ညသန်းခေါင်ယံ နေထွက်တဲ့နိုင်ငံ

Words
103
Reading
1 min
Listen
Play
5y

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...

ဒီနေ့တော့စာရေးဖို့ စိတ်မပါဘူးဗျို့... ဒါပေမယ့်လည်း မဖြစ်ညစ်ကျယ် စာလေးအနည်းငယ်လောက်တော့ ရေးပြီးတော့ တင်လိုက်ပါတယ်... စာတွေထဲမှာ ထူးဆန်းတဲ့ နိုင်ငံတစ်နိုင်ငံအကြောင်းကို ဖတ်ဖူးလိုက်တယ်... ကမ္ဘာလောကရဲ့ ထူးဆန်းတဲ့အကြောင်းအရာကို တစ်စွန်းတစ်စလောက် ကြားသိလိုက်ရ‌တယ်ပေါ့လေ... အဲဒီထူးဆန်းတဲ့ နိုင်ငံဆိုတာက မြန်မာပြည်တော့ မဟုတ်ပါဘူး... အခြားအကြောင်းအရာတွေ ထူးဆန်းလား မထူးဆန်းဘူးလားဆိုတာကိုတော့ မသိဘူး... ရောက်မှမရောက်ဖူးသေးတာကိုး... သန်းကြွယ်သူဌေးကြီးဖြစ်ခဲ့မယ်ဆိုရင်တော့ အဲဒီနိုင်ငံ အဲဒီနိုင်ငံကို သွားရောက်လည်ပတ်လိုက်ချင်သေးတယ်...


norway.png


ဘယ်လိုများထူးဆန်းလို့လည်း ဆိုတော့က အဲဒီနိုင်ငံမှာ ညနက်သန်းခေါင်ယံအချိန် နေထွက်‌တယ်လို့ ဆိုပါတယ်... ညကြီးမင်းကြီးမှာ နေထွက်နေတယ်ဆိုတော့ ထူးဆန်းတယ်လို့ပြောရတာ လွန်မယ်မထင်ဘူး... အဲဒီလို ညသန်းခေါင်ယံအချိန် နေထွက်နေတာက (၂)လကျော်လောက် ကြာမြင့်တယ်လို့ ဆိုထားပါတယ်... တကယ်ဟုတ်မဟုတ်ကိုတော့ မိတ်ဆွေတို့ကိုယ်တိုင် သွားရောက်လေ့လာကြပါ... ကျွန်တော်လည်း ရောက်မှ မရောက်ဖူးပဲ... အဲဒီနိုင်ငံက ကမ္ဘာပေါ်မှာ တကယ်ရှိလို့လားလို့ သံသယမဖြစ်ပါနဲ့... တကယ်ရှိပါတယ်တဲ့...

ရော် ဘယ်နိုင်ငံဆိုတာမပြောပဲနဲ့လေရှည်နေတယ်လို့ ထင်ရော့မယ်... မဟုတ်ရပါဘူး... စာမရှည်လို့ ရှည်အောင် ဆွဲဆန့်နေတာပါ... အဲဒီနိုင်ငံကတော့ ဥရောပတိုက် မြောက်ဖက်မှာ တည်ရှိပြီးတော့ နွေရာသီ (၂)လကျော်ခန့် နေမဝင်တဲ့ နိုင်ငံဖြစ်ပါတယ်... တောင်တန်းတွေ ထူထပ်ပေါများပြီး နွေရာသီကာလမှာ နိုင်ငံခြားဧည့်သည်တွေ အမြောက်အမြားလာရောက် လည်ပတ်လေ့ရှိတယ်လို့ဆိုပါတယ်... တောင်တန်းတွေ ဘယ်လောက်ထူထပ်သလဲဆိုရင် နိုင်ငံကုန်းမြေရဲ့ (၅)ပုံ (၃)ပုံ က တောင်တန်းတွေပါတဲ့... တောင်တွေရဲ့ အဆုံးမှာ ပင်လယ်ကမ်းရိုးတန်းရှိသတဲ့... အော်-စိတ်ရှည်ရှည်ထားပါခင်ဗျ... ဟုတ်ကဲ့... အဲဒီနိုင်ငံအမည်ကတော့ နော်ဝေနိုင်ငံ(Norway)ဖြစ်ပါတယ်... ကဲပြီးပါပြီဗျာ... မိတ်ဆွေတို့ သွားလည်ဖြစ်ခဲ့ရင် လက်တို့ကြပါအုံးလို့...


အားလုံးကို ‌လေးစားလျှက် -

ansoe@ansoe


ansoe_logo_leo.png

ညသန်းခေါင်ယံ နေထွက်တဲ့နိုင်ငံ | Ecency