Rejected

Words
145
Reading
1 min
2y
Listen to this post
~1 min

တရက်က ကျနော် ရေးဖူးသည့် Drago Evolution အကြောင်းလေး update လုပ်ပေးချင်ပါ၏။ Level 2 ရောက်ရင် 2.5 Tons ရမယ် ဆိုတဲ့ ဟာလေးပေါ့။ Level 2 ရောက်ရာက်ချင်း withdrawal request လုပ်ထားလိုက်၏။ ၁ ရက်ကနေ ၃ ရက်အတွင်းဆိုတော့ စောင့်ရုံပေါ့။ စောင့်နေရင်း သူ့ရဲ့ announcement channel မှာ သွားဖတ်ကြည့်တော့ သူတို့က level 2 ရောက်သူတိုင်းကို မပေးဘူးတဲ့လေ။ သူတို့ သတ်မှတ်ထားတဲ့ ဘာညာ စည်းမျဉ်းတွေနဲ့ ကိုက်ညီတဲ့သူမှတဲ့လေ။ အားမနာတမ်း ပြောရရင်တော့ သူတို့ ပေးချင်တဲ့သူကိုမှ ပေးမယ် ဆိုတဲ့သဘောပေါ့လေ။

ဘယ်တတ်နိုင်မလဲ ကံပဲပေါ့ဆိုပြီး စောင့်ရုံသာ။ တခါတလေ refer ခေါ်သူတွေက ရယ်ရသား။ အားလုံးကိုပဲ ပေးသလိုလိုနဲ့ ပြောကြ၏။ တကယ်ဆို အတိအကျလေးတော့ ပြောပြသင့်၏။ ငါ လူရရင် ပြီးရော ဆိုတာမျိုးက သိပ်တော့ မဟုတ်ပေ။ Drago Evolution ကိုယ်၌ကကော ဘာမှ မထူးပေ။ အစပိုင်း လူနည်းနေတုန်းကတော့ တကယ် ပေးပေလိမ့်မည်။ လူလည်း များလာရော ရွေးချယ်ပြီး ပေးတာပါဆိုပြီး ပြောလာခဲ့၏။

Level 2 ကနေ 3 ကို ရောက်မယ် ဆိုရင်တော့ 3 Tons ရမည် ပြောထားသေး၏။ ခုတိုင်းဆိုရင်တော့ သိပ်ပြီး မျှော်လင့်ထားဖို့ မဖြစ်နိုင်တော့ပေ။ သူတို့ကတော့ level တဆင့်ကနေ တဆင့်ကို သွားချိန်မှာ Tons မရခဲ့ရင်လည်း NFT မှာ တနည်းအားဖြင့် ဥ ကနေ နဂါး ပြောင်းသွားချိန်မှာ NFT card အနေနဲ့ ရောင်းဝယ်ပြီး reward ရနိုင်ကြောင်း ထပ်မံ ပြောထား ပြန်သေး၏။

ကိုယ်ကလည်း လုပ်မိ လက်စ ဖြစ်နေခဲ့ပြီမို့ ဆက်တော့ လုပ်နေပါဦးမည်။ တတောက်တောက် မနှိပ်နေဘဲ စကတည်းက Auto farming ကိုပဲ ရွေးပြီး upgrade လုပ်ခဲ့တာဆိုတော့ သတိရချိန် ဝင်နှိပ်ပြီးတော့သာ ဖြည်းဖြည်းချင်း စုပါတော့မည်။ level 3 ရောက်ချိန် ထုတ်ကြည့်လို့ ရခဲ့ရင်လည်း ကောင်းတာပေါ့လေ။

Rejected | Ecency