ပြန်တက်သေးဘူးလား

Tokens စျေးတွေက ကျနေတော့ စိတ်ဓာတ်ကပါ ကျချင်ချင် ဖြစ်လို့ လာပြန်၏။ ယခင်လို ငွေဝင်လမ်း ရှိနေပါက ယခင်လို အချိန်မျိုးမှာ tokens တွေ ဝယ်ထားမိမည် ထင်၏။ ခုတော့ ဒီအတိုင်းလေးပဲ ငေးလို့ ကြည့်နေရ၏။ crypto market တခုလုံးက ရဲရဲ နီနေမှတော့ တခုရောင်းပြီး တခုခုကို ပြန်ဝယ်ဖို့ကလည်း မဖြစ်နိုင် ပြန်ပေ။ ဟင်း... ခက်သားလား။ သက်ပြင်းတွေသာချလို့ စုတ်သတ်နေရတော့၏။

စျေး အတက်အကျက သဘာဝပဲ မဟုတ်လား။ ဒါပေမယ့် ကျချိန်မှာ မဝယ်ထားနိုင်သည့် ကိုယ့် အဖြစ်ကိုသာ ရင်နာမိ၏။ ကျချိန်မှာ ဝယ်ထားပြီး power သာ up ပစ်လိုက်ရသော်ဆိုပြီး တွေးတွေးနေမိ၏။ ဒါမှမဟုတ်လည်း ကျတုန်း ဝယ်ထားပြီး တက်တော့ ပြန်ရောင်း ဒါမျိုးလည်း ရသည် မဟုတ်လား။

Hive နှင့်အတူ တွဲပြီး မျှော်လင့်ထားမိသည့် LOA ကလည်း စျေးတွေကျနေချက်က မြင်မကောင်းပေ။ တကယ့်ကို စိတ်မကောင်း စရာပင်။ သတ်မှတ်စျေး 1 LOA ကို 0.05$ နဲ့ စခဲ့ပြီးနောက် ထွက်စ ကာလတွေမှာ 1$ ထိ ရောက်ခဲ့ဖူးသော LOA မှာ ခုချိန် တဖြည်းဖြည်းနဲ့ 0.003$ လောက်ထိ ကျသွားခဲ့၏။ crypto စျေးကွက်ကြီး ကမောက်ကမ ဖြစ်မှုကြောင့်ကော ပြီး LOA Team ၏ ကြန့်ကြာနေမှုတွေကြောင့်လည်း LOA စျေးက ခုလောက်ထိ ထိုးကျသွားရခြင်း ဖြစ်၏။ Team အနေနဲ့ တခုခုကို အမြန် ပြန်လည် ဖော်ဆောင်ပေးနိုင်မှသာ tokens အခြေအနေက ပြန်ကောင်းလာ နိုင်ပေလိမ့်မယ်။

ဂိမ်းမထွက်နိုင်သေးတာ မှန်ပေမယ့် လက်ရှိမှာ ပြီးသင့်သည့် ထုတ်ဖော်ပြသသင့်သည့် အရာတွေကို ချပြ နိုင်ဖို့ လို၏။ Telegram နဲ့ Discord မှာလည်း ထိုကိစ္စတွေကိုပဲ ပြောဆို ငြင်းခုန် နေရ၏။ မြန်မြန်လေး အဆင်ပြေသွားဖို့တော့ မျှော်လင့်နေမိ၏။ ခုလို Hive စျေးကျနေချိန်မှာ LOA လေး ပြန်လည် ဦးမော့လာလျှင်လည်း မဆိုးပေ။ အသက်ရှူချောင်တာပေါ့။ ခုတော့ Hive က တချက်တီးလိုက် LOA က နှစ်ချက် တီးလိုက်နဲ့ လူလည်း ခပ်မြော့မြော့သာ ကျန်တော့၏။

ဒါတောင် ကိုယ်က သူများတွေလို ငွေအား အရင်းအနှီး စိုက်ထုတ်ထားတာမျိုး မရှိ၊ အချိန်သာ ပေးထားရ၏။ အချိန်တောင်မှ တမင် ပေးရတာမျိုး မဟုတ်ဘဲ အားလပ်ချိန် အနည်းငယ်လောက်သာ ပေးထားရခြင်း ဖြစ်၏။ သို့ပေမယ့် ခုလို စျေးကျ ချိန်မျိုးလေးမှတော့ လက်ထဲသာ ငဝါးလေး ရှိနေရင် ဝယ်တော့ ဝယ်ထားချင်သားရယ်။ Hive မှာ power က အလွန် စကားပြောသည် မဟုတ်လား။

H2
H3
H4
3 columns
2 columns
1 column
11 Comments
Ecency