သည်နေ့မှာတော့ မိမိ၏ပိုစ်အား ဖတ်ချင်စဖွယ်ဖြစ်
အောင် အလှဆင်ပုံများကို ကျွန်တော်သိရှိထားသည့်
အတိုင်း မျှဝေပေးပါမည်။ ဤပိုစ်သည် လူသစ်များ
အတွက်သာ ရည်ရွယ်ပါသည်။ အိုးဆားဗစ် ဝါရင့်
ကြီးများကတော့ ဤပိုစ်အားကျော်သွားနိုင်ပါသည်။
မိမိပိုစ်အား အများကမြင်၍ ဝင်ကြည့်လိုက်သည်နှင့်
နားမလည်လျှင်တောင် ပိုစ်အပြင်ဆင်အားကြည့်၍
လည်း ကြိုက်နှစ်သက်ကာ ဗုတ်ပေးသွားနိုင်ပါသည်။
တစ်နည်းအားဖြင့် ဤကဲ့သို့ ပိုစ်အား အလှဆင်ခြင်း
သည် မိမိ၏ Brand အားတည်ဆောက် ခြင်းလည်း
ဖြစ်ပါသည်။ ထို့ကြောင့် ပိုစ်အလှဆင်ခြင်းသည်
အရေးပါးသောကြောင့် ယခုလို မျှဝေပေးရခြင်းဖြစ်
ပါသည်။
မိမိပိုစ်အား အလှဆင်ပါ - ၁ အားမဖတ်ရသေးလျှင်
ဤနေရာအားနှိပ်ပါ
ဒီနေ့ပိုစ်မှာတော့ Gif Photos များအကြောင်း
ဖော်ပြပေးသွားပါမည်။ ကျွန်တော်လည်း လေ့လာနေ
ဆဲဖြစ်ပြီး အရမ်းကြီးတော့ မကျွမ်းကျင်သေးပါ။
ထို့ကြောင့် ကျွန်တော်သိထားသည့်အတိုင်းသာ မျှဝေ
ပေးခြင်းဖြစ်ပါသည်။
Gif Photos များကို Hive Platform တွင်
ပိုစ်တင်ရာတွင် အလှပုံများအဖြစ်သုံးနိုင်ပါသည်။
Gif Photos များသည် အသက်ဝင်လှုပ်ရှားနေ၍
မြင်ရသူများ ကြိုက်နှစ်သက်ကြပါသည်။ Gif
Photos များကို အလွယ်တကူ အသုံးပြုချင်သည်
ဆိုလျှင် Google တွင်ခေါက်ရှာနိုင်ပါသည်။ Hive
Platform တွင်အသုံးများသည့် Gif Photos
များမှာ Thank You ဖြစ်ပါသည်။ တစ်ခုရှိသည်
မှာ Gif photos ကို Google ကယူသုံးလျှင်
Credit ပေးရလား။ မပေးရလားဆိုသည်ကတော့
ကျွန်တော်လည်းသေချာမသိပါ။ အချို့ကတော့
ဒီတိုင်းယူသုံးနေကြသည်ကို တွေ့ရပါသည်။
အကယ်၍ Google က ယူသုံးလျှင် မိမိပိုစ်အောက်
ဆုံးမှာ Credit ပေးထားလိုက်လျှင် ပိုကောင်းမည်
ဟု ထင်ပါသည်။ ဥပမာ-
Gif photos credit Thank You
Gif Photos Credit Hive
စသဖြင့် Links မြုပ်ပြီးဖော်ပြပေးထားလိုလျှင်
အကောင်းဆုံးဖြစ်မည်ဟု အကြံပြုလိုက်ရပါသည်။
ထိုသို့မဟုတ် App များအသုံးပြုပြီး မိမိကိုယ်တိုင်
ဖန်းတီးအသုံးပြုထားလျှင်တောင် မိမိအသုံးပြုထား
သည့် App ကို Credit ပေးလျှင်ပိုကောင်းပါ
သည်။ ဥပမာ -
Gif Photos Created by Gif Maker
အဲ့သည်လိုမျိုး ပေးနိုင်လျှင် ဘာမှပြဿနာမရှိနိုင်
တော့ပါ။
Gif Photos များအား App သုံးပြီး ဖန်တီးခြင်း
Gif Photos များဖန်တီးရန် App များစွာရှိပါ
သည်။ ကျွန်တော် ယခုအသုံးပြုနေသည့် App များ
ကတော့ Picsart နှင့် Gif Maker Editor
ဖြစ်ပါသည်။ မိတ်ဆွေများ အသုံးပြုတက်စေရန်
Gif Photo တစ်ပုံ ပြုလုပ်ပြပါမည်။
၁။ Picsart ကိုဒေါင်းပါ။
၂။ Google မှ ပန်းပုံတစ်ပုံကို ဒေါင်းပါမည်။
၃။ Picsart App ကိုဖွင့်ပါ။
