အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...
Hello everyone, Mingalar Bar.
သူများတွေက E လို Write ကြတော့ ကျွန်တော်တို့လို E မကျွမ်းသူတွေအဖို့ အတော်လေး အားငယ်စရာဖြစ်နေသလားပဲ... Difficult တာက ကိုယ်တိုင် Power ကနည်းနည်း ဆိုတော့ ဘာမှ မတတ်နိုင်ဘူး... အခြား Community တွေကလည်း E လိုရေးတင်ပါမှ လာပြီး Vote ပေးကြတယ်ဆိုတော့ကာ I တို့က E လိုရေးတင်ကြရတော့မလားပဲ... နောက်ထပ် Difficult တာက E လို မကျွမ်းကျင်ပဲ Are ကိုတောင် အရီး လို့ဖတ်ရတဲ့အဖြစ်ဆိုတော့ကာ ဘယ်လိုနည်းနဲ့များ E လို Write ရပါ့... Advice လေးများရှိရင် ပေးကြပါအုံးဗျို့ 😁
ပြောလို့သာ ပြောရတယ်... ကိုယ်တွေများ E လိုရေးရင် Upvote မရပဲနဲ့ Downvote လာနေမှာကိုလည်း ကြောက်ရသေးတယ်... ဆိုတော့ကား ဘာလုပ်ရမမှန်းမသိ ယောင် Sixty ဖြစ်နေတော့တာပဲ... အဲသလို South South North Northတွေးနေရင်းနဲ့ပဲ Post တင်ဖို့ စာမ Write နိုင်ဖြစ်နေပြီး မ Eat နိုင် မ Drink နိုင်ဖြစ်နေတော့ လူလည်း Slow Slow နဲ့ Thin Thin လာပြီ... ကြာရင်တော့ Health ကို ထိခိုက်နိုင်တယ်... D တော့ကာ ကျေးဇူးပြုပြီး Speak ကြပါအုံးနော်😁
I တို့တစ်တွေလည်း E လို Write ပြီးတော့ Post တင်ဖို့ Time တန်နေပြီလား? Burmese လိုရေးတင်တာကို Care မလုပ်တော့ E လိုရေးသင့်နေပြီလား? Thinking ရင်း Thinking ရင်းနဲ့ Thinking လေးတွေ ပေါ်လာနေတယ်... ရေးစရာ Raw Materials ကလည်း ရှားရှားလာတော့နေရတဲ့အထဲ Brain Dry အောင် Thinking နေရတယ်... တော်ဘာဘီလေ... မ Thinking တော့ဘူး... ရေးချင်ရာရေး Plan အတိုင်းပဲ ဆက် Go တာပေါ့နော 😁 ကျွန်တော့်ရဲ့ E Skill ကျွမ်းကျင်မှုက အံ့မခန်းပါပဲနော် 😄 အဲသလိုဖြစ်အောင် လေ့လာထားကြပေရော့ 😂 လူငယ်တွေကတော့ သေချာပေါက် လေ့လာသင်ယူထားသင့်ပါတယ်...
စာရေးဖို့ကုန်ကြမ်းစဉ်းစားရင်း ခေါင်းပေါ်မှာနေတဲ့ ဆံပင်တွေလည်း အတော်ဖြူကုန်ကြရှာပြီ... စဉ်းစားမိတာက အော်- Hive ရယ် ဈေးမြန်မြန်တက်ပါတော့လို့ ဆုတောင်းရမလိုလို... ခဏနေပါအုံးလို့ ဆွဲထားရမလိုလို... အဲဒီ လိုလိုနဲ့ပဲ အချိန်ကုန်ကုန်နေတော့တာပဲ... ဈေးတက်သွားမယ်ဆိုရင်လည်း ကိုယ့်မှာက Hive ဘယ်လောက်မှမရှိသေး... ဒီတော့ကာ ဟိုးထား Hive ရေလို့ပြောရရင် အဆင်ပြေမယ်... ခုတော့ နည်းနည်းလေးဈေးကျနေတော့ကာ အားနည်းနည်းရှိလာပြန်ပါပြီလေ 😄 အဆဲတောင်းမိနေပြန်ပြီ😝 မည်သို့ပင်ဆိုစေကာမူ ကျွန်တော်တို့အနေနဲ့ကတော့ E လိုရေးနိုင်အောင်တော့ ဒစ်စကိုဗဲရီး(Discovery)လုပ်ပြီး လမ်းနီး(Learning)လေးတော့ လုပ်ထားသင့်ပါကြောင်း အကြံပြုပါရစေ... ရေးစရာမတွေ့လို့ ရီစရာအဖြစ် ရေးလိုက်ပါတယ်... မရီချင်လည်း ရီလိုက်ပါ... ဘဝအမောလေးတွေ ခဏလောက်တော့ ပြေသွားပါလိမ့်မယ်... ရီမောပျော်ရွှင်နိုင်ကြပါစေ...
အားလုံးကို လေးစားလျှက် -