ွှလွှတ်ချခြင်း အနုပညာ

Words
68
Reading
1 min
8y
Listen to this post
~1 min

FB_IMG_1527335451652.jpg

လွှတ်ချခြင်း အနုပညာ

........... ........... ...........

ဒီနေ့
လေဖိအားနည်းရပ်ဝန်း
ရှိတယ်
ဘယ်မှာလည်းမမေးနဲ့
မုတ်သုန်တွေ မြှောက်ထိုး
ပင့်ကော် လုပ်ခဲ့ပါက
မုန်တိုင်း အဖြစ်သို့ ကူးပြောင်းမယ်

အိပ်ပျက်နေပါတယ်ဆိုမှ အိပ်မက်ကောင်းရဲ့လားတဲ့

ဒီနေ့တိုက်တဲ့လေထဲမှာ သတိရမှုရနံ့တွေပါတယ်
ငါ့နှလုံးသားခံတပ် ကျရှုံးနေပြီ

အိမ်အပြင်မှာ မိုးရွာနေတာ ငါသိသားပဲ
မိုးရေထဲနှစ်လိုက်ယုံနဲ့ ငါ့နှလုံးသား လန်းဆန်းသွားမှာမှမဟုတ်ဘဲ

ခုငါ တောင်းဆိုမိနေတာက အလည်လွန်နေတဲ့ အိပ်စက်ခြင်းတွေ ငါ့ဆီပြန်လာဖို့ပဲ

နားလည်မှုမပေးနိုင်တဲ့
နေရာမှာ
လာရှင်သန်မိတဲ့ ငါကကို မှားတာပါ

ခင်မင်မှုက အနိုင်လိုချင်တယ်
ချစ်ခြင်းက ရက်စက်တယ်
ငါ့နှလုံးသားကို ငါ ကြိုးပေး လိုက်တယ်

ကဲ အားလုံး
အဟောသိကံ ....

သိဟ် (သုတ)

ကျတော်၏ ကဗျာ ကလောင် အမည်မှာ သိဟ် (သုတ) ဖြစ်၏။

Life_Meaning-20ad1c9e-10a6-36df-8519-5fb1730dd6eb.jpg
photo from ZEDGE

Don Jaun

MSC 31

ှ
်

ွှလွှတ်ချခြင်း အနုပညာ | Ecency