How to Make Paper Pencil Holder

Words
32
Reading
1 min
Listen
Play
8y

Paper Pencil Holder

ဒီတစ်​ခါpencil holderပုံစံတစ်​မျိုး​လေးလုပ်​ဖြစ်​တာပါ။paper bowနှစ်​ခု၊့​ပန်းပွင့်​တစ်​ပွင့်​နှင့်​အလှဆင်​ထားတာဖြစ်​ပြီး၊အနား​ခြောက်​နားပါတဲ့ဆဌဂံပုံစံကတ်​ထူများနှင့်​တစ်​ဘက်​စီပုံ​ဖော်​ထားတာပါ။လိုအပ်​တဲ့ပစ္စည်း​တွေက​ရောင်​စုံစာရွက်​၊ခဲတံ၊​ပေတံ၊​ကော်​ဘူး၊ကတ်​​ကြေး၊ကတ်​ထူစက္ကူစသဖြင့်​လိုအပ်​တာပါ။ပြုလုပ်​ရမည့့်​အဆင့်​​တွေကအနား​ခြောက်​နားပါတဲ့ကတ်​ထူ​လေးခုဖြတ်​ရမယ်​။အတိုင်းအတာကို​တော့နှစ်​ခုစီတူညီ​အောင်​ဖြတ်​ပါ့မယ်​။ပြီး​တော့အလယ်​မှ​ကော်​ကပ်​ရန်​အပြာ​ရောင်​စာရွက်​နှင့်​ကတ်​ထူတစ်​ခုပြုလုပ်​မယ်​။ပန်းပွင့်​တစ်​ပွင့်​ပြုလုပ်​၍အရွယ်​တူpaper bowနှစ်​ခု​ခေါက်​ပါ့မယ်​။

img1531893587251.jpg

IMG_20180718_123209.jpg

ပထမဆုံးမှာ​တော့အနား​ခြောက်​နားပါတဲ့အရွယ်​တူကတ်​ထူနှစ်​ခုကိုဖြတ်​မှာပါ။ပြီး​နောက်​​ရောင်​စုံစာရွက်​နှင့်​ဖုံးအုပ်​​ကော်​ကပ်​မယ်​။ဆက်​လက်​ပြီးကတ်​ထူစာရွက်​ကိုတိုင်းတာဖြတ်​၍အပြာ​ရောင်​စာရွက်​နှင့်​​ကော်​ကပ်​မယ်​။ပြီး​တော့ခုနကဖြတ်​ထားတဲ့အနား​ခြောက်​နားပါကတ်​ထူကို​ဘေးနှစ်​ဘက်​မှာထား၍၊အပြာ​ရောင်​ကတ်​ထူစက္ကူကိုအလယ်​မှာထားကာ​ဘေးနှစ်​ဘက်​ကတ်​ထူအနား​တွေနှင့်​ညီညာစွာဆက်​လိုက်​ပါ့မယ်​။ဒီလိုဆက်​တဲ့အခါdouble tapeကိုအသုံးပြုလိုက်​ပါတယ်​။ဆက်​လက်​ပြီး၊​ဘေးဘက်​နှစ်​ဘက်​အနားများနှင့်​အလယ်​အနား​တွေကိုဖဲကြိုးများနှင့်​ပို၍ခိုင်​ခံ့လှပ​စေရန်​double tapeသုံးပြီး၊အနားကွပ်​လိုက်​ပါ့မယ်​။

IMG_20180709_173420.jpg

IMG_20180712_122319.jpg

ဆက်​လက်​ပြီးအ​ပေါ်မှာပြုလုပ်​ထားတဲ့အနား​ခြောက်​နားပါကတ်​ထူအရွယ်​အစားထက်​အနည်းငယ်​ကြီးပြီး၊ကတ်​ထူနှစ်​ခုထပ်​မံပြုလုပ်​ကာ​ဘေးတစ်​ဘက်​စီမှာ​ကော်​ကပ်​မှာပါ။

