ရှင်ပြု နားသ

Words
106
Reading
1 min
Listen
Play
3y

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ.....

ကျွန်တော်တို့မြန်မာနိုင်ငံသည် ကွဲပြားခြားနားသော ယဉ်ကျေးမှုများဖြင့် ကမ္ဘာ့အလယ်မှာ ရပ်တည်နေပြီး ထူးခြားလှသော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးစု (၁၃၅) မျိုးရှိပြီး၊ ကိုယ်ပိုင်ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်း အစဉ်အလာများကွဲပြားကြသည်။ အစားအစာ၊ ဝတ်စားဆင်ယဉ်မှု၊ ကိုးကွယ် ယုံကြည်မှု၊ အလုပ်အကိုင်တို့ အပေါ်မူတည်၍ကွဲပြားခြားနားကြသည်။




ထိုသို့ကွဲပြားခြားနားသော ရိုးရာယဉ်ကျေးမှုများထဲမှ မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တို့အ‌တွက် ထူးခြားပြီး အရေးပါသော အခမ်းအနားတစ်ခုမှာ ရှင်ပြု နားသ အလှူ‌တော်မင်္ဂလာ အခမ်းအနားဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင်တို့အတွက် ထူးခြားပြီး အရေးပါသော ရှင်ပြု နားသအလှူတော်မင်္ဂလာကို ဂုဏ်ယူဝင့်ကြွားစွာဖြင့် နှစ်စဉ်ပြုလုပ်နေကြစမြဲဖြစ်ပါသည်။ ရှေးယခင်ကာလများက အလှူတော်မင်္ဂလာအခမ်းအနားကို ဘုန်းတော်ကြီးများအား လှူဒါန်းတတ်ကြသော်လည်း ခေတ်ရေစီးကြောင်းပြောင်းလာသည်နှင့်အမျှ ဂုဏ်ပကာသနကို ငွေကြေးအမြောက်အမြား အကုန်အကျခံပြီး ကျင်းပလာကြပေသည်။




ရှင်ပြုခြင်းမင်္ဂလာပြုလုပ်ရန်အတွက် သားယောက်ျားလေး မွေးဖွားရန်လိုအပ်သော်လည်း အကယ်၍ သားယောက်ျားလေး မမွေးဖွားခဲ့သော် ဆွေမျိုးသားချင်းတို့၏ သားယောက်ျားလေးများကို ရှင်ပြုပေးကြရခြင်းဖြစ်ပါသည်။ နားသမင်္ဂလာကမူ သမီးမိန်းကလေးများ သို့မဟုတ် အခြားမိသားစုမှ မိန်းကလေးများအား နားပေါက်ဖောက်ပေးခြင်း နားထွင်းမင်္ဂလာပြုလုပ်ပေးခြင်းဖြစ်ပါသည်။ ရှင်သာမဏေဝတ်ပေးရန် အသက်နှစ်ဆယ်ကျော်လွန်ခြင်းမရှိရပါ။ အသက်နှစ်ဆယ်မပြည့်မီ ရှင်သာမဏေဝတ်ပေးကြရပါသည်။




လွန်ခဲ့သောရက်ပိုင်းက ရှင်ပြု နားသအလှူများကို မြင်တွေ့နေသော်လည်း ဓာတ်ပုံမရိုက်ဖြစ်ခဲ့ပါ။ မနေ့က အလှူလှည့်လာသည်ကို ကြုံကြိုက်နေသောကြောင့် စိတ်ကူးရပြီး ဓာတ်ပုံရိုက် ပို့စ်ရေးတင်ဖြစ်ခဲ့ခြင်းဖြစ်ပါသည်။ ရှင်ပြု နားသအလှူမင်္ဂလာသည် ယခု‌ရေးပြထားသည်ထက်ပိုမိုလေးနက်ပြီး အလွန်အရေးပါသော အခမ်းအနားဖြစ်သော်လည်း ဂုဏ်ပကာသန လွှမ်းမိုးလာသောအခါ မူရငါးရည်ရွယ်ချက်ပျောက်သွားမည်ကို စိုးရိမ်မိပါသည်။

သတ္တဝါအားလုံးတို့သည် မိမိပြုသော ကောင်းမှု မကောင်းမှုသည်သာ ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏။


အားလုံးကို လေးစားလျှက် -


ansoe@ansoe

ရှင်ပြု နားသ | Ecency