အစွဲလမ်း

ဒီနေ့ ရေးသားမည့် pro post ကတော့ အစွဲ အလမ်း ကြောင်းလေးပါ စွဲလမ်းမှု တဏှာဟာ အင်မတန်ကြောက်စရာကောင်းတယ် ဆိုတဲ့ အကြောင်းလေး ကို ရေးသားသွားမှာဖြစ် ပါတယ် တကယ့် ဖြစ်ရပ်မှန်တွေပါ
အစွဲလမ်းတွေကြောင့် တရားဓမ္မနဲ့ ကုသိုလ် ကောင်းမှု များများ လုပ်ပါ လျှက်နဲ့ မကျွတ်မလွတ်ပဲ သရဲ တစ္ဆေ ဘဝနဲ့ နှစ်တွေ ကြာအောင် နေနေရတဲ့သူတွေရဲ့ အကြောင်းလေးပါ
သီးတင်းကျွတ်လပြည့်နေ့ တစ်နေ့မှာပေါ့ ကျမတို့ မိသားစုတွေ မိသားစုအစုံအလင်စုပြီး အမိအဖ ဆွေ မျိုးသားချင်း တွေ အဒေါ်တွေ ဦးလေး တွေ ကို ကတော့ကြတယ် အဲ့ဒီ အချိန်မှာ လွန်ခဲ့သော 8နှစ်လောက်က ဆုံးပါးသွားတဲ့ အဖွားက ဝင်ပူးပြီး သူကိုမေ့နေကြတယ် သူကိုတော့ မကတော့ ကြဘူးဆိုပြီး ငိုပြီးပြောတယ် ကျမတို့လည်း စိတ်မကောင်းတော့ အဖွားရယ် သေတာ 8နှစ်ရှိပြီ ဘယ်လိုလုပ်ပြီး အခုချိန်ထိရှိနေတာလည်းမေးတော့ တော်တော်နဲ့ မဖြေဘူး ပူးလိုက် ထွက်သွားလိုက်ဖြစ်နေတာလည်း ပါတယ် image
နောက်တော့ သူက သူ့သမီး အလတ်မဆီမှာနေချင်လို့တဲ့ သူသမီး နေ့တိုင်း ဘုရားရှိခိုးတဲ့ အသံကို နားထောင်ချင်လို့တဲ့ ကျမတို့လည်း မယုံတစ်ဝက် ယုံတစ်ဝက်နဲ့ပေါ့ အဲ့ဒါနဲ့ ကုသိုလ် လုပ်သင့်ရင်လည်း လုပ်ပေးရအောင် ပဲခူး ဟသာင်္ကုန်းက ဝိညာဉ်မေးတဲ့ ဆရာမဆီ သွားမေးတယ် ဆရာမကလည်း နာမည်ကြီးဆိုတော့ လူတွေ မနည်းဘူး အဲ့ဒီမှာ ကျမတို့ရဲ့ senior no က နောင်ဆုံး
ဝိညာဉ်မေးတာ စိတ်ဝင်စားတာနဲ့ သူများတွေ မေးကြတာတွေ ကို ထိုင်ပြီးကြည့်နေလိုက်တယ် အဲ့မှာ စိတ်ဝင်စားစရာ အကောင်းဆုံး တစ်ခုတွေ့လိုက်ရတယ် လူတွေတော်တော် များများပြောကြတယ် အသေကူးကောင်းအောင်လို့ တရားအားထုတ်ကြ
အလှူအတန်းများများလုပ်ကြလို့ပြောကြတယ်
အဲ့ဒီမှာ တရားစခန်းကနေခိုးထွက် လာပြီး ဝိညာဉ်လာမေးကြတဲ့ မိန်းမတစ်စု ကိုတွေ့လိုက်တယ် သူတို့ အလှည့်ရောက်တော့ ဝိညာဉ်ခေါ်ပေးတဲ့ အမျိုးသမီးကို သူတို့က တရားစခန်းဝင်နေတာဖြစ်ကြောင်း သူတို့ ဝင်တဲ့ တရားစခန်းမှာ နေ့တိုင်း သရဲခြောက်ခံ ရကြောင်းပြောပြတယ် နေ့တိုင်းလမ်းလျှောက်သံ ရေချိုးနေတဲ့အသံ အိုးံသံ ခွက်သံကြားနေရကြောင်း သရဲလား လူလား ဆိုတာ သေချာသိရအောင် လာရောက်မေးမြန်းခြင်း ဖြစ်ကြောင်းပြောပြတယ် image
