Spark os 13.2 (Chapter 3)

Words
220
Reading
1 min
4y
Listen to this post
~1 min

Dev က Global နဲ့ flash ခိုင်းတာကို ကျနော်က china နဲ့ သွားလုပ်မိနေသည်ကိုး။ ဒါကြောင့် logo လည်နေခြင်း ဖြစ်၏။ သို့နှင့် နောက် ph တလုံးနဲ့ global source firmware ပြန် down ပြီး တခါ တင်ရပြန်၏။ မရပေ။ logo မှာပဲ လည်နေဆဲပင်။ မဟုတ်တော့ သို့နှင့် 13.2 အစား၊ 12.6 down ပြီး စမ်းကြည့် ၏။ 12.6 ကကြ ရနေ၏။ ပသို့နည်း။

Telegram ကနေ download ဆွဲရတာဆိုတော့ internet line နည်းနည်း လွတ်ချိန်မှာများ file တွေ ဘာတွေများ ကျန်ခဲ့လေ သလား။ ပြီး နေ့လည်က down တုန်းက အချိန် အားဖြင့်လည်း အတော်လေး ကြာနေခဲ့တော့ စိတ်ထဲ သိပ်မသင်္ကါပေ။ သို့နှင့် ခု ညမှာ နောက်တခေါက် ပြန် down ပြီးတော့ စမ်းကြည့်ဦးမည်။ တခါတလေ ညဆိုရင် လိုင်းက နည်းနည်း ပိုကောင်းတက်၏။ ခုတကြိမ် download က နေ့ခင်းကလောက်တော့ မကြာပေ။ download လုပ်ပြီးသွားတော့ တင်ကြည့်၏။ ထူးမခြားနား logo လည်မြဲပင်။ အင်း... လူလည်း လည်နေပြီ။

ပြင်သစ် မော်ရိုကို ပွဲလေး ကြည့်ရင်း လုပ်နေတာ ပွဲလည်း ကောင်းကောင်း မကြည့်ရ၊ ပြီး ပွဲပြီးသွားသည့်တိုင် ကိုယ့် ph က မရသေး။ အစက တွေးထားတာက firmware တင်ပြီးရင် လိုအပ်တဲ့ app တွေ download ဆွဲနေချိန် အေးဆေး ဘောလုံးပွဲ ကြည့်မယ်ပေါ့။ ခုတော့လား။

အချိန်လည်း မစောတော့။ အမှန်တော့ နောက်ပြီးလို့ အာရုဏ်တင်ပင် ရောက်တော့မယ် မလား။ မနက် ၂ နာရီခွဲလို့ ၃ နာရီပင် ထိုးတော့မယ်။ သို့နှင့် 12.6 လေးပဲ ပြန်သွင်းပြီး Telegram group မှာ firmware တင်လို့ မရကြောင်း download ကို telegram link အစား အခြား ရနိုင်မလား ဆိုပြီး တောင်းလိုက်၏။

တယောက်ကတော့ ပြောပါ၏။ ခုက 12.6 လား 13.2 လား 13.2 မှာပဲ logo လည်နေတုန်းဆိုရင် recovery ထဲက logs ကို note မှတ်ပြီး ပြကြည့်ပါလား။ ဒါဆို ဘာကြောင့် ဘာ error ကြောင့်ဆိုတာ သိနိုင်ကြောင်းပေါ့။ သူ ပြောပေမယ့် ကိုယ်က 12.6 ဖြစ်နေခဲ့ပြီကိုး။ သူ ထင်တာက ကျနော်က logo အလည်လိုက် ph ကို ထားပြီး pc or laptop နဲ့ လာမေးသည်ပေါ့။

ကျနော်လည်း မနက်မှ ပြန် တင်ကြည့်လိုက်ပြီး log မှတ်ကာ ပြန်လာပြောမယ်ဟု သူ့အား အကြောင်း ပြန်လိုက်၏။ ကျနော်နဲ့သူ ပြောနေတုန်းမှာပင် Dev က google drive link နှင့် flash ချိန်မှာ သုံးရမယ့် recovery ကို လာ ပြောပြပေး၏။

ဆက်ရန်

Spark os 13.2 (Chapter 3) | Ecency