Crdroid Rom (Chapter 6)

Words
268
Reading
2 min
Listen
Play
7y

IMG_486201.jpeg

ဘာလုပ်ရမယ်မှန်း မသိပေ။ သူငယ်ချင်းကလည်း ဆိုင်မှာ မရှိပေ။ ကိစ္စပေါ်လာလို့ ဆိုပြီး အပြင် သွားလိုက်၏။ တယောက်ထဲ တိုင်ပတ်နေပြီ။ recovery မှာတင် လည်နေတော့၏။ သို့နှင့် miui 10 base fastboot rom ကို ပြန်တင်ရ၏။ ပြီးမှ twrp သွင်း၊ china latest beta rom ကို ထပ် flash ရ၏။ boot ပေးတက်ပြီး crdroid ကို flash ၏။ ဒီတခါတော့ google app zip ကို မသွင်းသေးဘဲ boot ပေးတက်လိုက်၏။ မရပေ။ အစောက error ပဲပြ၏။ သို့နှင့် twrp ကနေ beta rom ကို ထပ် flash ၏။ အစောကလိုပဲ recovery ထဲပဲ ပြန်ဝင်သွား၏။ boot ကတော့ တက်မလာပေ။

အစောကလိုပဲ fastboot rom ပြန်သွင်း၊ twrp သွင်း၊ beta rom flash, crdroid flash ၏။ မရပြန်ပေ။ ထိုအစီအစဉ်တိုင်း (၃) ခေါက်လောက် ထပ်ခါထပ်ခါ လုပ်ဖြစ်၏။ သူငယ်ချင်း ပြန်ရောက်လာသည်အထိကို လုပ်မိနေ၏။ သူ ရောက်လာမှ သူ့ကို ခု ဖြစ်နေသည့် ပြဿနာကို ပြောပြတော့ beta rom သွင်းပြီး boot ပေး မတက်ဘဲ crdroid ကို flash ကြည့်ပါလား ဆို၏။ သို့နှင့် ကျနော်လည်း သူပြောသည့် အတိုင်း လုပ်ကြည့်တော့ ရသွား၏။ ထူးဆန်းပါပေ့ crdroid ရယ်။ boot ပေးတက်ခြင်း မတက်ခြင်းက အတော်လေး စကားပြောလေ၏။

Screenshot_20200325215207.jpg

boot တက်သွားပြီဆိုတော့ magisk ဆက်သွင်းဖို့ ပြင်ရ၏။ twrp ကနေပဲ flash ၏။ ရ၏။ သို့ပေမယ့် error, buff လေးတွေ ရှိနေပြန်၏။ custom rom မလို့ buff ရှိနေတာ မဆန်းပေမယ့် ခုက error ကတော့ အတော်လေးဆိုး၏။ တဖက်က Phone ခေါ်လာလျှင် ringtone သာ ကြားရပြီး ဘာမှ မမြင်ရပေ။ ကိုင်လို့ ရခြင်း မရခြင်းက အသာထား၊ ဘယ်သူ ခေါ်လဲ ဆိုတာကိုပင် မမြင်ရခြင်း ဖြစ်၏။ ringtone သံ ဆုံးမှသာ miss call အဖြစ် ဖော်ပြပေး၏။ ထိုအခါမှသာ ကိုယ်က ပြန်ခေါ်လို့ ရ၏။ အထွက်က ရ၏။ အဝင်ကိုက Miss call ပြနေခြင်း ဖြစ်၏။ ထူးဆန်းပါပေ့။

ထိုသို့ ဖြစ်နေခြင်းက buff ဖြစ်၏။ error ရှိနေခြင်း ဖြစ်၏။ ကျနော့်မှာ မည်သို့ လုပ်ရမည် မသိ ဖြစ်နေတော့၏။ သူကောင်း ဖြစ်မလားလို့ တရွာပြောင်းမှ သေချင်သည့် ကျား ဖြစ်နေခဲ့ပြီလေလားပေါ့။ ပိုစ့် ပိုင်ရှင်ကို လှမ်းမေးတော့ သူ့မှာတော့ မဖြစ်ဟု ဆို၏။ သို့နှင့် နောက်ရက်တွေမှာ ပေးမည့် update မှာများ ထို error ပျောက်သွားလေမလားပေါ့။ ထို custom rom က နေ့တိုင်း သို့မဟုတ် ရက်ခြား update ပေး၏။ အလာကြီးဟု ပြောလို့ ရ၏။

Update မရခင် တနေ့လုံး အဝင်ခေါ် အားလုံး Miss call တွေ ဖြစ်ကုန်၏။ ထိုနေ့ ညမှာ update ထပ်ပေး၏။ သို့နှင့် တင်ကြည့်လိုက်၏။ မနက်မှာ စမ်းကြည့်တော့ Miss call ကိစ္စ အဆင်ပြေသွား၏။ အခြား အဆင်မပြေမှု အသေးအမွှားလေးတွေ တွေ့ရပေမယ့် သုံးလို့တော့ အဆင်ပြေသွားပြီ ဖြစ်၏။ china rom မဟုတ် သဖြင့် တရုတ် စာတွေလည်း မတွေ့ရတော့ပေ။ အတော်လေး အဆင်ပြေသွား၏။ သုံးရတာလည်း အတော်လေး သွက်လက်၏။

ဆက်ပါဦးမည်

Don Jaun

Crdroid Rom (Chapter 6) | Ecency