Saturday and then Super Sunday

Words
247
Reading
2 min
Listen
Play
7M

EPL Round 28 ၏ ပွဲစဉ်အချို့ ကစားလို့ ပြီးသွားခဲ့ပြီ ဖြစ်၏။ Bournemouth vs Sunderland တို့ တဖက် ၁ ဂိုးစီ သရေကျသွားခဲ့၏။ Bournemouth တို့ ၈ ပွဲဆက် ရှူံးပွဲ မရှိ စံချိန် ရရှိသွားခဲ့လေ၏။ Burnley vs Brentford ပွဲစဉ်မှာတော့ ဧည့်သည် Brentford က ၃-၄ ဖြင့် အနိုင်ရသွားခဲ့၏။ ပွဲက တကယ့်ကို အကြိတ်အနယ် ရှိလှ၏။ တန်းဆင်းဇုန်က Burnley ၏ ရုန်းအား တိုးအားက တကယ်ကို ချီးကျူးချင်စရာပင်။ Brentford က ဦးဆောင်ဂိုးတွေ အရင် သွင်းယူထားခဲ့ခြင်း ဖြစ်၏။ ၃ ဂိုး တိတိ သွင်းယူထားခဲ့ခြင်း ဖြစ်၏။

ပထမပိုင်းမှာတင် ဦးဆောင်ဂိုး ၃ ဂိုးလုံး သွင်းယူထားခဲ့ခြင်း ဖြစ်၏။ ၄၅+၃ မိနစ်မှာတော့ Burnley တို့ ချေပဂိုး စတင်ရခဲ့၏။ ဒုတိယပိုင်းမှာ Burnley တို့ ပိုမို ထိုးဖောက် ကစားနိုင်ခဲ့လေ၏။ ဂိုးတွေလည်း ထပ်ရ၏။ ၃-၃ သရေနဲ့ ပွဲပြီးပြီ ထင်မှတ်ထားခဲ့ပေမဲ့ ၉၀+၃ မိနစ်မှာ Brentford တို့ အနိုင်ဂိုးရရှိသွားခဲ့လေ၏။ ယခု နိုင်ပွဲကြောင့် Brentford အနေဖြင့် အဆင့် ၇ နေရာထိ တက်လှမ်းလို့ လာခဲ့၏။

Liverpool vs West Ham ပွဲကလည်း အကြိတ်အနယ် ရှိလှ၏။ တန်းဆင်းဇုန်က လွတ်ဖို့အရေး West Ham တို့ Liverpool ထံကနေ အမှတ်ခွဲဝေ ရယူနိုင်ဖို့ ကြိုးစားခဲ့၏။ သို့ပေမဲ့ ထင်မှတ်ထားသလိုတော့ ဖြစ်မလာခဲ့ပေ။ နောက်ပိုင်း ပွဲစဉ်တွေမှာ ခြေစွမ်းပိုင်း ပြန်လည်ကောင်းမွန်လာသည့် Liverpool ကို သူတို့ ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပေ။ ၅-၂ ဖြင့် Liverpool အနိုင်ရသွားခဲ့လေ၏။

New Castle vs Everton ပွဲစဉ်မှာတော့ Everton က ၂-၃ ဖြင့် အနိုင်ရပြီး အဆင့် ၈ နေရာသို့ တက်လှမ်းလို့ လာခဲ့လေ၏။ အဆင့် ၂ က Man City ကလည်း Leeds ကို အဝေးကွင်းမှာ ၀-၁ ဖြင့် အနိုင်ရယူပြီး Arsenal ကို ဆက်လက်၍ ဖိအားပေးထားခဲ့၏။

လောလောစဉ် Round 28 အနေဖြင့် ပွဲစဉ် ၆ ပွဲ ကစားထားပြီး ဖြစ်၏။ ၄ ပွဲ ကစားဖို့ ကျန်မည် ဖြစ်၏။ Super Sunday မှာ ပွဲကောင်းတွေ စောင့်ကြိုလို့နေ၏။ Man United အနေဖြင့် Crystal Palace ကို အိမ်ကွင်းမှာ လက်ခံ ကစားရမည် ဖြစ်၏။ အနိုင်ရခဲ့မယ်ဆိုရင် အဆင့် ၃ နေရာကို တက်လှမ်းနိုင်မယ့် အခွင့်အရေး ရှိနေ၏။ United အနေဖြင့် အဆိုပါ အခွင့်အရေးကို အရယူသွားနိုင်ဖို့ မျှော်လင့်ပါ၏။

ဒီတပတ်ရဲ့ အကောင်းဆုံး ပွဲစဉ် အဖြစ် Arsenal vs Chelsea တို့၏ လန်ဒန် ဒါဘီကို ကြည့်ရမည် ဖြစ်၏။ ပြီးခဲ့သော တပတ်မှာ လန်ဒန် မြို့ခံ Tottenham နဲ့ ကစားခဲ့ရသည့် Arsenal အတွက် နောက်ထပ် လန်ဒန် ဒါဘီ ပွဲစဉ် ဖြစ်လေ၏။ လန်ဒန်က အနီရောင်ဟု ပြောနိုင်ဖို့ Chelsea ကို အနိုင်ကစားပြဖို့ လိုမည် ဖြစ်၏။ သို့မှသာ နောက်က ဖိအားပေးနေသည့် Man City ကိုလည်း ထိန်းထားနိုင်မည် မဟုတ်ပါလား။

(photos from Premier League Page)

Saturday and then Super Sunday | Ecency