၄။ အောက်ပုံမှမြင်ရသည့်အတိုင်း အပေါင်း
လက္ခဏာအား နှိပ်ပါ။
၅။ ထို့နောက်အောက်ပုံမှာ မြင်ရသည့်အတိုင်း မိမိ
ဒေါင်းထားသော ပန်းပုံအားနှိပ်၍ ရွေးချယ်ပါ။
၆။ အောက်ပုံအတိုင်း ကြောငြာပေါ်လာပါမည်။
အမှားခြစ်ကိုသာ နှိပ်ပါ။
၇။ အဲ့ဒီနောက် အောက်ပုံပါအတိုင်း မြင်ရပါလိမ့်
မည်။ ပြီးလျှင် အောက်ရွေးချယ်စရာများထဲမှ
Brush ကိုနှိပ်ပါ။
၈။ Brush အားရွေးပြီးလျှင် အောက်ပုံမှာ မြင်ရ
သည့်အတိုင်း မိမိကြိုက်နှစ်သက်သည့် ငွေမှုံများကို
ရွေးပြီး ပုံအားခြစ်ပါ။
၉။ ပြီးလျှင် အောက်ပုံမှာ မြင်ရသည့်အတိုင်း အပေါ်
ဘားမှ အမှန်ခြစ်ကိုနှိပ်ပါ။
၁၀။ ပြီးလျှင် အောက်ပုံမှာ ပြထားသည့် အပေါ်ဘား
မျှားအောက်စိုက်နေသည့် နေရာအားနှိပ်ပါ။
၁၁။ ထိုသို့နှိပ်လိုက်လျှင် အောက်ပုံပါအတိုင်းမြင်ရ
မည်။ Close ကိုသာ နှိပ်ပါ။ အဲ့တာဆိုလျှင် မိမိ
ပုံက ဖုံးထဲရောက်သွားပါမည်။
၁၂။ ထို့နောက် အောက်ပုံပါ မြင်ရသည့်အတိုင်း
အပေါ်ဘားမှ ဘယ်ကွေးများကို နှိပ်ပြီး ပုံက
ငွေမှုံများ ပျောက်သည်အထိ လုပ်ပါ။ အဲ့သည်နောက်
Brush မှ ငွေမှုံကို နှိပ်ပြီး အထက်ပါနည်းအတိုင်း
ပုံအား ပြန်ခြယ်ပါ။ ပြီးလျှင် အမှန်ခြစ် နှိပ်ပြီး
Save ပါ။ ဒါဆိုလျှင် မိမိ၏ ဖုံးထဲသို့ မတူညီ
သော ငွေမှုံများနဲ့ ပန်းပုံ နှစ်ပုံ ရရှိလာမည်ဖြစ်ပါ
သည်။
၁၃ ။ Gif Maker Editor ကိုဒေါင်းပါ
၁၄။ ဒေါင်းပြီးလျှင် App ထဲကိုဝင်ပါ။ ထို့နောက်ပုံ
တွင်ပြထားသည့်အတိုင်း Images Gif ကိုနှိပ်ပါ။
၁၅။ ပြီးလျှင် ပုံရွေးရန်ထဲသို့ရောက်သွားပါလိမ့်မည်။
ခုနက Picsart App ဖြင့် ငွေမှုံပုံစံ လုပ်ထားသော
ပုံနှစ်ပုံကိုရွေးပါ။ ပြီးလျှင် အမှန်ခြစ်နှိပ်ပါ။
၁၆။ ပြီးလျှင်အောက်ပုံပါအတိုင်း အောက်ဘားမှ
Speed ကိုနှိပ်ပြီး မိမိ လိုချင်သလို ချိန်ညိပါ။
ကျန်သည့်အပိုင်းများကတော့ မိမိကြိုက်နှစ်သက်
သလို လုပ်ဆောင်ဖန်တီးနိုင်ပါသည်။
၁၇။ နောက်ဆုံးပြီးလျှင် အပေါ်ဘားမှ အမှန်ခြစ်အားနှိပ်ကာ
မိမိဖုန်းထဲတွင် Gif Phot အားသိမ်းကာ Hive
Platform တွင် ပိုစ်တင်ရာတွင် အသုံးပြုနိုင်ပါပြီ။
အားလုံးအဆင်ပြေကြမည်ဟု ထင်ပါသည်။ အကယ်
၍ နားမလည်ပါက မက်ဆင်ဂျာမှ လာရောက်မေး
မြန်းနိုင်ပါသည်။
Connect to me>>> Touch Image
KoKoMoeHein Myanmarkoko5 kokomoehei7




Post creator : @myanmarkoko
From : Myanmar
Name: KoKoMoeHein
03.12.21


Gif Photos Created by
Picsart and Gif Maker Editor

KoKoMoeHein | Myanmarkoko5 | kokomoehei7 |
---|---|---|
![]() | ![]() | ![]() |
Post creator : @myanmarkoko
From : Myanmar
Name: KoKoMoeHein
03.12.21
Gif Photos Created by
Picsart and Gif Maker Editor