Hive စျေးလေး တက်လာတာ မြင်တော့ စိတ်ထဲ ပျော်မိသား။ ဘယ်လောက်ထိ တက်ပြီး ဘယ်လောက်ထိ ထိန်းထား နိုင်မလဲကတော့ စောင့်ကြည့်ရပေလိမ့်ဦးမည်။ စျေးက တက်သင့်နေပါပြီလေ။ ဒါပေမယ့် အများကြီးလည်း မတက်စေချင်သေးပေ။ ကိုယ့်မှာ power လောက်လောက်လားလား၊ များများစားစား မရှိသေးလို့လည်း ပါ၏။ Hive power က Hive blockchain သုံးနေသရွေ့တော့ စုနေရပေလိမ့်ဦးမည်။ ဒါပေမယ့် Hive စျေး 1$, 2$ မရောက်ခင်လေးတော့ မိမိမှာ power လေး တသောင်းလောက်တော့ ရှိထားချင်မိ၏။
Hive စျေးတက်လာရင် ကောင်းတယ် ဆိုပေမယ့်လည်း power စုဖို့ကကြပြန်တော့ အနည်းငယ် ခက်ခဲသွားနိုင်သည် မဟုတ်လား။ HBD က stable price ဖြစ်ပေမယ့် Hive ကတော့ variable price ဖြစ်နေသဖြင့် Hive စျေးက HBD စျေးထက် နည်းနေရင် ကိစ္စ မရှိ သော်လည်း Hive စျေးက HBD စျေးထက် များသွားပါက power စုရခက်ချေမည်။ လောလောဆယ် post reward က Hive power နဲ့ HBD အဖြစ် ပြန်လည် ခွဲပေးသည်ကိုး။ Hive စျေးတက်ပါက ယခင်လို Hive power, Hive နဲ့ HBD ဆိုပြီး ပြောင်းပေးမည်လားတော့ မသိပေ။
ဘာပဲ ပြောပြော စျေးကျလည်း ရေး၊ စျေးတက်လည်း ရေးပဲ မလား။ ကျနော်တို့ အလုပ်က နေ့စဉ် စာရေး ပိုစ့်တင်၊ အချင်းချင်း vote ပေး။ power လည်း စုလိုက်၊ လိုအပ်တာ သုံးစရာ ရှိလာတဲ့အခါ ထုတ်ရောင်းလိုက်နဲ့ သူ့ဟာလေးနဲ့သူတော့ အဆင်ပြေ နေပါ၏။ လက်ရှိမှာ Hive ကရသည့် reward တွေနဲ့ ရပ်တည် စားသောက်ဖို့ကတော့ မဖြစ်နိုင်သေးပေ။ ဒါပေမယ့် တချိန်မှာ မဖြစ်လာနိုင်ဟုတော့ ယတိပြတ် ပြောလို့ မရသေးပေ။ လောလောဆယ်မှာတော့ လစဥ် Wifi bill ကို Hive ကနေ ရသည့် reward အချို့ဖြင့် ပေးချေနိုင်နေခဲ့တာ အတော်ကြာခဲ့ပြီ ဖြစ်၏။
တနေ့ တလံ ပုဂံ ဘယ်ရွေ့ ဆိုသလိုပေါ့။ နှေးပေမယ့် ဖြည်းဖြည်း မှန်မှန် သွားနေပါက တချိန်မှာတော့ လိုရည ခရီး ရောက်ပေလိမ့်မည်။ အချိန်တော့ နည်းနည်း ကြာမပေါ့။ မည်သို့ပင် ဆိုစေ Hive တို့ Steemit တို့ကို မသိခင် ကာလတုန်းမှာတော့ ခုလိုမျိုး reward တွေ ရလာနိုင်မယ် ဆိုတာမျိုး တခါမှ မတွေးမိခဲ့ဖူးပေ။ Steemit မှသည် Hive တိုင်အောင် အတူတူ လျှောက်လှမ်း အတူ support ပေးခဲ့သည့် မိတ်ဆွေ သူငယ်ချင်း တို့ကို ကျေးဇူးတင်ပါ၏။