IMG_20180712_160030.jpg

ဆက်​လက်​ပြီးpaper bowနှစ်​ခုပြုလုပ်​ချင်​ပါတယ်​။ပြုလုပ်​နည်းကအ၀ါ​ရောင်​စာရွက်​ကိုအလျား၊အနံတူညီစွာဖြတ်​မယ်​။ပြီး​တော့အလယ်​မှ​ခေါက်​ချိုးမျဉ်းနှစ်​ခု၊​ထောင့့်​စွန်းမျဉ်းနှစ်​​ကြောင်းယူပြီး၊အတွင်းသို့​ခေါက်​လိုက်​မယ်​။ထို့​နောက်​​အောက်​​ခြေဘက်​​အစွန်းကိုအနည်းငယ်​​ခေါက်​တင်​ပြီး၊စက္ကူကိုပြန်​ဖြန့်​တဲ့အခါ​လေး​ထောင့်​ကွက်​ပုံစံ​ခေါက်​ချိုးမျဉ်းရရှိမှာပါ။ဒီ​ခေါက်​ချိုးမျဉ်းကိုညီညာစွာအတွင်းသို့စု၍​ခေါက်​မှာပါ။ပြီး​နောက်​ပုံမှာပြထားတဲ့အတိုင်းဆက်​လက်​​ခေါက်​မယ်​။နှစ်​ဘက်​စလုံး​ခေါက်​ရမှာပါ။စက္ကူ​ခေါက်​ကိုဖြန့်​လိုက်​တဲ့အခါပုံပါအ​နေအထားရရှိမှာဖြစ်​ပြီး၊​ဘေးဘက်​နှစ်​ဘက်​ကိုကတ်​​ကြေးဖြင့်​ဖြတ်​၍​ခေါက်​ချိုးလိုက်​ပါမယ်​။အခြား​ဘေးဘက်​အစွန်းနှစ်​ခုကိုအလယ်​သို့တစ်​ဘက်​စီမှ​ခေါက်​ပြီး၊ထပ်​မံ၍အလယ်​သို့​ခေါက်​ရပါမယ်​။ပြီး​နောက်​​အောက်​​ခြေဘက်​စက္ကူစကိုကတ်​​ကြေးဖြင့်​ဖြတ်​ကာပုံပါအတိုင်းပုံ​ဖော်​လိုက်​ပါ့မယ်​။ဒီနည်းအတိုင်းpaper bowနှစ်​ခုပြုလုပ်လိုက်​ပါတယ်​။

IMG_20180715_103218.jpg

IMG_20180715_103257.jpg

IMG_20180715_103359.jpg

IMG_20180715_103446.jpg

IMG_20180715_103547.jpg

IMG_20180715_104021.jpg

IMG_20180715_104304.jpg

IMG_20180715_104432.jpg

စက္ကူပန်းပွင့်​တစ်​ပွင့်​ပြုလုပ်​ပါမယ်​။ဒီပန်းတစ်​ပွင့်​မှာဆိုရင်​စက္ကူ​ခေါက်​ငယ်​​တွေကိုတစ်​ခုနှင့်​တစ်​ခုဆက်​ပြီး​တော့မှပုံ​ဖော်​တာပါ။ပထမဆုံးစက္ကူ​ခေါက်​ငယ်​များ​ခေါက်​၍​လေးခုစီဆက်​၍ပန်းပွင့်​ပုံပြုလုပ်​မယ်​။စုစု​ပေါင်းသုံးပွင့်​ပြုလုပ်​မှာဖြစ်​ပြီး၊ဒီပန်းပွင့်​သုံးပွင့်​ကိုပုံပါအတိုင်းစီ၍​ကော်​ကပ်​လိုက်​မယ်​။စက္ကူ​ခေါက်​နည်းက​တော့

IMG_20180712_120053.jpg

အလျား၊အနံတူညီတဲ့စာရွက်​ကိုအလယ်သို့အ​ပေါ်ဘက်​​ထောင့်​စွန်းနှစ်​ခုကို​ခေါက်​မယ်​။

IMG_20180712_120118.jpg

ဆက်​လက်​ပြီးပုံပါအတိုင်းအလယ်​မျဉ်းသို့တစ်​ဘက်​စီမှ​ခေါက်​မယ်​။

IMG_20180712_120155.jpg

ပုံမှာပြထားတဲ့အဆင့်​ထိ​ခေါက်​ပြီးရင်​​တော့စက္ကူ​ခေါက်​ကိုပြန်​ဖြန့်​ပြီးအဆင့်​ဆင့်​​ခေါက်​ရပါမယ်​။

IMG_20180712_120212.jpg

IMG_20180712_120242.jpg

IMG_20180712_120257.jpg

IMG_20180712_120327.jpg

IMG_20180712_120412.jpg

IMG_20180712_122513.jpg

Paper Pencil Holder

img1531893872665.jpg

Written by asterkame@asterkame
MSC-008
By my photos & made by me