ဒီနေ့ paper box နှစ်ခုပြုလုပ်ထားပါတယ်။ စက္ကူခေါက်၍ပြုလုပ်ထားတာပါ။ box တစ်ခုမှာစက္ကူခေါက်နှစ်ခုကိုကော်ကပ်ထားတာပါ။ ထို box တွေကိုအခြားကတ်ထူတစ်ခုပေါ်ထား၍ပန်းတစ်ပွင့်ဖြင့်အလှဆင်ထားပါတယ်။ဘယ်လိုပြုလုပ်ရမလဲဆိုတာကိုပုံများဖြင့်ပြထားသလိုစာလည်းရေးပြထားပါတယ်။ဒီတစ်ခုမှာ box နှစ်ခုလိုအပ်တာကြောင့်စက္ကူခေါက်လေးခုခေါက်ရမှာပါ။လိုအပ်တာတွေကရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံစသဖြင့်ပါ။
ထို box အတွက်စက္ကူခေါက်ရန်စက္ကူအရောင်နှစ်မျိုးကိုအလျားအနံတူညီစွာဖြတ်ပါ့မယ်။ထိုစက္ကူကိုတစ်ဝက်ခေါက်၍နောက်ထပ်တစ်ဝက်ထပ်မံခေါက်ပါတယ်။အနားနှစ်ဘက်ကိုအလယ်သို့ပုံအတိုင်းခေါက်၍ကျန်တစ်ဘက်ကိုလည်းထိုအတိုင်းခေါက်ရမှာပါ။နောက်တစ်ဆင့်မှာစက္ကူကိုအပေါ်သို့တစ်ဆင့်ခေါက်၍ဘေးဘက်အနားစွန်းနှစ်ခုကိုအတွင်းသို့ခေါက်တယ်။ကျန်စက္ကူစကိုလည်းပုံအတိုင်းအပေါ်သို့ခေါက်၍ဘေးဘက်အနားစွန်းကိုခေါက်ရမှာပါ။ပြီးနောက်ထိုစက္ကူကိုအတွင်းသို့ခေါက်ပါတယ်။နောက်တစ်ဆင့်မှာပုံအတိုင်းခေါက်တယ်။ထိုစက္ကူခေါက်လိုမျိုးနောက်တစ်ခုပြုလုပ်၍ထိုနှစ်ခုကိုကော်ကပ်ပါတယ်။ထိုအတိုင်းနောက်ထပ် box တစ်ခုထပ်မံပြုလုပ်ပါတယ်။ လေးထောင့်ပုံကတ်ထူတစ်ခုဖြတ်၍အဝါရောင်စက္ကူဖြင့်ကော်ကပ်ပါတယ်။ထိုကတ်ထူပေါ် box နှစ်ခုကိုကော်ကပ်ပါတယ်။
ဒီအဆင့်မှာ အလှဆင်ရန်ပန်းပွင့်တစ်ပွင့်ပြုလုပ်ပါ့မယ်။ပန်းပွင့်အတွက်အရွယ်တူပွင့်ဖတ်များဖြတ်၍အခြားစက္ကူတစ်ခုပေါ်ကော်ကပ်ရမှာပါ။နောက်ထပ်ပိုသေးတဲ့ပွင့်ဖတ်များဖြတ်၍ထပ်မံကော်ကပ်ပါတယ်။စက်ဝိုင်းပုံစံစက္ကူအပိုင်းငယ်တစ်ခုဖြတ်၍လည်းကော်ကပ်တယ်။ထိုပန်းပွင့်ကို box မှာအလှဆင်ပါတယ်။ ပုံလှလှလေးတွေလည်းရိုက်ထားပါတယ်။
July 22,2022
Written by @asterkame
By my photos & made by me