Here We Go

Words
242
Reading
2 min
Listen
Play
1y

နောက်ဆုံးမှာတော့ Bryan Mbeumo တယောက် Man United ကို တကယ်ရောက်ပါပြီတဲ့။ Matheus Cunha ပြီး နောက်ထပ် ခေါ်ယူလိုက်တဲ့ ကစားသမား ဖြစ်ပါတယ်။ Brentford အသင်းက Cameron လက်ရွေးစဉ်ကစားသမား Mbeumo ကို United အနေနဲ့ ပေါင်သန်း 70 ဝန်းကျင်ဖြင့် သဘောတူညီမှု ရခဲ့ပြီလို့ ပြောပါတယ်။ ရောက်ဦးမှပဲ ဒီအပြောင်းအရွှေ့က အတော်လေးအချိန်ကြာခဲ့တာကိုး။ မသိရင် မုဆိုးမလေး မဂင်္ဂါ ဇာတ်လမ်း လိုပဲ။

စိတ်ဝင်စားတဲ့ အဆင့် စောင့်ကြည့် အခြေအနေမှာ ကြာနေတာ မဟုတ်ဘဲ ခေါ်ယူဖို့ ပြောဆိုချိန်မှာ ပြောင်းရွှေ့ကြေးကြောင့် အချိန်တွေ ခုလို ကြာသွားတာပါ။ United fan တွေ ကိုယ်တိုင်တောင် စိတ်မရှည်တဲ့ အပြောင်းအရွှေ့ တခု ဖြစ်သွားခဲ့ပါတယ်။ အမြင်ကတ်လာလို့ကို မရောင်းပေးနေတော့နဲ့ဗျာ ဆိုပြီး Brentford အသင်းကို သွားပြောချင်စိတ်တွေ ပေါက်လာရော။ နောက်ဆုံးမှာ United ဘက်ကနေ Brentford အသင်း တောင်းဆိုထားတဲ့ ပြောင်း‌ရွှေ့ကြေးအတိုင်း ပေးဖို့ ဆုံးဖြတ်လိုက်လို့ သဘောတူညီမှု ရသွားတာ ဖြစ်ပါတယ်။

‌ဒါတောင် တကယ်ကော စိတ်ချရပါ့ မလားပေါ့။ Fabrizio Romano ကိုယ်တိုင် Here We Go ဆိုပြီး တင်ထားတာမို့ သေချာမှာပါလေ။ ပေါင် 65 သန်း၊ အပို 5 သန်း ကို အရစ်ကျ 4 ကြိမ် ပေးချေသွားမယ်လို့ နောက်ဆက်တွဲ အနေဖြင့် ထပ်မံ သိရှိရပါတယ်။ United တိုက်စစ် အတွက်ကတော့ အထိုက်အလျောက် အဆင်ပြေပြီလို့ ဆိုရမယ် ထင်။ နည်းပြ Amorim တယောက် EPL က ကစားသမားတွေကိုပဲ ခေါ်ယူပြီး အသင်းကို ပုံစံ တမျိုးနဲ့ တည်ဆောက်ဖို့ ကြိုးစားနေတယ် ထင်ပါရဲ့။

EPL ပြင်ပက ကစားသမားတွေအဖို့ EPL မှာ အခြေကျ ခြေစွမ်းပြနိုင်ဖို့က အနည်းနဲ့အများ အခက်အခဲ ရှိပါတယ်။ တခြား လိဂ်မှာ ကောင်းနေတယ် EPL ရောက်လာတယ် ခြေစွမ်းပျောက်သွားတယ် နောက်ထပ်လိဂ်က တခြားအသင်းကို ပြောင်းတယ်။ ဟော အဲ့မှကြ ခြေစွမ်းပြန်ပြ ကြပြန်ရော။ အဲ့လိုကြီးပါဆို။ မနှစ်က EPL ပြင်ပက ခေါ်ယူထားတဲ့ ကစားသမားအချို့က သိပ်အဆင်မပြေနေတော့ ဒီနှစ်မှာ EPL က ကစားသမားတွေနဲ့ စမ်းကြည့်တာ ဖြစ်မယ်။

ဘယ်က လာလာ ဘယ်က ခေါ်ခေါ် အသင်းနဲ့ အသားကျဖို့ အံဝင်ဖို့ ခြေစွမ်းပြဖို့သာ လိုသည် မဟုတ်လား။ တခြားအသင်းတွေမှာထက် စာရင် United မှာက ဖိအား ပိုများ၏။ Fan base တောင့်သည့် အသင်းမလား။ တချို့ ကစားသမားတွေ အဆိုပါ ဖိအားဒဏ်ကို မခံနိုင်ဘဲ အသင်းမှာ ခဏသာနေပြီး အသင်း ပြောင်းသွားကြရသည် အထိပင်။

တိုက်စစ်က စိတ်ချရပြီ ဆိုရင် ကွင်းလယ်နဲ့ ခံစစ်မှူး တယောက်လောက်တော့ ခေါ်စေချင်သေး၏။ ပြီးတော့ ဂိုးသမားပေါ့။ Sofascore ၏ ကိန်းဂဏန်း အချက်အလက်တွေ အရ ပြီးခဲ့သော EPL Rating အမြင့်ဆုံး top 5 ကစားသမား 5 ဦး ရှိခဲ့ပါတယ်။ Bruno က United ကစားသမား၊ ခု Cunha နဲ့ Mbeumo တို့ ထပ်ရောက်လာတော့ Rating အမြင့်ဆုံး 5 ဦးထဲက 3 ဦးက United ကစားသမားတွေ ဖြစ်လာပြီ ဆိုရမှာပါ။ ဒီနှစ်တော့ မျှော်လင့်လို့ရပြီ ထင်ပါရဲ့။

(photos from respective Facebook pages)

Here We Go | Ecency