မပျော်
မပျော်ရတာ တော်တော်ကြာပြီ
Feb (1) ရက်ကစ
နေ့စဥ် ရက်ဆက်ပဲ
တပေါင်း လပြည့်နေ့ တဲ့
ငါတို့
တပေါင်းတစည်းထဲ ရှိကြပါရဲ့
ဒါပေမယ့်
အသက်တွေကိုတော့
မကယ်နိုင်ခဲ့ဘူး
ဇာတ်တူသား ကြိုက်တဲ့
လက်နက်ကိုင် အကြမ်းဖက်တွေကြောင့်
ဘဝတွေ ပြိုကွဲ ဖရိုဖရဲ ဖြစ်ရပြီ
တပ်မတော် နေ့ကို
တပ်မတော် ကိုယ်တိုင်က
ဖျက်ဆီး လိုက်ပါပြီလေ
တော်လှန်ရေးနေ့ကို ပုံဖျက်
တပ်မတော်နေ့ ခေါင်းစဥ် တပ်
ဒီနေ့မှာ ရက်ရက်စက်စက်
သတ်ပြလိုက်တာများ
ဟင်...
ဒါ မြန်မာ့ တပ်မတော် ဟုတ်လား
တပ်မတော်ဟာ
ခုခါမှာတော့
ပြည်သူတွေ မုန်းတဲ့
အကြမ်းဖက် အစွန်းရောက်
အဖွဲ့အစည်း ဖြစ်သွားခဲ့လေပြီ
ပြည်သူဟာ
သူတို့ အတွက် ရန်သူကြီးကို ဖြစ်လို့
ပြည်သူကို သတ်ဖြတ်
အောင်ပွဲခံ ပျော်ကြပေါ့
မင်းတို့ သေတဲ့အခါလည်း
ငါတို့ ပျော်ပေးပါ့မယ်
အားရပါးရကို ပျော်ပေးပါ့မယ်
စိုက်တဲ့အတိုင်း ရိတ်သိမ်း နိုင်ကြပါစေ။
ရှူး... ရှူး... သွား
အာဏာရူး... ထွက်သွား
#CivilDisobedienceMovement
#JusticeForMyanmar
#RejectMilitaryCoup
#FightForDemocracy
#SaveMyammar
#HearTheVoiceOfMyanmar