သည်နေ့မှာတော့ မိမိ၏ပိုစ်အား ဖတ်ချင်စဖွယ်ဖြစ်
အောင် အလှဆင်ပုံများကို ကျွန်တော်သိရှိထားသည့်
အတိုင်း မျှဝေပေးပါမည်။ ဤပိုစ်သည် လူသစ်များ
အတွက်သာ ရည်ရွယ်ပါသည်။ အိုးဆားဗစ် ဝါရင့်
ကြီးများကတော့ ဤပိုစ်အားကျော်သွားနိုင်ပါသည်။
မိမိပိုစ်အား အများကမြင်၍ ဝင်ကြည့်လိုက်သည်နှင့်
နားမလည်လျှင်တောင် ပိုစ်အပြင်ဆင်အားကြည့်၍
လည်း ကြိုက်နှစ်သက်ကာ ဗုတ်ပေးသွားနိုင်ပါသည်။
တစ်နည်းအားဖြင့် ဤကဲ့သို့ ပိုစ်အား အလှဆင်ခြင်း
သည် မိမိ၏ Brand အားတည်ဆောက် ခြင်းလည်း
ဖြစ်ပါသည်။ ထို့ကြောင့် ပိုစ်အလှဆင်ခြင်းသည်
အရေးပါးသောကြောင့် ယခုလို မျှဝေပေးရခြင်းဖြစ်
ပါသည်။
Hive blog မှာ စာလုံးအကြီးပြောင်းချင်လျှင်
မိမိကြီးစေလိုသော စကားလုံးများရှေ့တွင် #ခံပေးရ
ပါမည်။ ဥပမာ -
တစ်ခုရှိသည်က # တစ်ခုတည်းခံလျှင် အကြီးဆုံး
စလုံးဖြစ်လာမည်။ နှစ်ခုသုံးခု ခံလျှင် အစဥ်လိုက် တဖြေး
ဖြေး သေးသွားပါမည်။ ဥပမာ-
မိမိက သိသာထင်းရှားစေချင်သော စလုံးများကို
တော့ အစနဲ့အဆုံးမှာ **နှစ်ခုကို ကပ်ပြီးရေးပေးရ
ပါမည်။ ဥပမာ -
I love you
မိမိက ကဗျာရေးသားမည်။ အဲ့ဒီကဗျာလေးကို
ပိုစ်အလယ်မှာ ထားချင်သည်ဆိုလျှင် အောက်ပါ
အတိုင်း ထားပေးရပါမည်။
ပူစီကလေး ပေါကြောင်ကြောင်
နှုတ်ခမ်းမွေးတွေထောင်၊
ထောင်ပေမဲ့လည်း အလကား
ပူစီကြောင်ငကြွား။
ငကြွားငကြောင် ကျားယောင်ဆောင်
ကြားနဲ့မတူပေါင်၊
အမြီးထောင်လို့ အကောင်သေး
ပူစီကြောင်ကလေး... ။
ပြီးလျှင် ထိုကဗျာလေးအား နဲနဲကြီးစေချင်သည်ဆို
လျှင် ရှေ့ဆုံးမှာ # ခံပေးပြီး Space Bar ခြား
ပေးရပါမည်။
မိမိက ဆောင်းပါးတစ်ပုဒ်ရေးသည်။ ဆောင်းပါးနှင့်
လိုက်ဖက်သည့် ဓာတ်ပုံများကို ယူသုံးမည်ဆိုပါစို့။
သို့ပေမဲ့ အားလုံးသိပြီးဖြစ်မှာပါ။ Hive
Platform တွင် သူများဓာတ်ပုံ စာများအား
Copy ယူသုံးလို့မရပေ။ အကယ်၍ ယူသုံးချင်သည်
ဆိုလျှင် မူရင်းတင်ထားသူအား Credit ပေးရမည်
ဖြစ်သည်။ အဲ့ဒီလိုဆိုလျှင် Google က ပန်းပုံတစ်
ပုံယူသုံးမည်။ ထိုယူသုံးထားတဲ့ မူရင်းဓာတ်ပုံ Link
အား ထိုပုံအောက်တွင် Link ချပေးရမည်ဖြစ်သည်။
ထိုသို့ဆိုသော် ပုံအောက်မှာ Link အရှည်ကြီးနဲ့
မလှမပ ဖြစ်နေပါလိမ့်မည်။ ထို့ကြောင့် အဲ့သည်
Links အား အောက်ပါအတိုင်း မြုပ်ရေးနိုင်ပါ
သည်။
၁။ အရင်ဆုံး Image Credit ဟုရေးပါ။
၂။ Image Credit ကို လေးထောင့်ကွင်းခက်ပါ။
[Image Credit]
၃။ [Image Credit] ဘေးကပ်လျှက် ကွင်းစ
( ရေးပါ။ ပြီးလျှင် မိမိကူးယူခဲ့သော ဓာတ်ပုံ link
အား paste ချပါ။ နောက်ဆုံးတွင် ကွင်းပိတ် )
ခက်လိုက်ပါ။
အားလုံးအဆင်ပြေကြမည်ဟု ထင်ပါသည်။ အကယ်
၍ နားမလည်ပါက မက်ဆင်ဂျာမှ လာရောက်မေး
မြန်းနိုင်ပါသည်။
| KoKoMoeHein | Myanmarkoko5 | kokomoehei7 |
|---|---|---|
Post creator : @myanmarkoko
From : Myanmar
Name: KoKoMoeHein
03.12.21