တိုက်တွန်း နှိုးဆော်စာ

Words
145
Reading
1 min
Listen
Play
5y

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...

မနေ့ကတော့ စိတ်ကူးပေါက်လို့ Ragnarok Game အတွက် လိုဂို ထိုင်ဆွဲပြီး ပြိုင်ပွဲဝင်ဖြစ်ခဲ့ပါတယ်... ဆုရလိုတာအဓိကမထားဖြစ်ပဲ ဝင်ပြိုင်တယ်ဆိုတာကို လိုချင်မိလို့ ပြိုင်ဖြစ်ခဲ့ခြင်းသာဖြစ်ပါတယ်... ဂရပ်ဖစ်နဲ့ပတ်သက်လို့ ကိုယ်တတ်ထားတဲ့ ဖိုတိုရှော့လေးနဲ့ လိုဂိုလေးအမြန်ဆွဲလို့ ဝင်ပြိုင်ခဲ့ပါတယ်... ခုလောလောဆယ်တော့ Vote အမြတ်ထွက်သွားခဲ့ပါပြီ 😆 မြန်မာနိုင်ငံသားများ ဂရပ်ဖစ်နဲ့ပတ်သက်ပြီးအကျွမ်းတဝင်ရှိနေကြသူများ အနေနဲ့ ဝင်ပြိုင်သင့်တယ်လို့လည်း ယူဆမိပါတယ်... ဆုမရတောင် Vote လေးတော့ အမြတ်ထွက်နိုင်ပါတယ်...


hive.png


အဓိကအနေနဲ့ အဲဒီ လိုဂိုပြိုင်ပွဲမှာ မြန်မာကလည်း ပြိုင်ပွဲဝင်တယ်ဆိုတဲ့ နာမည်လေးတစ်ခုလိုချင်မိလို့ပဲဖြစ်ပါတယ်... မြန်မာနိုင်ငံမှာနေကြတဲ့ ကျွန်တော်တို့ မြန်မာလူမျိုးများအနေနဲ့ ကိုယ့်နိုင်ငံအတွက် ဂုဏ်မတက်တောင် ဂုဏ်သိက္ခာမကျဆင်းစေရင် အကောင်းဆုံးပဲလို့လည်း ယူဆမိပါတယ်... သဘောထားမတိုက်ဆိုင်ခဲ့ရင် ဆောရီးပါ... ထုံးစံအတိုင်း ငြင်းခုံနေရမယ့်အချိန်ကာလလည်းမဟုတ်ပါ... သိကြတယ်မဟုတ်လား... ကျွန်တော်တို့ မြန်မာလူမျိုးဆိုတာကလည်း ငြင်းရခုံရတာကို အလွန်ဝါသနာပါတာကလားဗျာ... အနိုင်ရပြီးရောဆိုပြီး ပြောတတ်တာကလည်း ကျွန်တော်တို့မြန်မာတွေပါပဲ...

ခုလိုဂိုပြိုင်ပွဲမှာ အနိုင်ရဖို့လည်း မမျှော်မှန်းထားပါဘူး... သေချာလည်း ဆွဲထားခဲ့တာမဟုတ်လေတော့ ဆုဆိုတာနဲ့တော့ အလှမ်းကွာဝေးလွန်းပါတယ်... အပေါ်မှာပြောခဲ့သလိုပဲ မြန်မာတွေ ဝင်ပြိုင်တယ်ဆိုတာကိုပဲ အဓိကလိုချင်မိတာပါ... ဆုဆိုတာကိုတော့ မှန်းမထားပါဘူး... ရရင်တော့ယူမှာပေါ့လေ😁 မရနိုင်တာကလည်း ၉၉%လောက်ရှိသကိုး... သေချာရှင်းပြပါဆိုရင် အတော်ခက်အုံးတော့မယ်... ဘာကြောင့်လဲဆိုတော့ ဖြစ်သလို ဆွဲပြီးကောက်တင်လိုက်မိတာကိုး...

ဆိုတော့ကာ အချိန်လည်းကျန်နေပါသေးတယ်... Hive Platform မှာ စာရေးသူ ဂိမ်းဆော့သူတွေ အတော်များပါတယ်... ဂရပ်ဖစ်ပိုင်းဆိုင်ရာတွေကို ကျွန်တော့်ထက်သိတဲ့ တတ်တဲ့သူများ ဝင်ပြိုင်စေလိုပါတယ်... ပြိုင်ဖြစ်အောင် ပြိုင်ကြပါလို့လည်း တိုက်တွန်းလိုပါတယ်... မြန်မာရဲ့ ဂုဏ်လေးနဲနဲလောက်ဖြစ်ဖြစ် မြှင့်နိုင်ရင် အကျိုးရှိပါတယ်... ဘာမှမရရင်တောင် အထက်မှာပြောခဲ့သလို Vote ကြီးကြီးတစ်ခုလောက်ရရင်ကို ကိုယ်ဆွဲရတာ တန်နေပါပြီ 😁 နောက်ထပ် တင်လို့ရရင် ကောင်းကောင်း မကောင်းကောင်း ပို့စ်ထပ်တင်ပြီး ပြိုင်ပွဲဝင်အုံးမှာပဲဗျို့...

ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ Vote လေးတော့ လာမယ်လို့လည်း ယူဆပါတယ်... ခါတိုင်းကိုယ်တင်နေကျထက် နည်းနည်းလောက်ပိုရလည်း မဆိုးတော့ကာ ထပ်မံတိုက်တွန်းလိုတာကလည်း နားလည်သူများ လိုဂို ပြိုင်ပွဲဝင်ဖြစ်အောင် ဝင်ကြပါလို့... အခြားစာရေးစရာ ဘာမှစဉ်းစားထားတာ မရှိတဲ့အတွက် အခုတိုက်တွန်းနှိုးဆော်စာလေးပဲ ရေးတင်လိုက်ခြင်းဖြစ်ပါတယ်... အားလုံးပဲ ပြိုင်ပွဲဝင်ကြပါလို့ ဆရာ့ ဆရာတို့ ကို တိုက်တွန်းရင်း နှိုးဆော်ရင်းနဲ့ပဲ ရပ်နားပါရစေတော့...

အားလုံးကို လေးစားလျှက် -


ansoe@ansoe


ansoe_logo_leo.png

တိုက်တွန်း နှိုးဆော်စာ | Ecency