မြန်မာငွေ ဘာလဲ ဘယ်လဲ

Words
202
Reading
1 min
Listen
Play
4y

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ နိုင်ငံသုံးငွေကြေးအခြေအနေကတော့ မိုးထဲရေထဲရောက်နေပါပြီ။ ဗဟိုဘဏ်က တစ်ဒေါ်လာကို မြန်မာငွေ ၁၈၅၀ကျပ် နှုန်းသတ်မှတ်ထားပေမယ့် အပြင်ဈေးကွက်မှာကတော့ တစ်ဒေါ်လာကို ၂၃၀၀ကျပ် ကနေ ၂၅၀၀ကျပ် အထိ ဈေးပေါက်နေကြောင်း သိရပါတယ်။ အာဏာစသိမ်းပြီးတည်းက ကျလာလိုက်တဲ့ မြန်မာငွေတန်ဖိုးဟာ အခုချိန်ထိ အတက်မရှိဘဲ အကျဖက်ကိုချည်း တရိပ်ရိပ်နဲ့ ဦးတည်နေခဲ့တာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်လိုက်တဲ့ “နိုင်ငံခြားကုမ္ပဏီတွေ ဗဟိုဘဏ်ကို ဒေါ်လာ လာအပ်ကြဖို့ အမိန့်စာ” ဟာလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ မြန်မာပြည်က ထွက်သွားစေဖို့ အဓိကဖိအားတစ်ရပ် ဖြစ်လာစေခဲ့တာကိုလည်း အားလုံးအသိဖြစ်ကြမှာပါ။ ဒီလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ မြန်မာပြည်က ထွက်သွားခဲ့မယ်ဆိုရင် နောက်ဖြစ်လာမယ့် နောက်ဆက်တွဲဆိုးကျိုးတွေက တသိီတတန်းကြီးပါ။ တခြားဟာတွေဖြစ်မလာခင် အခုလက်ရှိ မြေပြင်အခြေအနေမှာ အိမ်သုံးဂတ်စ်တွေ ပြတ်တောက်တာ၊ လောင်စာဆီတွေဝယ်မရတာ၊ ဆေးနဲ့ဆေးပစ္စည်းတွေ ဈေးတွေထိုးတက်ကုန်တာ၊ အခြား ပြည်ပကတင်သွင်းရတဲ့ အလှကုန်နဲ့ စားသောက်ကုန်လိုမျိုး ကုန်ပစ္စည်းတွေ ဈေးတရိပ်ရိပ်တက်လာတာကတော့ လက်ငင်းကို ခံစားနေကြရပါပြီ။

ဒါဟာ နောက်ဖြစ်လာမယ့် ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ ငွေကြေးဖောင်းပွမှုတွေရဲ့ အကင်းလေးပဲ ရှိပါသေးတယ်။ အခုလိုမျိုးတွေ နိုင်ငံခြား company တွေဆီက ဒေါ်လာကို သရဲမရဲစီးပြီး တောင်းနေ၊ သိမ်းနေတာကြောင့် နောက်ပိုင်းမှာ ဘယ်သူမှ မြန်မာမှာလာပြီး ရင်းနှီးမြှုပ်နှံကြမှာမဟုတ်တဲ့အတွက် ဘာဝယ်ဝယ်နိုင်ငံခြားကပဲ ဈေးကြီးတွေပေးဝယ်သုံးရမလား၊ ဘာမှသွင်းမရလို့ ဝံသာနုစိတ်ဓာတ်အားပေးတဲ့အနေနဲ့ သမဝါယမနဲ့ ဝင်းသူဇာခေတ်ပဲ ပြန်ရောက်သွားမလား ဆိုတာကတော့ ရင်မောဖွယ်ရာပါပဲ။

အခုချိန်မှာ တော်လှန်ရေးကာလလည်း ဖြစ်နေတာကြောင့် နဂိုရှိရင်းစွဲ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေကိုပါ ရပ်နားထားရတဲ့အတွက် ပြည်တွင်းထွက်ကုန်ဆိုတာ လူပဲရှိနေတဲ့ အနေအထားဖြစ်နေပါတယ်။ တော်လှန်ရေးအောင်မြင်သွားခဲ့ရင်တောင်မှ စစ်ပွဲဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားတဲ့ လူနေအိမ်တွေနဲ့ အခြေခံအဆောက်အအုံတွေ၊ စီးပွားရေးလုပ်ငန်းတွေကို ပြန်လည်ထူထောင်ရဦးမှာဖြစ်လို့ အဲ့ဒီအချိန်ကျရင်လည်း ပြည်ပက ပစ္စည်းတွေဝယ်တဲ့အခါမျိုးတွေမှာ မြန်မာငွေအမြောက်အများ သုံးရဦးမှာပါ။ ပြည်ပကချည်းပဲ ပစ္စည်းတွေဝယ်သွင်းရတဲ့အခါကျတော့ နိုင်ငံတွင်းက မြန်မာငွေတွေကို နိုင်ငံခြားငွေအဖြစ်ပြောင်းပြီး ဝယ်ရတာကြောင့် မြန်မာငွေရဲ့ တန်ဖိုးက တော်ရုံနဲ့တက်လာတော့မှာမဟုတ်ပါဘူး။

ဒါ့အပြင် ကမ္ဘာ့စီးပွားပျက်ကပ်ကလည်း ဖြစ်သယောင်ယောင်ဖြစ်နေပါပြီ။ ဒီလို အခြေအနေတွေကြားမှာ ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကို ဘယ်လိုကာကွယ်မလဲဆိုတာက အရေးပါလာပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကို ဘယ်လို asset တွေအဖြစ် အသွင်ပြောင်းပြီး ကာကွယ်ရမလဲဆိုတာကိုလည်း လေ့လာဆုံးဖြတ်ကြည့်ကြပါ။ ဒီအတိုင်းနေရင်တော့ ကိုယ့်လက်ထဲမှာကိုင်ထားတဲ့ မြန်မာငွေတွေက တန်ဖိုးကျသထက်ကျလာတာကို ငုတ်တုတ်ထိုင်ကြည့်နေရပါ
လိမ့်မယ်။

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/myancrypto

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=TIRSVFWP

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL

မြန်မာငွေ ဘာလဲ ဘယ်လဲ | Ecency