ရင်နာစရာကောင်းလွန်းလို့

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...

အလွန်နှစ်ပေါင်းကြာမြင့်စွာတည်ရှိခဲ့တဲ့ ကျုပ်တို့ဗမာလူမျိုးများရဲ့ အချင်းချင်းကောင်းစားတယ်ဆိုရင် သူတစ်ပါးကောင်းစားတယ် ကြီးပွားတယ်ဆိုရင် ဝမ်းသာတယ်ဆိုတာမရှိခဲ့ကြဘူး... ဝိုင်းဝန်းကဲ့ရဲ့ကြမယ်... ဝိုင်းပြီးဆော်ပလော်တီးလိုက်မယ်ဆိုတဲ့ စိတ်ဓာတ်တွေ ကနေ့ချိန်ထိတိုင်အောင် တည်ရှိနေခဲ့ကြဆဲပဲ...


cover_myanmar_1.png


အချင်းချင်း ကူညီလို့ လက်တွဲခေါ်ဖို့နေနေသာသာ ချောက်တွန်းတယ်... ကောက်ကျစ်တဲ့ဉာဏ်တွေနဲ့ တွန်းချဖို့ စိတ်ကူးတွေတော့ ကောင်းလိုက်ကြတာဗျာ... လူတိုင်းလူတိုင်းကိုတော့ အဲသလိုစိတ်ဓာတ်ရှိတယ်လို့ မဆိုလိုချင်ပါဘူး... ဒါပေမယ့် ကျုပ်တို့ အများစုကတော့ အဲဒီအတိုင်းပဲဖြစ်နေကြဆဲပါပဲ...

စုတ်ပြတ်သတ်နေတဲ့စိတ်ဓာတ်တွေနဲ့ ကျွန်တော်တို့တစ်တွေ နိုင်ငံတိုးတက်ရေးလုပ်ကြမယ်ဆိုတာ ဟုတ်နိုင်ပါ့မလားလို့လည်း အချိန်တိုင်း စဉ်းစားနေမိတယ်... သူတစ်ပါးနိုင်ငံတွေတိုးတက်သွားတာကြည့်ပြီး ဟိုလူ့ လက်ညှိုးထိုးရမလိုလို ဒီလူ့လက်ညှိုးထိုးရမလိုလိုနဲ့ သူတပါးကို လက်ညှိုးထိုးဖို့ပဲလုပ်ဖြစ်နေတယ်... ကိုယ့်ကိုယ်ကို လက်ညှိုးမထိုးဖြစ်ခဲ့ဘူး...

အချို့နိုင်ငံတွေ မကြာခင်ကာလကမှ လွတ်လပ်ရေးရခဲ့ကြရတယ်... ကျွန်တော်တို့ နိုင်ငံထက် နှစ်ပေါင်း(၄၀)ကျော်နောက်ကျပြီးမှ လွတ်လပ်ရေးရခဲ့တဲ့ ဟောင်ကောင် ထက် ပိုပြီး ဖွံ့ဖြိုးတိုးတက်နေသင့်ပါတယ်... အမြင်ရှိတဲ့သူတွေက အရှိကို အရှိအတိုင်း လက်ခံကြတယ် ကိုယ့်နိုင်ငံ ကိုယ့်ရေ‌မြေနဲ့ကိုက်ညီအောင် ဖန်တီးကျင့်သုံးကြတယ်...

ဟိုးလွန်လေပြီးတဲ့ကာလတုံးက ကျွန်တော်တို့နိုင်ငံသားတွေ ဖာနိုင်ငံလို့ခေါ်ခဲ့ကြတဲ့ နိုင်ငံရှိခဲ့တယ်... အဲဒါ ထိုင်းနိုင်ငံပဲ... အခုတော့ အဲဒီလိုခေါ်နိုင်ငံမှာ အဲဒီဖာ ဆိုတဲ့သူတွေရဲ့ ထမီတွေလျော်ဖို့ အိမ်အကူလုပ်ဖို့ မာလီလုပ်ဖို့အတွက် နယ်စပ်မှာ အလုအယက်နဲ့ တန်းစီနေကြရတာ ရင်နာစရာ အလွန်ကောင်းလှသဗျ

ထိုင်းလူမျိုးတွေက ကျွန်တော်တို့ထက် ဘာတွေ‌ပိုတော်နေသလဲ? တိုင်းသူပြည်သားတွေရဲ့ အခြေခံဖြစ်တဲ့ စိတ်ကောင်း နှလုံးကောင်း ကောင်းမွန်တဲ့စိတ်ထားတွေ တိုင်းပြည်ကို အုပ်ချုပ်မင်းလုပ်တဲ့သူတွေရဲ့ ကောင်းမွန်မှု သာတူညီမျှဝါဒဆိုတဲ့အရာတွေက ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံအဖြစ်ကို တွန်းပို့လိုက်ခြင်းသာဖြစ်ပါတယ်... မကြာမီနှစ်အတွင်းက ဖွံ့ဖြိုးတိုးတက်လာကြတဲ့နိုင်ငံတွေ ဘာ့ကြောင့်လဲဆိုတာကလည်း ရှင်းရှင်းလင်းလင်းပါပဲ...

ရွေးချယ်မှုတိုင်းမှာ ရလာဒ်ဆိုတာရှိစမြဲမို့ ကျွန်တော်တို့တွေ ကျွန်တော်တို့တိုင်းပြည်ကြီးကို တိုးတက်စေချင်တယ်ဆိုရင်ဖြင့် ဘာတွေကစလို့ ဘာတွေကိုလုပ်ကြရမလဲဆိုတာတော့နားလည်တတ်ကျွမ်းသူတွေ စီမံကြလိမ့်မယ်လို့ပဲ ပြောရတော့မှာပါပဲ... အထက်ကအချက်တွေနဲ့ မြန်မြန် ပြည့်စုံလာပါစေလို့ပဲ ဆုတောင်းနေရတော့မှာပါပဲ...

အားလုံးကို လေးစားလျှက် -


@ansoe


ansoe_logo_leo.png

H2
H3
H4
3 columns
2 columns
1 column
17 Comments
Ecency