုံပဲ ကောင်း၏။ လက်ရှိက နိုင်ငံက ဘာဖြစ်နေတာလဲ ဆိုတာကိုလည်း မမေ့ဖို့ လိုသေးသည် မဟုတ်လား။

(screenshot from Social media)

This too will Pass | Ecency