Round 29

Words
237
Reading
2 min
Listen
Play
7M

ဗုဒ္ဓဟူး၊ ကြာသပတေးနှင့် သောကြာနေ့များမှာ EPL Round 29 ပွဲစဉ်များ ကစားသွားဖို့ ရှိနေ၏။ နက်ဖြန်မှာ ပွဲစဉ် ၄ ပွဲ အရင်ကစားမည် ဖြစ်၏။ Bournemouth vs Brentford, EPL မှာ ၈ ပွဲဆက်တိုက် ရှုံးပွဲ မရှိသေးသည့် Bournemouth အနေဖြင့် ဒီကြားရက် ပွဲစဉ်မှာ Brentford နှင့် တွေ့ဆုံနေခဲ့၏။ Brentford က အဆင့် ၇၊ Bournemouth က အဆင့် ၁၀ မှာ ရပ်တည်နေ၏။ နှစ်သင်းလုံး ထူးထွေ အမှတ် လိုနေတာမျိုးတော့ မဟုတ်ပေ။ သို့ပေမဲ့ Brentford အနေဖြင့် ဥရောပ ပွဲစဉ်တွေ ဝင်ရောက် ယှဉ်ပြိုင် ကစားခွင့် မျှော်လင့်လို့ရသည့် အခြေအနေမှာ ရှိနေတော့ နည်းနည်း အားစိုက်ကစားလာနိုင်၏။ Bournemouth အနေဖြင့်လည်း ၉ ပွဲဆက် ရှုံးပွဲ မရှိ မှတ်တမ်းမျိုး တင်နိုင်ဖို့ ကြိုးစား လာနိုင်၏။

မနှစ်က ရာသီသိမ်းခါနားနီးမှ ရလဒ်တွေ ပြန်လည်ကောင်းမွန်ပြီး အဆင့် ၁၃ နေရာနဲ့ ပန်းဝင်ခဲ့သည့် Everton အသင်း အနေဖြင့် ဒီရာသီမှာတော့ ထိုအဆင့်ထက် ပိုသည့် နေရာမှာ ရပ်တည်နေခဲ့၏။ အဆင့် ၇ က Brentford နှင့် ၃ မှတ်အကွာ ရမှတ် ၄၀ ဖြင့် အဆင့် ၈ နေရာမှာ ရပ်တည်နေ၏။ Everton အနေဖြင့် အဆင့် ၁၉ နေရာက Burnley အသင်းနှင့် တွေ့ဆုံလို့ နေ၏။ မဖြစ်နိုင်တော့ဘူး ဆိုပေမဲ့ လုံးဝကြီး မျှော်လင့်ချက်မဲ့နေတာမျိုး မဟုတ်လို့ Burnley တို့ ရသလောက်တော့ ကြိုးစားကစားသွားဖို့ ရှိနေ၏။ လက်ကျန် ပွဲစဉ်တွေမှာ တန်းဆင်းဇုန်က လွတ်ဖို့ လိုအပ်တဲ့ အမှတ်တွေ အရယူနိုင်မယ်ဆိုရင်တော့ EPL မှာ ဆက်လက် ကျန် ရှိနေနိုင်ပါသေး၏။

တန်းတက် နှစ်သင်း Leeds vs Sunderland တို့၏ တွေ့ဆုံနေမှုကလည်း စိတ်ဝင်စားဖို့ ကောင်းနေ၏။ ပထမကျော့ Sunderland ကွင်းမှာတုန်းက တဖက် ၁ ဂိုးစီဖြင့် သရေကျထား၏။ ရာသီဝက်ထိ ခြေစွာခဲ့သည့် Sunderland တို့ ပန်းဝင်ခါနားနီးမှ ခြေစွမ်းအားဖြင့် အနည်းငယ် ယိမ်းယိုင်လို့ လာခဲ့၏။ နှစ်သင်းလုံး အမှတ်လိုအပ်ချက်ရယ်လို့ ကြီးကြီးမားမား မရှိပေမဲ့ တန်းတက်ချင်း ဘယ်သူ ပိုကောင်းလဲ အကြိတ်အနယ် ကစားသွားဖို့ ရှိနေ၏။

နောက်ပိုင်း ပွဲစဉ်တွေမှာ ခြေစွမ်းပြန်ပြပြီး ရလဒ်ကောင်းတွေရနေသည့် Liverpool အနေဖြင့် ဇယား အောက်ဆုံးက Wolves နှင့် ယှဉ်ပြိုင်သွားဖို့ ရှိနေ၏။ ဇယား အောက်ဆုံးသာ ရောက်နေပေမဲ့ အိမ်ကွင်းမှာ ဆိုရင် အသင်းကြီးတွေကို ဒုက္ခ ပေးလေ့ ရှိသည့် အသင်း ဖြစ်၏။ အဆင့် ၁ က ဆင်ပျံကြီးကို ပြီးခဲ့သော တပတ်ကျော် အိမ်ကွင်း ပွဲစဉ်မှာ ၂-၂ သရေ ကစားထားခဲ့၏။ လာမယ့် ရာသီ ဥရောပပြိုင်ပွဲ ကစားခွင့် အတွက် ကြိုးစားနေသည့် Liverpool အတွက် Wolves က အတားအဆီးတခု အခက်အခဲ တခု ဖြစ်လာနိုင်၏။ Liverpool ဖြတ်ကျော်နိုင်မလား ကတော့ စောင့်ကြည့်ရပေလိမ့်မည်။

အမှတ်‌ဇယား အဆင့် ရပ်တည်ချက် အပြောင်းအလဲတွေ ဖြစ်ပေါ်လာမလားကတော့ စိတ်ဝင်စားစရာပင်။ ကြားရက် ပွဲစဉ်တွေမှာ အသင်းကြီးချင်း တွေ့ဆုံသည့် ပွဲစဉ်မျိုးတွေ မပါဝင်ပေမဲ့လည်း ကြည့်ကောင်းသည့် ပွဲစဉ်တွေတော့ ပါဝင်နေပါသေး၏။

(photos from Premier League Page)

Round 29 | Ecency