တရား မဝင် အဖွဲ့ အစည်းဆို
လေလှိုင်းပေါ်က
အမည်ပျက် အဖွဲ့ပါဆို
နို့... အဲ့ဆို
ဘာလို့ အရေးတယူ
အဖက် လုပ်နေတာလဲ
သူတို့ နေရာကို သိချင်လို့ပဲ ဆိုဆို
ပြည်သူတွေ မကြည့်ရအောင်လို့ပဲ ဆိုဆို
ငါတို့ ဒီလိုတွေ လုပ်လို့ရ လုပ်နိုင်ပြီပဲ ဆိုဆို
ဘယ်လောက် ဆိုဆို မရွှဲရတဲ့ အဖြစ်
ပြည်သူတွေက တံတွေးတောင်
လှည့် မထွေးချင်လောက်အောင်
ရွံရှာနေကြတာလေ
ကမ္ဘာမှာ
တံတွေးတောင် မစိုတဲ့
အစိုးမရတဲ့ အစိုးရက
ဒင်းတို့ပဲ ရှိမယ်
မင်းတို့ဟာက
ရယ်တော့ ရယ်ရသား
၃၁ ဘုံမှာ
စောက်ရှက် မရှိဆုံး
စောက် မျက်နှာပြောင် အတိုက်ဆုံး
စောက် အထင်ကြီးဆုံး
အဖွဲ့ပြပါဆို
မင်းတို့ ပဲ ရှိတယ်
က ချင်တာလည်း
နှစ်ယောက် မရှိ
ပွဲ စီစဉ်ပြန်တော့
ကြည့်မယ့်သူက မရှိနဲ့
အဲ့ကျတော့ အဲ့ကျတော့နဲ့
ကျကျလာတာများ
အဝီစိ ရောက်ဖို့
လက် သုံးလုံး အလို
စောက်ရူးတွေကိုပဲ
ဘုံမြှောက်မယ့်
စောက်ပေါကြီးတွေကလည်း ရှိတာကိုး
တိုင်းပြည်နဲ့လူမျိုးကို
ဘယ်တော့မှ
သစ္စာ မဖောက်လို့
သစ္စာတွေ ဆိုဆိုပြီး
အဘသာလျှင် ကိုးကွယ်ရာ
လုပ်နေတဲ့
ခေါင်းပါပေမယ့်
ဦးနှောက် မရှိ၊ မသုံးတဲ့ ကောင်တွေကြောင့်
အဘတို့ ခုထိ ခုံပေါ် ထိုင်နေရ
(မကြာမီ ခွေးကျ ကျ၊ ခွေးသေ သေမှာ)
ဘာတဲ့
မင်းသား မလုပ်ရမှတော့
ပတ်မကြီး ဖောက်မယ် ပေါ့
ဖျက်ဆီီးတာက လွဲလို့
ဘာမှ မလုပ်တတ်တဲ့ကောင်က
တိုင်းပြည်ကြီးကို
တည်ဆောက် ကယ်တင် မတဲ့
အဟတ်
မွေးကတည်းက ပါလာတဲ့
သန္ဓေယုတ်နဲ့
ကျနော်တို့ နောက်မှာ
သန်း (၄၀) သော ပြည်သူတွေ ရှိတယ်တဲ့
အဟတ် (ဒုတိယမ္ပိ)
မြန်မာ ပေါကားတဲ့လား...
မိအောင်လှိုင်ရဲ့
စိကောင်စီထက်
ပေါလို့လား ပေါနိုင်လား
အဘတို့က
မင်းတို့ သဘောတူညီချက်နဲ့
သက်တမ်းတိုးထားတာလား
ပြီး မင်းတို့က
မင်းတို့ သဘော အတိုင်းလား
ဒါမှမဟုတ်
အဘ သဘောအတိုင်း
အဘ အလိုကျက
ခု တိုက်ပွဲတွေကို
ဆင်နွှဲနေတာလား
မင်းတို့ ပြောပြောနေတဲ့
တရားသော စစ်က ဘယ်မှာလဲ
မင်းတို့က
ဘယ့်သူ့ အတွက်
ဘာကို တိုက်နေတာလဲ
အဘ သရဏံ ဂစ္ဆာမိလို့
ခွေးသေ ဝက်သေ
သေတဲ့ အထိ ဆိုနေကြမှာလား
အမျိုးဘာသာ သာသနာအတွက်တဲ့
အဟတ် (တတိယမ္ပိ)
အမှန်တော့
အဘ သာသနာ၊ အဘ အာဏာအတွက်
စတေးခံ နေရတာ
ခုထိ မသိနိုင်ကြသေးတာကို
အံ့သြမိ သို့ပေမယ့်
မသနားမိ
ပြည်သူတွေ တားပေမယ့်
အဘ နှင့်အတူ
သေရွာသွား
အဝီစိ လားမည်ဆိုလျှင်တော့လည်း
မတတ်နိုင်ပေ
မွဲချင်သည့်ခွေး
ပြာပုံတိုး (မကြောက်) မလား
ရဲဘော်တို့ စိုက်သည့်အတိုင်း
ရိတ်သိမ်း နိုင်ပါစေလို့
ဆုတောင်း ပေးရင်း...
ရှူး... ရှူး... သွား
အာဏာရူး... ထွက်သွား
#CivilDisobedienceMovement
#JusticeForMyanmar
#RejectMilitaryCoup
#FightForDemocracy
#SaveMyammar
#HearTheVoiceOfMyanmar