သောင်းကျန်း တော့မည်။ (@aggamun)

Words
141
Reading
1 min
Listen
Play
7y

mv0v1boi6b.jpg

pal token တွေ ကျဲချ တုန်းက ကျွန်တော် အကုန် ရောင်းလိုက်မိပါတယ်။ ဒါကြောင့် leo token တွေ မရ လိုက်ပါဘူး။ ဒါ နစ်နာမှု တစ်ခုပါပဲ။ အလောတကြီး pal နဲ့ steem လဲထုတ် လိုက်ခြင်းရဲ့ အကျိုး ဆက်ပဲ ဖြစ်ပါတယ်။

ခု လို token အသစ်တွေ ထပ်ထွက်လာမယ်မှန်း သိခဲ့ရင် လွယ်လွယ် ဘယ်ရောင်းမိပါ့မလဲ။ အခုတော့ နောက်ကျသွားပါပြီ။ ဒီဘက်မှာလည်း စတင်းတွေက လိုအပ်နေတော့ မြန်မြန် ရောင်းလိုက်တာပေါ့။ ဈေးကလည်း တယ် ကောင်းမလား။ ခုထိ အဲဒီ တုန်းကလောက် ဈေး မရသေးဘူးလေ။

လုပ်ချင်ရင်တော့ steem-engine မှာ token တွေကို trade လုပ်လို့ ရပါသေးတယ်။ ကစားလို့ ကောင်းတဲ့ token အချို့လည်း ရှိပါတယ်။ ဈေးကောင်း ရနိုင်တဲ့ token တွေလည်း ရှိပါတယ်။ သုံးစား မရတဲ့ token တွေလည်း ပွနေတာပါပဲ။ ဒီ အထဲကမှ ကောင်းနိုးရာရာ token လေးတွေကို ကစား မယ်ဆို စတင်းတွေ အချိန်တို အတွင်း ရနိုင်ပါတယ်။

အရင်း အနှီးက လည်း အတိုင်းအတာ တစ်ခု အထိတော့ လိုအပ် သလို စိတ်ရှည် သည်းခံနိုင်မှု ကလည်း မပါမဖြစ်ပါပဲ။ risk များများနဲ့ ကစားရင် profit များများ မျှော်မှန်း နိုင်မယ်ဆိုတာ ဆော့ trader သမားများ ကို အထူး သတိပေးစရာ မလိုအပ် လောက်ပါဘူးလေ။

ကျွန်တော်လည်း nc မှာ ကုန်ထားသမျှ ပြန်ရှာဖို့ ချောင်းနေတာ ခုထိ စိတ်ကြိုက် မတွေ့ သေးပါဘူး။ steem-engine ကိုတော့ မြင်မိပေမယ့် လေ့လာနေတုန်း ပါပဲဗျာ။ nc က မျှော်လင့်လို့ မရခဲ့ရင်တော့ ဒီနေရာမှာ သောင်းကျန်း ပြီး စတင်းတွေ ပြန်စုမယ်လို့ တေးမှတ် ထားပါကြောင်း ……

Writtwn by aggamun@aggamun

သောင်းကျန်း တော့မည်။ (@aggamun) | Ecency