အဲ့ဒီနောက် ဝိညာဉ် ဆရာမက အဲ့တရားစခန်းမှာ ဝိညာဉ်ရှိရင် ခဏလာခဲ့ပါ ဆိုပြီး သုံးကြိမ်သုံးခါ ခေါ်လိုက်တယ် အဲ့ဒီအချိန်မှာ တရားထိုင်လျှက်လေး ဝင်လာတယ်ရှင့် ပြီးတော့ အရင် ဝိညာဉ်ခေါ်တဲ့ အမျိုးသမီးအသံပျောက်ပြီး တခြားသူရဲ့ အသံလို နင်တို့ဘာသိချင်လို့လည်း ငါနင်တို့ တရားစခန်းဝင်နေတဲ့ ဘုန်းကြီးကျောင်းကလာခဲ့တာတဲ့ အမလေး ကျမလေ ဆံပင်တွေတောင်ထောင်သွားတယ် မေးတဲ့သူတော့မသိဘူး ကြက်သီးတွေလည်း ထ ကြောက်ဆရာကြီး 😱😱😱
ပြီးတော့ အဲ့အမျိုးသမီးကပြောတယ် နင်တို့ကြားရတဲ့ ရေချိုးတဲ့အသံ အိုးသံခွက်သံ လမ်းလျှောက်သံတွေက ငါလုပ်တာလို့ပြောတယ် ငါနင်တို့ကို ဘာမှ မလုပ်ဖူး ငါ့ဘာသာ ငါ့တရားစခန်းဝင်နေတာ တရားနာချိန်နာတယ် တရားထိုင်ချိန်ထိုင်တယ် အုန်းမောင်းခေါက်ရင် ရေချိုးတယ်တဲ့
ဒီအချိန်မှာ ဝိညာဉ် လာမေးတဲ့ ယောဂီ တစ်သိုက်က အဲ့လိုတွေ ဘာကြောင့် လုပ်တာလည်း သူတို့ကြောက်တယ် ဆိုတဲ့အကြောင်း တရားစခန်းဝင်ပြီး တရားတွေသိလျှက်နဲ့ သေတာတောင် သရဲဘာကြောင့် ဖြစ်နေလည်းလို့မေးတော့ ငါက အဲ့ တရားကို ကြိုက်တယ် အေးချမ်းတယ် အဲ့ဒါကြောင့် ငါ ဒီတရားတွေကို စွဲလမ်းတယ် အဲ့ဒါကြောင့် ငါသေတော့ ငါဒီရောက်နေတာ တခြားနေရာမသွားချင်ဘူး ဒီမှာပဲနေချင်တယ်တဲ့ အဲ့တော့ ယောဂီ အမျိုးသမီးတစ်သိုက်က မနေဖို့ ကျွတ်အောင်လုပ်ပေးမယ်ဆိုတဲ့ အကြောင်း ဒီလို သရဲ ဘဝနဲ့ မနေဖို့ တခြားဘဝပြောင်းဖို့ ပြောကြတယ် တော်တော်ကြာအောင်ပြောမှ သူ့အတွက် ဘယ်လိုပုံစံနဲ့ ကျွတ်အောင်လုပ်ပေးဖို့ကို ပြောပြီး ထွက်သွားတယ်
ကျမ စဉ်းစားမိတာ သူဟာ တရားဓမ္မနဲ့လည်း နီးစပ်တဲ့သူ ဖြစ်ပါလျှက် ဒီတရားကို အေးချမ်းတယ် ဆိုပြီး စွဲလမ်းခဲ့တဲ့ အတွက် သရဲဘဝနဲ့ နေနေခဲ့ရတယ်
အစွဲ အလမ်းဟာ တရားကို စွဲလမ်းတာလည်းမကောင်းဘူး ဆိုတာ သိလာတယ် ပြောရမယ်ဆို အယူမှား တယ်လို့ပဲပြောရမှာပေါ့ image
ကဲ ကျမအဖွား အကြောင်းလေး ထပ် ဆက်ကြမယ် အဲ့လိုနဲ့ တခြားလူတွေ မေးပြီး ကျမတို့ အလှည့်ရောက်လာတယ် ကျမတို့ အဖွား ဝိညာဉ် ကိုခေါ်တော့ ခေါ်မရဘူး အဲ့ဒါကြောင့် ဆရာမက သမီးတို့အဖွား ကျွတ်သွားပြီလို့ပြောတယ် အဲ့နေ့က ဝင်ပူးတာ သမီးတို့ အဖွားမဟုတ်ဖူး တခြားတစ်ယောက် တဲ့ အဲ့ဒါနဲ့ ကျမတို့လည်း ပြန်လာခဲ့လိုက်ပါတယ်
အဲ့ဒီမှာ အသိပညာတစ်ခုရလိုက်တာကတော့ အစွဲအလမ်းတွေ ဟာ ဘာမှ မကောင်းဘူး ဆိုလေးတော့ သိလိုက်ရပါတယ်
အားလုံးပဲ တရားအသိရကြပါစေ
MSC 231
@coralbright
Credit image google

H2
H3
H4
3 columns
2 columns
1 column
Join the conversation now