Back to Top One

Words
231
Reading
2 min
Listen
Play
5M

Arsenal အသင်း အနေဖြင့် အိမ်ကွင်းမှာ New Castle အသင်းကို အနိုင်ရပြီး အဆင့် ၁ နေရာကို ပြန်လည် ရယူခဲ့၏။ အနိုင်ရသည်ဆိုပေမဲ့ ဂိုးရလဒ် အားဖြင့် ကျဉ်းမြောင်းလှ၏။ Arsenal အသင်း အတွက် ၁ လုံးထဲသော အနိုင်ဂိုးကို ပထမပိုင်း ၉ မိနစ်မှာ Eze က သွင်းယူပေးသွားခဲ့ခြင်း ဖြစ်၏။ ချန်ပီယံ ဖြစ်ဖို့ အနိုင်ရလဒ်က အရေးကြီးသလို ဂိုးလည်း လိုအပ်၏။ ရာသီ နောက်ဆုံးပွဲစဉ်အထိ City နှင့် အမှတ်တူနေမယ်ဆိုရင် ဂိုးရလဒ်က စကားပြောလာပေလိမ့်မည်။

၂၀၁၁-၁၂ ရာသီက Man United လို ဖြစ်နေမှာ စိုးရိမ်ရ၏။ ထိုစဉ်က အမှတ်တူ ဂိုးကွာခြားချက်ဖြင့် City တို့ ချန်ပီယံ ဖြစ်သွားခဲ့သည် မဟုတ်လား။ Arsenal အနေနဲ့ အနိုင်ရလဒ်အပြင် ဂိုးတွေကို ရရင် ရသလို သွင်းယူထားနိုင်ဖို့ လိုမည် ဖြစ်၏။ လက်ကျန် ပွဲစဉ်တွေက Arsenal အတွက်ကော၊ City အတွက်ကော အရေးပါလှ၏။ City အနေဖြင့် FA Cup Semifinals ပွဲစဉ် ရှိနေသောကြောင့် ဒီတပတ် EPL ပွဲစဉ်မရှိပေ။ ထို့ကြောင့် Arsenal တို့ ၁ ပွဲအသာ၊ ၃ မှတ် အသာနဲ့ အဆင့် ၁ နေရာကို ပြန်လည်လို့ ရယူသွားခဲ့လေ၏။

City အနေဖြင့် Southampton ကို ၂-၁ ဖြင့် အနိုင်ရပြီး FA Cup ဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့လေ၏။ ဒီနေ့မှာ နောက်ထပ် Semifinals ပွဲစဉ်အဖြစ် Chelsea vs Leeds တို့ ကစားသွားဖို့ ရှိနေခဲ့၏။

EPL အမှတ်ပေး ဇယားထိပ်ပိုင်းမှာ အနည်းငယ် အပြောင်းအလဲ ရှိခဲ့၏။ Aston Villa က Fulham ကို ၁-၀ ဖြင့် ရှုံးကာ အဆင့် ၅ နေရာသို့ ဆင်းသွားခဲ့၏။ Liverpool က Crystal Palace ကို ၃-၁ ဖြင့် အနိုင်ရပြီး အမှတ်တူ ဂိုးကွာခြားချက်နဲ့ Aston Villa ၏ အဆင့် ၄ နေရာကို ရယူသွားခဲ့လေ၏။

တန်းဆင်းဇုန် ရပ်တည်နေမှုမှာတော့ အပြောင်းအလဲ မရှိပေ။ Tottenham က Wolves ကို ၀-၁ နဲ့ နိုင်ခဲ့ပေမဲ့ West Ham ကလည်း Everton ကို ၂-၁ ဖြင့် အနိုင်ရခဲ့သောကြောင့် Tottenham တို့ တန်းဆင်းဇုန်မှာပဲ ဆက်လက်၍ ရှိနေခဲ့၏။ ၈၂ မိနစ်မှာ Tottenham တို့ Wolves ကို ၁ ဂိုးသွင်းထားချိန်မှာ West Ham ကလည်း ၅၁ မိနစ်မှာ သွင်းယူထားသည့် ဂိုးဖြင့် Everton ကို အနိုင်ရထား၏။ ၈၈ မိနစ်မှာ Everton တို့ ချေပဂိုး ပြန်သွင်းလိုက်တော့ West Ham တို့ အနေဖြင့် သရေရလဒ်ကြောင့် အမှတ်တူ ဂိုးကွာခြားချက်ဖြင့် တန်းဆင်းဇုန်ထဲ ရောက်သွားခဲ့၏။ သို့ပေမဲ့ ၉၀+၂ မိနစ်မှာ အနိုင်ဂိုး သွင်းယူပြီး အဆင့် ၁၇ နေရာကို ပြန်လည် ရယူသွားခဲ့လေ၏။ လက်ကျန် ပွဲစဉ်တွေထိ တန်းဆင်းဇုန် တိုက်ပွဲက ပြင်းထန်နေမှာ အသေအချာပင်။

(photos from Premier League Page)

Back to Top One | Ecency