မင်္ဂလာရှိစေသော်

Words
74
Reading
1 min
Listen
Play
4y

မင်္ဂလာပါ။
ရောင်နီလာ နံနက်ခင်းမှာ မင်္ဂလာပါ။
မင်္ဂလာရှိစေသော် မင်္ဂလာရှိစေသော် ဟု ပထမဦးစွာ ပဏာမနှုတ်ခွန်းဆက်သလိုက်ရပါတယ်။

မကြာခင် ရက်ပိုင်းမှာ မဟာသင်္ကြန်ချိန်ခါ ရောက်ရှိပါတော့မည်။
နှစ်ဟောင်း ကုန်ဆုံးလို့ နှစ်သစ်ရောက်ပါတော့မည်။
နှစ်ဟောင်း မှ မကောင်းတာတွေ ဖယ်ချန်ခဲ့ပြီး နှစ်သစ်မှာ ကောင်းခြင်းအဖြာဖြာ ရှိကြဖို့ အာရုံပြု လုပ်ဆောင်ကြရအောင်ပါ။

နှစ်ဟောင်းမှ မကောင်းခြင်းတွေကို အတာရေ ဖြင့် ဆေးကြောဖို့ ရေသဘင်ပွဲတွေ ဆီကိုတော့ ကျွန်တော် သွားမှာ မဟုတ်ပါဘူး။
သို့ပေသော် သင်္ကြန်ရေ အစိုမခံဘူးဟုတော့ မဆိုလိုပါ။
မိတ်ဆွေတို့ရော ဒီ နှစ်ကူးမှာ ဘာတွေ လုပ်ကြဖို့ စိတ်ကူးရှိကြလဲ။
ကျွန်တော်ကတော့ အလုပ်ကိစ္စ မရှိရင် အိမ်တွင်းအောင်းနေဖြစ်မှာပါ။

ကျွန်တော်တို့လို Hive Blockchain ကို အသုံးပြုနေသူတွေ အဖို့တော့ အိမ်တွင်းအောင်းနေခြင်းမှလည်း ငွေဝင်နိုင်တယ် မဟုတ်လား။

ကဲ ဒီနေ့တော့ အခြား ရွာတစ်ရွာ သွားရင်း အပြန်မှာ ထန်းပင်တွေကြားက နေမင်း ကို ဓာတ်ပုံရိုက်ယူခဲ့ပါတယ်။
နေတက်ချိန်လား နေဝင်ချိန်လား မိတ်ဆွေတို့ ခွဲခြား မြင်သိနိုင်ကြပါသလား။

golden.future@golden.future

မင်္ဂလာရှိစေသော် | Ecency