To lover ... ( original poem )

Words
92
Reading
1 min
Listen
Play
8y

ချစ်သူရေ ...
ရူးမိုက်ခွင့်တော့ ပေးပါကွယ် ...
မင်းအချစ်ရဖို့ ...
ကောင်းကင်တမွတ် ကြယ်ကိုဆွတ်မယ်လို့
ဆက်ဆက်ပြောပြပါရစေ ...
အထပ်ထပ်ပြောပြပါရစေ ...
ဆွတ်မယ် မဆွတ်မယ်ကတော့
ကိုယ် အာမ မခံနိုင်ဘူး ...
မှတ်ကျောက်တင်စကားတော့
ထုံးစံအတိုင်း ပြောရမှာပေါ့လေ ...


ချစ်သူရေ ...
အင်ဂျင်နီယာ ဆရာဝန်တွေနဲ့ ယှဉ်ရင်တော့
ကိုယ်က အညတြပါ ...
ဒါပေမယ့် ကိုယ်က မင်းအတွက်
ဇွန်းတပ်ထားတဲ့ လဘက်ရည်ခွက်ပါ ...
ရိုးရိုးထက်တော့ ဈေးကြီးနေဆဲပါ ...


ချစ်သူရေ ...
ကိုယ်က မင်းစေလိုရာစေ
လိုသမျှ ပြောသမျှ အတိုင်း
လိုက်လုပ်ပေးမယ့် ...
မင်းရဲ့အစေအပါးပါ ...
တစ်သက်စာလုပ်အားအတွက်
ကျသင့်ငွေ ၁၅၀၀တော့ ...
အရင်ရှင်းပေးပါ ...


ချစ်သူရေ ...
မင်းအတွက် စာတွေဖွဲ့လို့
အာကာကို ပုံလွှာပြုပြီး
တိမ်ပန်းချီခြယ်ထားတယ် ...
ကြည့်ကြည့်ပါကွယ် ...
ချစ်သူကြိုက်တဲ့ပုံကိုသာ
အာရုံပြုဖို့ လိုတယ် ...


ချစ်သူရေ ...
ချစ်စကားတွေကို စာဖွဲ့ပြီး
ရေးရမယ်ဆိုရင်တော့ ..
ဂင်းနစ်စံချိန်ဝင်တဲ့
မဟာစာအုပ်ကြီးဖြစ်သွားမယ်
ဒါပေမယ့် ကိုယ်ဟာ
ချစ်သူအတွက် သာမန်လူသာလျှင်
ဖြစ်ချင်နေတဲ့သူပါကွယ် ...


linthitsar@linthitsar

To lover ... ( original poem ) | Ecency