သူငယ်ပြန်တဲ့ကမ္ဘာ

image
ဒီဆောင်းပါးထဲမှာပါတဲ့အရာအားလုံးသည် ကျွန်တော်စိတ်ကူးယဉ်တွေးထားသော အရာများသာ ဖြစ်ပါသည်။ အမှန်တကယ်ဟုတ်ချင်မှလည်း ဟုတ်ပါမည်။
image
ညနေဆည်းဆာလို့ ခေါ်ကြတဲ့အချိန် အနောက်ဖက်မှာ တစ်ခြမ်းသာယဲ့ယဲ့လေး မြင်နေရတဲ့ လိမ္မော်ရောင်နေမင်းကို အားဖျော့စွာ တွေ့မြင်နေရတယ်။ လတ်ဆတ်တဲ့ ကန်နေပြင်ကို ဖြတ်သန်းလာတဲ့ လေကို အ၀ရှူသွင်းလိုက်တယ် ဟူး …. ။ အုပ်ဆိုင်းနေတဲ့ သစ်ပင်ကြီးများအောက်မှာ တစ်ရိပ်ရိပ်ပြေးနေတဲ့ ဆိုင်ကယ်ကို တစ်ယောက်တည်း ထိန်းကျောင်းရင်းတွေးနေမိတယ်။ “ကျွန်ုပ် ၏ ဖြစ်တည်မှု” ကျွန်တော်ဆိုင်ကယ်စီးလာတာ နာရီဝက်လောက်ရှိပါပြီ မိတ္ထီလာကန်ဘေးမှာ Drone နဲ့ လူရွယ်တစ်ချို့ ဖုန်းဖြင့်ချိတ်ကာ ဆော့ကစားနေကြတာတွေ့ရတယ်။ စိတ်ထဲမှာ အဲဒီ Drone ကနေ မြင်ရမယ့်မြင်ကွင်းကို စိတ်ကူးလိုက်မိတယ်။ ဟုတ်ပြီ ပျံတက်သွားပြီ စိမ်းညို့နေတဲ့ကန်ရေပြင် သစ်ပင်တွေအောက်မှာ တစ်ရိပ်ရိပ်ပြေးနေတဲ့ ဆိုင်ကယ်ပေါ်က ကျွန်တော်ရှိမယ်။ ထပ်ပြီးတော့ အမြင့်ကိုတက်မယ် Scope မှာ လူနေအိမ်အချို့ ပါလာတာတွေ့ရသလို ဟိုဒီ လားရာ မောင်းနှင်နေကြတဲ့ ယာဉ်တွေတွေ့မြင်နေရပါတယ်။ Drone တစ်စီးပျံသန်းနိုင်တာထပ် ပိုပြီး မြင့်မြင့် ကို ကျွန်တော့် စိတ်ကူးနဲ့ တင်လိုက်တယ် Google Map မှာ မြင်ရသလိုမျိုး အောက်က အရာဝတ္တုတွေ မသဲကွဲတော့ပါဘူး စိမ်းစိမ်း အကွက်လေးတွေနဲ့ မျဉ်းကြောင်းလေးတွေသာမြင်ရတော့တယ်။ ကျွန်တော်ဒီနေရာမှာ တည်ရှိနေတာကို ဘယ်သူသိနေမလဲ။ ဘယ်သူမှမသိလောက်ဘူးထင်ပါတယ်။
image
ဒီလိုနဲ့ ဈေးတစ်ခုနားကိုအရောက် အသားငါးဝယ်နေကြတဲ့သူတွေကို တွေ့ရင်း ပြုံးမိလိုက်တယ်။ ဟိုး… ကျွန်တော်တို့ လူသားတွေ အစ ဘ၀တွေက ကျွန်တော်တို့တစ်တွေ ဟာ အစားအသောက်အတွက် အမဲလိုက်ကြရတယ်၊ အချင်းချင်းသတ်ဖြတ်ကြရတယ်။ အခုတော့ စားစရာဆိုတာကို အချိန်မရွေး ပြုလုပ်ပြီး မိမိ လိုချင်သလောက်စားသောက်နိုင်ကြပြီ။ တစ်ဖြည်းဖြည်းနဲ့ လူရိုင်းဘ၀မှ လူယဉ်ကျေးလို့ခေါ်တဲ့ဘ၀ကို ရောက်ရှိလာကြပြီ။ လူ့သမိုင်းအစကလို ကျွန်တော်တို့ ပင်ပန်းစွာ ရှင်သန်ရခြင်းမရှိကြတော့ဘူး၊ ငွေပေးရုံနဲ့ အသားတစ်တွဲ လွယ်ကူစွာရနေပြီ။ အကယ်၍များ လူ့သမိုင်းအစလိုသာ ယနေ့ ဖြစ်နေမယ်ဆိုရင် ဘယ်လိုများနေထိုင်ရမလဲ မဆီမဆိုင်တွေးမိလိုက်တယ်။ ဒီလိုနဲ့ အရမ်းကိုအသက်ကြီးတဲ့အဖွားအို တစ်ယောက်နဲ့ လက်တွဲရင်းလမ်းလျှောက်လာသော ကလေးငယ် ကိုတွေ့မိလိုက်တဲ့အခါ စဉ်းစားမိတယ်။ မိမိပတ်ဝန်းကျင်မှာ အရမ်းကိုအသက်ကြီးတဲ့ သက်ကြီးရွယ်အိုတွေ သူငယ်ပြန်ကြတာတွေ့ဖူးကြပါတယ်။ ကျွန်တော်တို့ တွေဟာ လုံးဝန်းတဲ့ကမ္ဘာကြီးမှာနေကြတယ်။ လူတစ်ဦးစီမှာ Life Cycle တစ်ခုစီ ရှိကြတယ်။ တစ်ဦးနဲ့တစ်ဦးကတော့တူမှာမဟုတ်ကြဘူး ဥပမာ ဒီလူတစ်ယောက်က အသက် 70 အထိပဲ ပါတယ်ဆိုကြပါစို့ သူသည် တကယ်တမ်းအသက်ရှင်ရင်းနဲ့ 70 လဲကျော်သွားရော စက်ဝိုင်းကို နောက်တစ်ကြိမ်ပြန်ဖြတ်သန်း ရတဲ့အတွက် ကလေးနေရာကနေပြန်ရောက်သွားရတယ် အဲဒီအချိန်မှာပဲ သူငယ်ပြန်တယ်ဆိုတာဖြစ်လာတယ် လို့ ကျွန်တော်တွေးမိပါတယ်။ လူကြီးတစ်ယောက်ကနေ ကလေးတစ်ယောက်ဖြစ်သွားတဲ့အတွက် လသားအရွယ် ကလေးတစ်ယောက်လို အတွေးနဲ့ ပြုမူနေထိုင်ပါတော့တယ်။ သူ့ရဲ့ Life Cycle သက်တမ်းကျော်လွန်သွားတဲ့အတွက် နောက်တစ်ကြိမ် ဒီနေရာကို ဖြတ်သန်းရတဲ့အခါ ကလေးလေးတစ်ယောက်အဖြစ် ဖြတ်သန်းရခြင်းဖြစ်ပါတယ်။
image
ယခုဆိုလျှင် ကမ္ဘာပေါ်မှာ စစ်လက်နှက်များစွာတိုးတက်ထွန်းကားနေကြသည်မှာ စိုးရိမ်စရာပင်။ သူ့နိုင်ငံကိုယ့်နိုငိငံ ထိပါးလာပါကလည်း ပစ်ကြခတ်ကြမည်မှာမလွဲပေ။ အချို့သောနိုင်ငံများတွင် နိုင်ငံတစ်နိုငိငံလုံး ပျက်စီးနိုင်လောက်အောင် ပြင်းထန်သော လက်နှက်ဆန်းများရှိသည်ဟုလည်း ကြားသိရပါသည်။ ဗုဒ္ဓဘုရားဟောကြားခဲ့သလို အရာရာတိုင်းသည် ဖြစ်ပြီးလျှင်ပျက်ကြမည်။ ထိုတစ်နေ့သို့ရောက်ခဲ့လျှင် လူ့သမိုင်းအစသို့ ရောက်ရှိသွားနိုင်သည်ကို သတိပြုသင့်ပါသည်။ ကျွန်ုပ်တို့ ကမ္ဘာ၏ life cycle သက်တမ်းဘယ်လောက်ရှိသည်ကို ကျွန်ုပ်နေဖြင့် မခန့်မှန်းနိုင်ပါ သို့သော် သက်တမ်းတစ်ဝက်လောက် တော့ ဖြတ်သန်းကုန်ဆုံးခဲ့ပြီဟု လက်ရှိပူနွေးလာခြင်း၊ ရေခဲများပျော်လာခြင်း၊ သဘာဝဘေးအန္တရာယ်များ ပေါများလာခြင်းအပေါ် ခန့်မှန်း၍ကောက်ချက်ချပါသည်။ မည်သို့ပင်ဖြစ်စေကာမူ အချိန်တန်လျှင် ကမ္ဘာကြီးသည်လည်း Life Cycle တစ်ပါတ် ကျော်လွန်သည်နှင့် သူငယ်ပြန်ပေတော့မည်မှာလည်း မလွဲနိုင်ပေ။ ထိုအချိန်တွင် ကျွန်ုပ်တို့ လူသားမျိုးနွယ်များသည်လည်း ကျောက်ခေတ်မှပြန်စကောင်း စနိုင်သည်မှာ တွေးဆကြည့်လျှင် ခပ်ရေးရေးပေါ်လွင်လှပါသည်။ ကမ္ဘာကြီး သူငယ်ပြန်ခြင်းသို့ မရောက်အောင် ထိန်းသိမ်းကာကွယ်ကြရမည်မှာ ကျွနုပ်တို့၏တာဝန်တစ်ရပ် ဆိုတာ သတိချပ်သင့်ပါသည်။
Photos credit google
Author by
@htinyarsai(5:03 AM)
MSC_203

H2
H3
H4
3 columns
2 columns
1 column
Join the conversation now