Hive Platform ၏ လျို့ဝှက်ချက် ( Henry Aung )

111.jpeg

မင်္ဂလာပါ။ Hive ဈေးကတော့ ယနေ့လည်း အစိမ်းရောင်ပြန်သန်းလာသည်မို့ Hive နှင့် ဆိုင်သည့် အကြောင်းပဲရေးပါအုံးမည်။ ယခုတလော Hive platform နှင့် ပတ်သက်၍ ရေးရသည်မှာ အတော်လေး လက်သွက်နေပါတော့သည်။

အဘယ့်ကြောင့်ဆိုသော် မိတ်ဆွေတို့သိပြီး ဖြစ်သည့် အတိုင်း Hive ဈေးက မြန်မာငွေဖြင့် ၄၂၀၀ ကျပ် ဝန်းကျင်တွင် ရောက်နေပြီ ဖြစ်သောကြောင့် ဖြစ်ပါသည်။ ယခင်က 1 Hive သည် မုန့်ဟင်းခါးစား လက်ဖက်ရည် သောက် အဆင့်သာ ရှိသော်လည်း ယခုတော့ 1 Hive ဖြင့် ထမင်းဝဝလင်လင် စား၍ ရသော အဆင့်သို့ ရောက်လာပြီ ဖြစ်ပါသည်။

ဤသို့ ဆိုလျင်ဖြင့် များမကြာမှီ @donjaun ပြောသကဲ့သို့ 1 Hive ဖြင့် သရေစာလည်းစား ထမင်းလည်းအဝစားရုံသာမက ညနေ Beer လည်း မော့နိုင်သည့် အဖြစ်သို့ ရောက်လာပါလိမ့်မည်။

ယနေ့ နံနက်တော့ ဘာရယ်မဟုတ် Hive Platform အားကြည့်ရင်း ကျွန်တော့၏ Pizza wallet အား ကြည့်လိုက်သောအခါ အတော်လေး အံ့ဩသွားပါတော့သည်။ ကျွန်တော့ wallet တွင် Pizza ၆၂ ခု Airdrop ရထားသည်ကို တွေ့လိုက်ရသော ကြောင့် ဖြစ်ပါသည်။ အဘယ့်ကြောင့် Airdrop ချပေးသည်တော့မသိရသေးပါ။

မိတ်ဆွေတို့ အနေဖြင့်လည်း Pizza Stack လုပ်ထားလျင် မိမိ Hive Engine wallet အား ဖွင့်ကြည့်ကြပါကုန်။ ကျွန်တော်တွက်ကြည့်သော အချိန်တွင် Hive က မြန်မာကျပ်ငွေဖြင့် ၄၂၄၇ ကျပ် ပေါက်နေသည် ဖြစ်ရာ Pizza တခု၏ တန်ဖိုးသည် မြန်မာငွေ ၃၀၀ ကျပ်နီးပါး ဈေးပေါက်နေသည်ကို တွေ့ရပါသည်။

Pizza ၆၂ ခုရသည်ဆိုတော့ မြန်မာငွေ ၁၈၀၀၀ ကျပ်ရသည့် သဘော ဖြစ်ပါသည်။ Pizza Hut မှ ဟာဝေယံ Pizza တချပ်လျင် ( ၁၂ လက်မ ပတ်လည် ) ၁၂၀၀၀ ကျပ်သာပေးရသည်ဖြစ်ရာ ဟာဝေယံ pizza တချပ်ကျော်ကျော် Airdrop ချပေးလိုက်သည့် သဘောဖြစ်ပါသည်။

Hive Platform ၏ ကောင်းကွက်မှာ ဤသို့သော Comment များတွင် pizza ဟု ရိုက်ထည့်လိုက်သည်နှင့် တကယ် pizza ဝယ်စားလို့ရခြင်း ဖြစ်ပါသည်။ Hive Platform အား သဘောကျရခြင်းနောက်တခုမှာ မျက်နှာပြောင်လျင် ပိုက်ဆံရခြင်း ဖြစ်ပါသည်။ Comment များတွင် မျက်နှာပြောင်တိုက်လာခဲ့သည်မှာ ၂ ပတ်ခန့်ရှိပြီဟုထင်ပါသည်။

ယခု ကျွန်တော့တွင် LOL 55 ခုစုထားမိပြီ ဖြစ်ရာ တန်ဖိုးအနေဖြင့် USD 14$ ဟူလို။ ယနေ့ USD ပေါက်ဈေး ၁၈၀၀ ကျပ်ဖြင့် တွက်လျင်ပင် မြန်မာငွေ ၂၅၀၀၀ ကျော်ရနေသည့် သဘော ဖြစ်ပါသည်။ နိပ်ဟ။

အပြင်တွင် မျက်နှာပြောင်တိုက်လျင် ထိုးကြိတ်ခံရမည်လား ပါးကွဲမည်လား တခုခုတော့ သေချာပါသည်။ Hive Platform တွင် မျာနှာပြောင်လျင်တော့ ပိုက်ဆံရပါသည်။ ကျွန်တော့ အတွက်တော့ Hive Platform သည် "သူ့ထက်ကောင်းတာတောင် သူ့လောက်မကောင်းဘူး " ဟူသော Blockchain ဖြစ်ပါသည်။ မိတ်ဆွေများကကော မည်သို့ထင်ပါသနည်း။

အခြားတခု ကျွန်တော် Hive Platform အား သဘောကျသည်မှာ Hive Engine Token စုထားသောကြောင့် Stacking reward ရသည့်အပြင် အခြားသော token များအားလည်း အချိုးကျ ပြန်လည်ရရှိခြင်း ဖြစ်ပါသည်။

ဥပမာအားဖြင့် SIM စုထားခြင်းကြောင့် Hive နေ့စဉ် အချိုးကျပြန်ရသလို COM စုထားခြင်းကြောင့် နေစဉ် SIM အချိုးကျပြန်ရပါသည်။ LIST token Stack လုပ်ထားသောကြောင့် COM token အချိုးကျရနိုင်သလို Hustler Dollar Stack လုပ်ထားလျင်လည်း COM အချိုးကျရပါသည်။

အချိုးကျဟူသည်မှာ မိမိ Stacking လုပ်ထားသော Token အနည်းအများပေါ်မူတည်၍ အချိုးကျရခြင်း ဖြစ်ပါသည်။ ဤသည်မှာ ကျွန်တော့အနေဖြင့် အကြမ်းဖျင်း ဖေါ်ပြပေးခြင်းသာ ဖြစ်ရာ အခြားသော HE token တခုနှင့် တခု ဆက်နွယ်မှုများ အများအပြားရှိပါသေးသည်။

ဤ Hive Engine token များသည်လည်း နည်းသည်ဖြစ်စေ များသည်ဖြစ်စေ နောက်ဆုံးတွင် Hive ဟူသော token တွင် အဆုံးသတ်သည်ဖြစ်ရာ Hive ဈေးတက်လျင် တက်သလောက် အကျိုးရှိနေမည်သာ ဖြစ်ပါသည်။

အမှန်တော့ Hive Platform သည် လျို့ဝှက်ချက် များစွာ ရှိနေသော Blockchain တခုသာဖြစ်ပါသည်။ နေ့စဉ်နှင်အမျှ စိတ်ဝင်စားစရာ တခုပြီး တခုထွက်လာနေပါသည်။ မိမိတို့ကသာ အမှီလိုက်ရန် လိုပါလိမ့်မည်။

Henry Aung ( Kachin )

29/11/2021 - Monday - 18;08 Pm

H2
H3
H4
3 columns
2 columns
1 column
46 Comments
Ecency