Spark os 13.2 (Final Chapter)

Words
206
Reading
1 min
Listen
Play
4y

Spark OS version 13.2 တင်ပြီး တရက်တာ သုံးကြည့်တဲ့ feeling လေးကို မျှဝေချင်ပါ၏။ အပေါ်ယံ ပိုင်းအရ ကြည့်ပြီး ပြောရလျှင်တော့ ထွေထွေထူးထူး ပြောင်းသွားသည်ဟု မထင်ရပေ။ ဒါပေမယ့် သေချာလေး ကြည့်လျှင်တော့ ထူးခြားမှုတွေ၊ ပြောင်းလဲမှုတွေ ကို မြင်နိုင်ပါ၏။ Android 12 နဲ့ Android 13 ကိုယ်တိုင်ကကို သိပ်ပြီး ထူးပြီး မခြားနားနေဘူးကိုး။

အမှန်တော့ 12.4 ကနေ 13.2 ကို ပြောင်းဖို့ အစီအစဉ် မရှိခဲ့ပေ။ Spark os version 12 မှာ အချိန် တော်တော်ကြာ သုံးနေ ဖြစ်၏။ 12.2 ကနေ 12.4 ကို upgrade လုပ် အပြီးမှာ viper4android က ယခင်လောက် အဆင်မပြေနေပေ။ v4 install လုပ်မရလို့လားဆိုတော့ မဟုတ် install လုပ်လို့ ရ၏။ သုံးလို့လည်း ရ၏။ သို့ပေမယ့် နားကြပ်နဲ့ သီချင်း နားထောင်တဲ့ အခါမျိုးမှာ အသံပိုင်းကတော့ ယခင်လို မဟုတ် နေပေ။ 12.2 တုန်းက အတော် အဆင် ပြေ၏။ သီချင်း နားထောင် ရတာကို နှစ်သက်သူတယောက်မို့ အတော်လေး အဆင်ပြေ ခဲ့၏။


12.4 မှာက အသံပိုင်းက ယခင်လောက် အဆင်မပြေတော့ စိတ်ကျေနပ်မှုက မရနေပေ။ 13.2 မထွက်လာခင်လေးမှာတော့ 12.6 ထွက်လာသေး၏။ သို့ပေမယ့် မတင် ဖြစ်ပေ။ Android 13 နဲ့ ပတ်သက်သည့် အသံတွေကလည်း ထွက်နေပြီ ဖြစ်သဖြင့် စောင့်ကြည့်ဖို့ပဲ ရွေးလိုက်၏။ ထို့ကြောင့် Spark os 13.2 ရပြီဆိုသည့် ပိုစ့် တက်လာသည်နှင့် download ဆွဲပြီး တင်လိုက်ခြင်း ဖြစ်၏။

Graphics ပိုင်းကော သုံးရတာ smooth ဖြစ်မှုကကော ယခင် 12.2, 12.4, 12.6 တွေထက် ပို၏။ အထူးသဖြင့် 13.2 မှာက lineage ၏ kernel version ကို သုံးထားပေး၏။ ပြောရလျင် lineage က custom rom တို့၏ ဖခင်ကြီးဟု ပြောလို့ ရသည်ကိုး။ (ယခင် CyanogenMod ယခုတော့ lineage ပေါ့) lineage က custom rom တွေထဲမှာ pure android အဆန်ဆုံး ဖြစ်၏။ အခြား custom rom လို customize လုပ်စရာ အထွေအထူးတွေ အများကြီး မရှိ မပါနေပေ။ ထို့ကြောင့်ပင် အခြား custom တွေထက် ပိုပေါ့ပြီး ပိုသွက်ခြင်း ဖြစ်၏။ ယခု Spark os 13.2 မှာ lineage ၏ kernel သွင်းထားပေးတော့ ပိုပြီး အကြိုက်တွေ့ရပြီပေါ့လေ။

ဘာပဲပြောပြော version 12 ကနေ version 13 သို့ ပြောင်းလိုက်တာ မှန်သွားသည်ဟု ပြောရပေလိမ့်မည်။

Spark os 13.2 (Final Chapter) | Ecency