မဖြစ်ပါစေနဲ့

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...

ကမ္ဘာကြီး ဘယ်အချိန်မှာ ဘယ်သူကြောင့် ပျက်စီးသွားမလဲဆိုတာကို ကမ္ဘာသူ ကမ္ဘာသားတွေအနေနဲ့ စိတ်ပူနေရတဲ့အခြေအနေတွေဖြစ်လာနေပါတယ်... အဏုမြူဗုံးတဲ့... ဘယ်အချိန် ဘယ်နေရာ ဘယ်နိုင်ငံမှာ ဘယ်သူက ခွဲလိုက်မလဲလို့ ပူပန်နေကြရတာပေါ့... မပူနေနိုင်ရိုးလားဗျာ... ကမ္ဘာကြီးတစ်ခုလုံး ပျက်သုန်းသွားနိုင်တဲ့ အန္တရာယ်ဖြစ်နေတော့ ပူကြရမှာပေါ့...


sun.png


တိုးတက်လာတဲ့နည်းပညာက လူသားအချို့ရဲ့ အတ္တတွေကိုပုံဖော်ဖို့ တွန်းအားပေးတဲ့အရာဖြစ်နေတဲ့အခါမှာ ပျက်စီးဖို့ကြုံလာကြရမှာပဲ... အခုတောင် ဘယ်အချိန်မှာ ငပူတင်းက ထကိုက်လိုက်မလဲမသိဖြစ်နေ‌ကြရတယ်... မတော်လို့များ အဲဒီ အဏုမြူဗုံးဆိုတာကြီးကို ဖောက်ခွဲပစ်လိုက်ရင် ပုန်းခိုနေထိုင်စရာ ရှိနိုင်ကြပါ့မလားဆိုတာ တွေးနေရင်တော့ မဖြစ်နိုင်ကြောင်း ပြောရမှာပဲ...

ဟိုက်ဒရိုဂျင် အဏုမြူဗုံးပေါက်ကွဲခဲ့ရင် အပူချိန်ဟာ အလွန်ကြောက်စရာကောင်းတဲ့အပြင် ပုန်းခိုနေထိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုကြပါသဗျ... ကျွန်တော်တို့သိတဲ့ ရေကို ဆူပွက်စေနိုင်တဲ့ အပူချိန်က ၁၀၀ ဒီဂရီ စင်တီဂရိတ်ဆိုတာ လူတိုင်းသင်ခဲ့ဖူးတာပဲ... အဲဒီအပူချိန်မှာတောင် ကျွန်တော်တို့လက်တွေကို အဲဒီအပူချိန်ထဲ ထည့်ထားနိုင်ပါ့မလား... အကုန်စုတ်ပြတ်သတ်သွားနိုင်တာလည်း လူတိုင်းနားလည်ပြီးသားပါ...

သံတွေကို အရည်ပျော်ဖို့ဆိုရင်တော့ ၁၅၀၀ ဒီဂရီ စင်တီဂရိတ် လိုအပ်ပါတယ်... အဲဒီ သံကိုအရည်ပျော်စေနိုင်တဲ့ အပူချိန်မှာ ကျွန်တော်တို့ရဲ့ လက်ကို ထည့်ဖို့ တွေးလို့တောင် ရလိမ့်မယ်မထင်ဘူး... အတွေး‌ထဲ‌မှာတောင် ထည့်မတွေးရဲပါဘူးဗျာ... သံတွေကို အငွေ့ပျံသွားဖို့အတွက်ဆိုရင် ၂၅၀၀ ဒီဂရီ စင်တီဂရိတ် လိုအပ်ပါသတဲ့... အဲဒီလို အပူချိန်မှာထဲကို ကျွန်တော်တို့လက်တွေ ထည့်ရဲမလား... အမလေး ရေးရင်းနဲ့တောင် ကြက်သီးထမိပါရဲ့ဗျာ 😁

နေရဲ့အပူချိန်က အခုလိုနွေရာသီမှာဆို ၄၀ ဒီဂရီ စင်တီဂရိတ်ကျော်လာတဲ့အခါ ကျွန်တော်တို့တစ်တွေ အပူဒဏ်ကို အလူးအလဲခံစားကြဖူးတာပဲ... အဲဒီအပူချိန်မှာတောင် အလူးအလိမ့်ခံစားကြရတာပါ... အဲဒီထက်ပိုတဲ့အပူချိန်ဖြစ်တဲ့ ရေဆူအမှတ်တို့ သံဆူအမှတ်တွေကို စဉ်းတောင်မစဉ်းစားရဲခဲ့ကြဘူးမဟုတ်လားဗျာ... အဲ-အကယ်၍များပေါ့လေ... ဟိုက်ဒရိုဂျင်အဏုမြူဗုံးများအသုံးပြုလိုက်မယ်ဆိုရင်ဖြင့် အဲဒီ ရေဆူအမှတ်တွေ သံဆူအမှတ်တွေထက် အလွန်မြင့်တဲ့ အပူချိန်ကို ခံစားကြရင်းနဲ့ လူ တိရစ္ဆာန်တွေ အငွေ့ပျံလို့ ပျောက်ကွယ်သွားကြရမှာပါ...

အဲဒါဆိုရင် ဟိုက်ဒရိုဂျင်အဏုမြူဗုံးတစ်လုံး ပေါက်ကွဲလို့ ဖြစ်ပေါ်လာမယ့် အပူချိန်က ဘယ်လောက်များလဲဆိုရင် သန်း ၁၀၀ ဒီဂရီ စင်တီဂရိတ်ထိရှိနိုင်ပါသတဲ့ဗျာ... ကဲ-အဲသလိုအပူချိန်ကြီးကို ကျွန်တော်တို့လို နိုင်ငံတွေမှာ ဘယ်လိုနည်းနဲ့ကာကွယ်နိုင်မလဲဗျာ... နောက်ပြီးသူ့ရဲ့ အကျယ်အဝန်းကလည်းပဲ မိုင်ပေါင်း ၄၀၀၀၀ ပတ်လည်ရှိနိုင်ပါသတဲ့... မင်းဘယ်ပြေးမလဲ မိချိုသဲ 😱 အားလုံးအငွေ့အတူတူပျံကြတာပေါ့ 😂

ကမ္ဘာမြေကို ဖျက်ဆီးပစ်မယ့် အဲသလိုလက်နက်တွေကို အသုံးမပြုကြစေဖို့ပဲ ဆုတောင်းနေရုံ တတ်နိုင်ပါတော့တယ်... အသုံးပြုလိုက်မယ်ဆိုရင်ဖြင့် မတွေးရဲ မတွေးဝံ့ပါ... ကံကောင်းတယ်ဆိုတာ မရှိနိုင်တော့ဘူးလို့လည်း ထင်ပါတယ်... ကံကောင်းလို့ကျန်ရစ်ခဲ့မယ်ဆိုရင်တောင်မှ ကမ္ဘာမြေပေါ်မှာ ဘယ်လိုနေထိုင်နိုင်မလဲဆိုတာစဉ်းစားလို့ပင်မရနိုင်ပါ... မဖြစ်ကြပါစေနဲ့လို့သာ...

အားလုံးကို လေးစားလျှက် -


@ansoe


ansoe_logo_leo.png

H2
H3
H4
3 columns
2 columns
1 column
12 Comments
Ecency