Congratulations Arsenal

Words
172
Reading
1 min
Listen
Play
1M

မနေ့ည ၈ နာရီခွဲမှာ Arsenal vs Man City တို့၏ Community Shield ဗိုလ်လုပွဲစဉ် ကစားသွားခဲ့၏။ EPL ချန်ပီယံနှင့် FA Cup ချန်ပီယံတို့ ထပ်တိုက် တွေ့ဆုံကြသည့် ရာသီကြို ပြိုင်ပွဲ ဖြစ်၏။ Community Shield ကို ရာသီကြို အောင်မြင်မှု တခု အနေဖြင့် အလေးထားကြ၏။ ရာသီသစ်အတွက် မောင်းနှင်အားလည်း ဖြစ်စေသည် မဟုတ်လား။

Arsenal က Man City ကို ၃-၀ ဖြင့် ဂိုးပြတ် အနိုင်ရသွားခဲ့၏။ Arsenal အနေဖြင့် ပွဲအစ ၁ မိနစ်မှာတင် ဦးဆောင်ဂိုး စတင် ရရှိသွား၏။ ထို့နောက် ၂၈ မိနစ်နှင့် ၄၈ မိနစ်တွေမှာပါ ဂိုးတွေ ဆက်တိုက် သွင်းယူသွားခဲ့လေ၏။ Man City အနေဖြင့် ဘောလုံးပိုင်ဆိုင်မှု အသာ၊ ဂိုးသွင်းယူခွင့် အသာ ရရှိခဲ့ပေမဲ့ ချေပဂိုးလေး ၁ ဂိုးတောင် ပြန်မရခဲ့တာကတော့ အတော်လေး ဆိုးလှ၏။ ရာသီကြို အားပြိုင်မှုမှာ City တို့ အရေးနိမ့်သွားခဲ့ရ၏။

နည်းပြ အပြောင်းအလဲနဲ့ City အနေဖြင့် ယခင်လို ပုံစံကောင်းတွေ ပြသနိုင်ဖို့ အချိန်တော့ ယူရပေလိမ့်ဦးမည်။ Arsenal အနေဖြင့်‌ ဒီရာသီမှာလည်း မနှစ်ကလို စွမ်းဆောင်ရည်မျိုးတွေ ထုတ်ပြလာဖို့ ရှိနေ၏။ ပုံစံကောင်းတခု ရှိနေပြီးသားမို့ ထို ပုံစံကောင်းကို မွမ်းမံကာ ဆက်လက်ထိန်းထားနိုင်ဖို့ လိုမည် ဖြစ်၏။

ရှေ့ တရက်က ခြေစွမ်းပွဲမှာတော့ Man United အနေဖြင့် နည်းပြဟောင်း Amorim ကိုင်တွယ်သည့် AC Milan အသင်းကို ၂-၄ ဖြင့် ရှုံးနိမ့်သွားခဲ့ရလေ၏။ လက်ရှိ နည်းပြ Michael Carrick အနေဖြင့် ဒီရာသီမှာ ဘယ်လို ပုံစံနဲ့ စွမ်းဆောင်ပြ မလဲ ကလည်း စိတ်ဝင်စားဖို့ ကောင်းနေ၏။ ခြေစမ်းပွဲတွေ အလိုအရတော့ သိပ်ထူးခြားနေတာမျိုး မတွေ့ရပေ။ UCL ကစားခွင့်ရထားသည့် အသင်း တသင်း အနေဖြင့် ယခုထက် ပိုကောင်းသည့် အနေအထားကို ပြသနိုင်ဖို့ လိုမည် ဖြစ်၏။

Pep Guardiola မရှိတော့သည့် City အသင်းထက် ကိုယ့် အသင်းကို ပြန်တွေးပူနေရသေး၏။ Carrick က မကောင်းဘူးလို့ ဆိုလိုခြင်း မဟုတ်ပေမဲ့ လုံးဝကြီး စိတ်ချရသည့် နည်းပြမျိုးတော့ မဟုတ်သေးပြန်။ ဘာပဲပြောပြော EPL က ပြန်စတော့မှာ ဆိုတော့ စောင့်ကြည့်ရုံသာ။

(photos from Arsenal page)

Congratulations Arsenal | Ecency