မင်္ဂလာပါ။
ကျွန်တော် နေထိုင်ရာ ကျေးရွာ၏ တောင်ဘက် မိုးနံခြုံကျေးရွာ အနီး၌ ဖိုကျဉ်ကုန်း ဘုရားကုန်း ရှိသည်။
ဖိုကျဉ်ကုန်း ဆိုသည်မှာ ရှေးအခါက ထိုတောင်ကုန်း ပေါ်မှာ ရှမ်းမောင်နှမ ကို တံကျဉ်ထိုး၍ သတ်ထားသောကြောင့် နတ်စိမ်း ဖြစ်နေသည်ဟု အစွဲပြုကာ ခေါ်ဝေါ်ကြသည် ဆိုသည်။
သို့ဖြစ်၍ ထိုတောင်ကုန်းပေါ်မှာ ဘုရားစေတီ နှင့် နတ်နန်း တွဲလျက် တည်ရှိကြသည်။
ကျွန်တော် နေထိုင်ရာဒေသ မှ မိရိုးဖလာ ဗုဒ္ဓဘာသာတွေက ထို ဖိုကျဉ်ကုန်းဘုရားကို တန်ခိုးကြီး ဆုတောင်းပြည့်သည်ဟု အယူရှိကြသလို နတ်နန်းမှာ နတ်ကနား ကကြရင်း နတ်ဟောစကား နားယူကြသည်လည်း ရှိကြသည်။
အထူးသဖြင့်တော့ နတ်ယုံကြည်ကြသူတွေက နတ်ပူးသည်ထံမှ နှစ်လုံး၊ သုံးလုံး အတိတ်စိမ်း မေးကြ၊ ယူကြသည်။
ကျွန်တော်ကတော့ အယုံအကြည် မရှိသလို ဝါသနာလည်း မပါ။
အိမ်က ဇနီးကတော့ အမျိုးသမီးမိတ်ဆွေ အပေါင်းသင်းတွေနှင့် ဗဟုသုတ လိုက်ပါ သွားရောက်ဖူးသည်။
ထို ဖိုကျဉ်ကုန်းဘုရား စောင်းတန်း နှင့် သဘာဝပုံတွေ ကို အမှတ်တရ ဓာတ်ပုံရိုက်ယူပေးခဲ့သည်။
စေတီဘုရားပုံတွေကို အရင်က ပို့စ်တင်ဖူးပြီမို့ ဒီနေ့တော့ လက်ကျန် သဘာဝပုံလေးတွေပါ။
ထိုဖိုကျဉ်ကုန်း ပေါ်မှ အမြန်လမ်း ၊ ဧရာဝတီမြစ်ကူးတံတားကြီးရတနာပုံ ကို လှမ်း၍ မြင်နိုင်ပါသည်။
ဒါကတော့ ဒေသန္တရဗဟုသုတ သဘာဝပုံတွေပါပဲ။