ဂျက်စတင် ဘီဘာ နဲ့ ရှောင် ကင်းစတန်း သီချင်းကို ကြားနေရတာ ကြာပါပြီ
Shorty is a eeny meeny miny moe lover.
သူတို့ အော်သလို အော်ကောင်းကောင်း ရေချိုးခန်းထဲ သီချင်းအော်ဆိုခဲ့ပေါင်းလည်း များပြီ
ဘာလဲပေါ့ Shorty is a eeny meeny miny moe lover.
ကမ္ဘာ့ ဆရာကြီးဖြစ်တဲ့ ai ကို မေးကြည့်မှပဲ သိရပါတော့တယ်
eeny meeny miny moe ဆိုတာ ကလေးတွေ ဂိမ်းကစားတဲ့အခါ ဘယ်သူဘာလုပ်ရမယ် ရေတွက်တဲ့အခါ ရေရွတ်တဲ့ သံချပ်လို ဟာလေးပါတဲ့
ကျနော်တို ကလေးဘဝက တပြား နှပြား ပဲလင်ပြား ပြားလန်း စက္ကူ ဖလန်ထူ ထူထူထဲထဲ ပိုးကောင်ထဲ ကျွဲရေသောက် နွားရေသောက်
တောက်တီးတောက်တဲ့ ပဲနသာ နသာအိမ်ကြီး အောက်ကိုစီး မီးကြီးရွှေတောင် ဖိုးရွှေတောင် ဗလုံဗလင် လက်တဖက်ထွက် ဆိုပြီး ကစားခဲ့ ဖူးကြလား
ခု ai ခေတ် ကလေးတွေကတော့ ဒါမျိုး မကစားတော့လောက်ပါဘူး
ကျနော်တို့ ငယ်ငယ်ကတော့ ကစားခဲ့ရတယ်
နောက် လက်တဖက်ထွက် ဆိုတဲ့နေရာမှာ ကျတဲ့ ကလေးက နှာဖူးတောက်ခံရတာပဲ
Eeny meeny miny moe ကလည်း အဲလို သံချပ်လေး ထင်ပါရဲ့
နောက်ဆုံး moe နေရာကျတဲ့ ကလေးက ဝိုင်းသမ ခံရတာပဲ
ပြောရင်းနဲ့ ကလေးဘဝတောင် ပြန်သတိရလာတယ်
ကလေးဘဝက ဆော့ခဲ့ရတာတွေ ဆီဝယ်ခဲ့ပါဆို ဆားဝယ်ခဲ့တယ် ဆိုပြီး တီးရတာတွေ
ဒီဂျက်စတင် ဘီဘာ နဲ့ ရောင် ကင်းစတန်းရဲ့ သီချင်းမှာတော့ သူရဲ့ ကောင်မလေး က ရည်းစားကို ဆုံးဖြတ်ချက်နဲ့ မထားဘဲ ကျလာတဲ့ လူကို ရည်းစားလုပ် အဲတယောက်နဲ့ မကြာဘူး နောက်တယောက်နဲ့ ကြုံရင် ဖြတ်ပြီး နောက်တယောက်ထားနေတတ်တာကို ဆိုလိုပါတယ်တဲ့
Shorty ဆိုတာက ဆွဲဆောင်မှုရှိတဲ့ ကောင်မလေး ဒါမှမဟုတ် ကိုယ်ရည်စား ကောင်မလေးကို ခေါ်တဲ့ အသုံးအနှုန်းပါတဲ့
Shorty ဆိုတဲ့ အသုံးက Hip hop ယဉ်ကျေးမှုကနေ ထွက်ပေါ်လာတယ်လို့ ဆိုပါတယ်
ကဲဆရာတို့ ဆရာတို့ ဘဝမှာ ရည်းစားရှာကျရင်လည်း ဂျက်စတင် ဘီဘာ တို့လို့ eeny meeny miny moe ချစ်သူနဲ့ မတွေ့ကြပါစေနဲ့ဗျာ
သီချင်လေးနားထောင်ချင်ရင် YouTube link လေးပေးလိုက်ပါမယ်