မနက်စာ (သို့) ကြည်နူးစာ

Words
64
Reading
1 min
4y
Listen to this post
~1 min

Hive Myanmar အဖွဲ့သားများအားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာရှိကြပါစေခင်ဗျာ။

ဒီနေ့ကတော့ super sunday အလွန် ရုံးသမား အများစု မရောက်ချင်ကြတဲ့ monday ပဲ ဖြစ်ပါတယ်။

မနေ့ကတော့ အားလပ်ရက် အထွေအထူး လုပ်ဖြစ်ခဲ့တာ မရှိပါဘူး။ မနက်စောပိုင်းထဲက ချစ်သူ က ဒီနေ့တွေ့ကြမယ်ဆိုလို့ အစောကြီးနိုးပြီး ပြင်ဆင်နေခဲ့မိပါတယ်။

နောက် ရောက်လာပြီဆိုတာနဲ့ သူ့ကိုသွားကြိုပြီး မနက်စာအတူစားဖြစ်ခဲ့ပါတယ်။ သူကတော့ ဘုရားတင်ဖို့နဲ့ ကျနော့်အတွက်ဆိုပြီး ပန်းစည်းတစ်စည်းပေးခဲ့ပါတယ်။ နေကြာပန်းစည်းလေးပါပဲ။

ဒီပန်းစည်းကိုလည်း ကျနော်က ဘုရားမှာပဲ ပြန်တင်ပြီး ၂ယောက် ကုသိုလ်ယူခဲ့ကြပါတယ်။

ပြီးတဲ့အခါ နီးစပ်ရာ လက်ဖက်ရည်ဆိုင်မှာ မနက်စာ သွားစားဖြစ်ခဲ့ပါတယ်။ ဒီဆိုင်မှာတော့ စားဖွယ်အတော်စုံစုံလင်လင်ရပြီး စျေးနှုန်းကလည်း သင့်တင့်ပါတယ်။ ရက်ကွက်နေသူအများစုနဲ့ အမြဲ စည်ကားနေတတ်ပြီး ထိုင်ရတာလည်း ခုံပုလေးတွေနဲ့မို့ အဆင်ပြေလှပါတယ်။

နှစ်ယောက်အတူ စားဖြစ်တဲ့ ဒီ sunday မနက်စာလေးကတော့ ကြည်နူးစရာ မနက်စာလေးပဲ ဖြစ်ပါတယ်။

မနက်စာ (သို့) ကြည်နူးစာ | Ecency