How to Make Beautiful Accessories Box

Words
25
Reading
1 min
Listen
Play
8y

Beautiful Accessories Box

img1530552460159.jpg

ဒီတစ်​ခါပြုလုပ်​ဖြစ်​တာကaccessories boxတစ်​ခုပါ။boxပြုလုပ်​နည်းက​တော့ယခင်​ပြုလုပ်​နည်းနှင့်​ကွဲပြားပြီးပြုလုပ်​ထားတာပါ။လိုအပ်​တာ​တွေကပန်းစက္ကူ၊​ရောင်​စုံစက္ကူ၊ကတ်​​ကြေး၊​ကော်​ဘူး၊ခဲတံ၊​ပေတံစသဖြင့်​လိုအပ်​တာပါ။ပြုလုပ်​ရမည့့်​အဆင့်​​တွေကboxတစ်​ခုပုံ​ဖော်​မယ်​။အလှဆင်​ရန်​ပန်းပွင့်​များပြုလုပ်​မယ်​။ပြီး​တော့ကတ်​ထူတစ်​ခုထပ်​မံဖြတ်​ကာပုံ​လေး​တွေထည့်​လို့ရ​အောင်​frame​သေး​သေး​လေးတစ်​ခုပြုလုပ်​ရပါမယ်​။

IMG_20180702_233226.jpg

IMG_20180702_233209.jpg

IMG_20180702_233154.jpg

IMG_20180702_232957.jpg

IMG_20180702_233624.jpg

ဒီအဆင့်​မှာ​တော့ကတ်​ထူဘူးခွံတစ်​ခုကိုဖြတ်​၍ပုံ​ဖော်​ကာboxပြုလုပ်​ပါ့မယ်​။ဘူးခွံကိုပုံမှာမြင်​ရတဲ့အတိုင်းVပုံစံညီညာစွာနှစ်​ဘက်​စလုံးပုံ​ဖော်​မှာပါ။ပြီး​နောက်​​ခေါက်​ချိုးလိုက်​မယ်​။ထို့​နောက်​​ဘေးဘက်​အကာနှစ်​ခုအဖြစ်​ကတ်​ထူကိုတိုင်းတာဖြတ်​၍ကာလိုက်​ပါ့မယ်​။နောက်​တစ်​ဆင့်​မှာ​တော့ပန်းစက္ကူသုံး၍တစ်​ခုလုံးဖုံးကာ​ကော်​ကပ်​လိုက်​မယ်​။ပြီး​တော့​ထောင့်​စွန်းအနား​တွေကိုလည်း​ရောင်​စုံစာရွက်​ဖြင့်​အနားသပ်​​ကော်​ကပ်​မှာပါ။ပြုလုပ်​ပုံကိုပုံများနှင့်​ပြထားပါတယ်​။

IMG_20180604_110242.jpg

ဆက်​လက်​ပြီးပန်းပွင့်​ပြုလုပ်​ပါ့မယ်​။အ​ရောင်​နှစ်​မျိုးနှင့်​ပန်းပွင့်​များပြုလုပ်​မှာပါ။ပထမဆုံးပန်း​ရောင်​နှင့်​အပြာ​ရောင်​အရွယ်​တူစက်​၀ိုင်းများဖြတ်​လိုက်​မယ်​။ပြီး​တော့အလယ်​မှ​ခေါက်​ချိုးမယ်​။စက္ကူ​ခေါက်​များကိုအ​ရောင်​တစ်​ခုချင်းစီခြား၍​ကော်​ကပ်​မှာပါ။စက်​၀ိုင်းပုံကတ်​ထူတစ်​ခုဖြတ်​ပြီး၊အဲဒီအ​ပေါ်မှာစက္ကူ​ခေါက်​ကိုဖြန့်​လိုက်​ပါ့မယ်​။အ​ရောင်​နှစ်​မျိုးနှင့်​ပန်းပွင့်​များရရှိမှာဖြစ်​ပြီး၊စုစု​ပေါင်းပန်းပွင့်​ငါးပွင့်​ပြုလုပ်​လိုက်​ပါ့မယ်​။

IMG_20180604_105425.jpg

IMG_20180604_110758.jpg

IMG_20180604_110033.jpg

IMG_20180604_114956.jpg

ကတ်​ထူတစ်​ခုကိုဖြတ်​ပါဦးမယ်​။boxရဲ့​ကျောဘက်​မှာကပ်​ထားရန်​ဖြစ်​ပါတယ်​။ကတ်​ထူကိုboxအရှည်​နှင့်​အညီတိုင်းတာဖြတ်​၍အ​ပေါ်ဘက်​​ထောင့်​စွန်းနှစ်​ဘက်​ကိုအနည်းငယ်​၀ိုက်​၍ဖြတ်​မှာပါ။ပြီး​တော့ပန်းစာရွက်​နှင့်​​ကော်​ကပ်​မှာပါ။ဆက်​လက်​ပြီးအဲဒီကတ်​ထူ​ပေါ်မှာပုံ​လေး​တွေထည့်​လို့ရ​အောင်​frameတစ်​ခုပြုလုပ်​ပါ့မယ်​။ပြုလုပ်​မှာကကတ်​ထူကိုပုံစံနှစ်​မျိုးဖြတ်​မယ်​။ပြီး​နောက်​တစ်​ခုနှင့်​တစ်​ခုပူး၍​ကော်​ကပ်​မယ်​။အစိမ်း​ရောင်​စာရွက်​နှင့်​ထပ်​မံ​ကော်​ကပ်​လိုက်​မယ်​။frameကို​တော့ကတ်​ထူရဲ့ဘယ်​ဘက်​ခြမ်းမှာထား၍ပန်းပွင့်​နှစ်​ပွင့်​ဖြင့်​အလှဆင်​ပါ့မယ်​။

IMG_20180702_233755.jpg

IMG_20180604_163324.jpg

IMG_20180604_164615.jpg

IMG_20180605_113501.jpg

Boxမှာလည်းပန်းပွင့်​သုံးပွင့်​​ကော်​ကပ်​အလှဆင်​မှာပါ။

IMG_20180702_233818.jpg

My Accessories Box

img1530551946270.jpg

Thank you
Written by asterkame@asterkame
MSC-008
By my photos & made by me

How to Make Beautiful Accessories Box | Ecency