Glory Glory Man United

Words
233
Reading
2 min
Listen
Play
2y

မနေ့ညက United ပွဲ ကြည့် ဖြစ်၏။ ရှားရှားပါးပါး ပွဲချိန်ပြည့် ကြည့် ဖြစ်သည့်ပွဲလည်း ဖြစ်ချေ၏။ United ပွဲ မကြည့် ဖြစ်တာ ကြာပြီ ကြည့်ဖြစ်တောင် အချိန် ခဏပဲ ကြည့်ဖြစ်တာမျိုး။ ပထမပိုင်း တပိုင်းလောက်သာ၊ ဒါမှ မဟုတ် ဟိုလုပ် ဒီလုပ်နဲ့ ကြုံမှပဲ ကြုံသလို ကြည့် လိုက်တာ၊ တခါတလေကျ ကြည့်နေရင်းနဲ့ အိပ်ပျော်သွားတာ မျိုးတွေလည်း ရှိချေ၏။

အသင်းက အရင်လို အရင်လောက် မကောင်းနေတော့ အရင်လို ထက်ထက်သန်သန်ကြီး အားပေး ကြည့်ရှုမယ် ဆိုသည့် စိတ်မျိုး မရှိ၊ မဖြစ်ပေါ်လာနေခဲ့တာ ကြာပြီ။ United ပွဲ ကြည့်နေရင်းက အိပ်ပျော်သွားသည် ဆိုတာမျိူးက မရှိသလောက်ပင်။ ခုလား ကြည့်နေရင်း အိပ်အိပ်ပျော်သွားသည့် ပွဲတွေ 3,4,5 ပွဲ မကတော့ပေ။ ဤမျှ ဖျော်ဖြေမှု ရသ ပေးစွမ်းနိုင်သည့် United ပင်။

မနေ့ညကတော့ မြန်မာစံတော်ချိန် ည 11 နာရီလည်း ဖြစ်နေတာနဲ့ ကြည့်မယ်ကွာပေါ့။ ကံကောင်းချင်တော့ မီးကလည်း ည 10 နာရီခွဲလောက်မှာ လာ၏။ အဆင်ပြေပြီ wifi တချက် စစ်ရမယ်။ မနေ့ ရှေ့တနေ့ ‌ ည ကတည်းက လိုင်းက မကောင်းနေပေ။ ခဏတဖြုတ် မကောင်းတာမျိုး မဟုတ်ပေ။ တရက်လုံးလုံး နီးပါး မကောင်းနေတာ ဖြစ်၏။ Wifi ရုံးကို လှမ်းမေးတော့ ထုံးစံအတိုင်း ဟို အကြောင်းပြ ဒီအကြောင်းပြနဲ့ပေါ့။

ကံ ထပ်ကောင်းချင်တော့ အင်တာနက် လိုင်းလည်း ပြန်ကောင်းနေ၏။ ကဲ ကြည့်ပြီပေါ့။ Arsenal နဲ့ဆိုတော့ ပွဲက ကောင်းမှာ။ ရလဒ်တွေ ဆိုးရွားနေသည့် United တို့ ယခု ပွဲမှာ အခြေအနေ ကောင်းနိုင်ပါ့မလားပေါ့။ ဘယ်လောက် အခြေအနေ ဆိုးနေပါစေ အသင်းကြီး အချင်းချင်းတွေ့ရင်တော့ United က တခုခု လုပ်ပြ နိုင်လေ့ ရှိ။ (ယခင်ကတော့ အသင်းကြီးပေါ့။ ခုတော့ အဆင့် 15 ရောက်နေသည့် ဖျက်မြင်း အသင်းလေး ဖြစ်နေခဲ့တာ ကြာပေါ့။)

ပွဲက မထင်မှတ်ထားဘဲ ကြည့်ကောင်းခဲ့၏။ United မှ ဟုတ်ပါလေစဟု ထင်မှတ်မှားရအောင် ကစားသွားပြခဲ့၏။ ဒါပေမယ့် အစဉ်အလာမပျက် သရေ ရလဒ်နှင့်သာ ပွဲပြီး သွားခဲ့၏။ သရေကျသည့် ပွဲတွေ အတော်များခဲ့ပြီ။ ပြီး ကိုယ်က ဦးဆောင်ဂိုး အရင်သွင်းထားပြီး ပြိုင်ဘက်က ချေပဂိုး ပြန်ပြန် သွင်းသွားတာ ခံခံနေရခြင်း ဖြစ်၏။ ရှေ့တန်းက ဂိုးရဖို့ ရုန်းကန်နေရပါတယ်ဆို နောက်တန်းက ဂိုးတွေ ပြန်ပြန် ပေးနေရ၏။

ယခု ပွဲမှာတော့ United က Arsenal ထက် ကစားပုံ ကစားကွက် ပိုကောင်းခဲ့၏။ အခွင့်အရေးလည်း ပိုရခဲ့၏။ အဆုံးသတ် မသေချာတာရယ်ကြောင့်၊ Arsenal ဂိုးသမား Raya လက်စွမ်းပြ ကာကွယ် နေတာကြောင့် United တို့ သရေ ရလဒ်နဲ့သာ ကျေနပ်ခဲ့ရ၏။ Fernandes ရဲ့ ဦးဆောင်ဂိုးကော၊ Rice ၏ ချေပဂိုးကော နှစ်ဂိုးလုံးက တကယ်ကို လှပသေသပ်လွန်းလှ၏။ သရေ ရလဒ်က နှစ်သင်းလုံး အတွက် မျှတသည့် ရလဒ်လို့ ဆိုရပေလိမ့်မည်။ United တို့ အဆင့် 15 မှ 14 နေရာသို့ တက်လှမ်းနိုင်ခဲ့ပြီး Arsenal ကတော့ အဆင့် 2 နေရာမှာပဲ ဆက်လက် ရပ်တည်နေ၏။

Glory Glory Man United | Ecency