We Draw

Words
220
Reading
1 min
1M
Listen to this post
~1 min

ထင်မှတ်ထားသည့်အတိုင်း Everton က United ကို ဒုက္ခ ပေးသွားခဲ့လေပြီ။ ရှုံးများ ရှုံးမလား စိတ်ပူခဲ့ပေမဲ့ သရေကျသွားခဲ့၏။ ဒါပေမဲ့ သရေကလည်း ရင်ခံရသည့် သရေရလဒ် ဖြစ်၏။ နောက်ဆုံး မိနစ်ကြမှ ချေပဂိုး ပြန်ပေးလိုက်ရသည်ကိုး။ တကယ့်ကို နောက်ဆုံး မိနစ်မှ ဖြစ်၏။ အဆိုပါ ထိုးဖောက်မှုကို ကာကွယ် လိုက်နိုင်ရင်ကို ရပြီ။ အဲ့ တလုံးကို ကာနိုင်လိုက်ရင် အနိုင် ရလဒ်နဲ့ ပွဲပြီးပြီ။

Everton က အိမ်ကွင်း အားသာချက်နဲ့ United ကို ဖိအားပေး ကစားခဲ့၏။ ဦးဆောင်ဂိုးကို United အရင် ရ၏။ ၄၆ မိနစ်မှာ Mbeumo က သွင်းယူခဲ့ခြင်း ဖြစ်၏။ ၈၃ မိနစ်မှာ Everton က ချေပဂိုး သွင်း၏။ ၈၈ မိနစ်မှာ လူစားဝင် တိုက်စစ်မှူး Sesko က ဦးဆောင်ဂိုး သွင်းယူ၏။ ၁-၂ နဲ့ ပြီးပြီ ကိုယ်တွေ နိုင်ပြီပေါ့။ နာကျင် အချိန်ပို ၅ မိနစ် ပေး၏။ ၅ မိနစ် အထိ ရောက်လာပြီ ကိုယ်တွေလည်း တောင့်ခံ ကာကွယ် ထားပြီ ဒါပေမဲ့ နောက်ဆုံး ထိုးဖောက်မှုကနေ Everton တို့ ဂိုးရသွား၏။

စကတည်းက သရေကျနေတာ မဟုတ်ဘဲ ကိုယ်က ဦးဆောင်ထားပြီးမှ ချေပဂိုး ပြန်ပေးလိုက်ရခြင်း ဖြစ်၏။ ပြီး United ၏ signature ဖြစ်သည့် နောက်ဆုံး မိနစ် နောက်ဆုံး စက္ကန့်မှာမှ ချေပဂိုး ပြန်ပေးလိုက်ရသောကြောင့် ဖြစ်၏။ ၃ ပွဲ ကစားပြီး ၄ မှတ်နဲ့ အဆင့် ၁၁ နေရာမှာ ရပ်တည်နေ၏။ ဒီနောက်တန်းနဲ့ UCL မှာ မည်သို့များ ကစားမည်နည်း။ တွေးရင်း ရင်မော မိပါ၏။

Super Sunday ၏ အကောင်းဆုံး ပွဲစဉ်ဟု ဆိုရမယ့် Arsenal vs Chelsea ပွဲစဉ်မှာတော့ Arsenal က ၂-၁ ဖြင့် အနိုင်ရသွား၏။ ကွင်းလယ် ကစားသမားတွေ အဖြစ် အောင်မြင်မှုတွေ ရယူနိုင်ခဲ့သည့် စပိန် နည်းပြ နှစ်ယောက် တွေ့ဆုံမှုက စိတ်ဝင်စားဖို့ အတော်လေး ကောင်းခဲ့၏။ Chelsea နည်းပြသစ် Xabi Alonso အတွက် စာမေးပွဲ ဖြစ်သလို Arsenal နည်းပြ Arteta အတွက်လည်း နောက်ထပ် အရည်အချင်း စစ်ဆေးသည့် ပွဲ ဖြစ်၏။

ပွဲစပြီး ၂ မိနစ်မှာ အလစ်အငိုက် ဖမ်းပြီး Chelsea က ဦးဆောင်ဂိုး စတင် သွင်းယူသွား၏။ ၂၅ မိနစ်မှာ Arsenal ချေပဂိုး ပြန်သွင်းပြီး ၁-၁ နဲ့ ပထမပိုင်း ပြီးသွားခဲ့၏။ ဒုတိယပိုင်း ၅၀ မိနစ်မှာ Arsenal တို့ ဦးဆောင်ဂိုး သွင်းယူ၏။ ထိုဂိုးကို Chelsea တို့ ချေပနိုင်ခြင်း မရှိတော့ သဖြင့် ၂-၁ ဖြင့် အရှုံးပေးလိုက်ရ၏။ ၃ ပွဲကစား ၃ ပွဲနိုင်ဖြင့် Arsenal တို့ အဆင့် ၂ နေရာမှာ ရပ်‌တည်နေ၏။

(photos from EPL page)

We Draw | Ecency