နေ့ မစဉ်နိုင်

Words
94
Reading
1 min
Listen
Play
5M

ဒီရက်ပိုင်း စာကောင်းကောင်း မရေးဖြစ်။ ရေးစရာ အကြောင်းအရာတွေ ရှိပေမဲ့ မအားတာနဲ့ မရေး ဖြစ်နေပေ။ ရေးစရာ ရှိတယ် ဆိုပေမဲ့ အများကြီး ရှိနေတာမျိုးတော့ မဟုတ်ပေ။ လိဂ်ပွဲစဉ်များ မရှိဘဲ နိုင်ငံတကာ ပွဲစဉ်များသာ ရှိသည်မို့ ဘောလုံးပွဲ အကြောင်းကလည်း ရေးစရာ နည်းလို့နေ၏။ ပြီး ဒီရက်ပိုင်းက သိပ်မအားပေ။ ရှေ့ရက်တွေက ပြောထားသည့် အတိုင်း ပြိုင်ပွဲ ကိစ္စတွေနဲ့ မအားမလပ် ဖြစ်နေ၏။

ရန်ကုန်က နည်းပြနဲ့ ကစားသမားတွေ ရောက်နေသဖြင့် စားရေး သောက်ရေး သွားရေး လာရေး လိုက်လုပ်ပေးနေရတာနဲ့ ယခင်လောက် မအားလပ်နိုင်ပေ။ ယခုပြိုင်ပွဲက ကိုယ်တွေ အတွက် အရေးကြီး၏။ ရှေ့ရက်တွေက ပြောခဲ့သည့် အတိုင်း Quarter Final List ရောက်မှသာ League ကစားခွင့်ရမည် ဖြစ်၏။

မနက်၊ နေ့လည်၊ ညနေ တခါတလေ တနေကုန် နီးပါး သူတို့နှင့် အချိန်ကုန်သွားလေ့ ရှိ၏။ ဧည့်သည်တွေဆိုတော့ နယ်ခံ ရှိနေမှလည်း အဆင်ပြေမည် မဟုတ်လား။ ဒါတောင် ကိုယ် တယောက်ထဲ မဟုတ်လို့ တော်သေး၏။ အသင်းက အခြား စီနီယာ ကစားသမားများက တလှည့်စီ ပို့ကူ နေကူ သွားကူ ပေး၏။
ပြိုင်ပွဲ ပြီးမှပဲ ပိုစ့် ပုံမှန် ပြန်တင် ဖြစ်မယ် ထင်ပါရဲ့။

နေ့ မစဉ်နိုင် | Ecency