အညာ​နွေက ပူပါတယ်ဗျာ

အညာ​နွေက ပူပါတယ်​ဗျာ××××× ​မောင့်ရင်ခွင် ဘယ်ဘက်ခြမ်းက××× ပိုပူလွန်းလိူက်တာ××× ဘာ​ကြောင့်ပါလဲ......

ခုတ​လော အကြားရ အများဆုံး သီချင်း​လေး ဖြစ်ပါတယ်။ Tiktok​မှာလည်း ဒီ သီချင်း Facebookမှာလည်း ​ပြေးမလွတ်

ဟုတ်လည်း ဟုတ်ပါသည်။ သီချင်းစာသား​တွေနဲ့ လိုက်ဖက်စွာ ဒီနှစ် အညာ​နွေက အ​​တော်​လေး ပူပြင်းလှပါသည်။

Image Source

အ​အေးပိုင်း​​ဒေသများတွင်သာ အ​နေကြာခဲ့​သော ကျွန်မ။ အညာ​နွေ အပူချိန်ကို ခံနိုင်ရညွ မရှိပါ။ ပြီးခဲ့သည့် တနင်္ဂ​နွေ ၂၆ဘ၂၇ ၂၈ ရက်များကဆိုလျှင် လူးလိမ့်​နေ​အောင်ပူပါသည်။ တနင်္ဂ​နွေ တစ်ရက်တည်း မန္တ​လေးမြို့တွင် အပူချိန်​ကြောင့် ​သေဆုံးသူ ၄၀ခန့်ရှိသည်ဟုလည်း သိရှိပါသည်။

အပူချိန်လွန်ကဲခြင်းက​တော့ ကျွန်မ တစ်သက်တွင် မကြုံဘူးပါ။ မီးပုံ​ဘေးထိုင်​နေရသလိုပင် ခံစားမိပါသည်။ ​လေတိုက်​နေပါ​သော်လည်း ​​ရေ​နွေးပူနှင့် ပတ်​နေသလို ခံစားရပါသည်။ ထို့​နောက် ယခု ရက်ပိုင်း ၁ရက် ၂ရက်​တော့ မိုး​လေးကျလို့ ​နေသာပါသည်။ မိုးသည်းထန်စွာ ရွာသွန်းခြင်း မဟုတ်​သော်လည်း ​နေ၍ ဖြစ်သည်။ အ​အေးဓါတ်​လေးရသည်။ ​နွေသည် ​မေလ တစ်လ ကျန်​နေ​သေးသည်။ ဘယ်လို ဖြတ်သန်းရမလဲ အညာ​နွေ​ရေ။

အညာ​နွေက ပူပါတယ်ဗျာ........

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center