Hive ဈေးနဲ့ ပတ်သက်လို့ ဘာမှ မပြောလိုပေ။ သို့ပေမဲ့ Vote ရရှိမှုနှင့် ပတ်သက်၍တော့ ပြောစရာ ရှိ၏။ ယခင် ဘောလုံးပိုစ့်တွေမှာ vote က 1$ ဝန်းကျင်လောက် ရလေ့ရှိ၏။ ကမ္ဘာ့ဖလား ကာလတွေ တုန်းကပေါ့။ နို့ပေမဲ့ ခုနောက်ပိုင်း ဘောလုံးပိုစ့်တွေမှာ vote က ပြား 50 တောင် မကျော်ချင်တော့ပေ။ ဘာကြောင့်ရယ် မပြောတတ်။ vote အရေအတွက်က သိသိသာသာ မလျော့သွားပေ။ ဈေးကျနေလို့ပဲ ရတာ နည်းသွားသလား။ ဒါမှမဟုတ် Whale တွေ အရင်လို မျက်စိလည် လမ်းမှားပြီးတော့ ရောက်မလာတော့လေ သလား။
Hive power အများကြီး ပိုင်ဆိုင်ထားသူတွေ၏ vote တချက်တချက်က အတော် သိသာ၏။ ထို့ကြောင့်လည်း ကိုဟင်က power စုဖို့ကိုသာ တဖွဖွ မှာနေခြင်း ဖြစ်၏။ ကိုယ်တွေလည်း ကိုဟင် မှာသည့် အတိုင်း ကြိုးစားပြီး စုတော့ စုပါ၏။ Whale များနဲ့ ပတ်သက်၍ သဘောကျသည့် အချက်က သူတို့၏ power တွေ ဖြစ်၏။ သူတို့ vote ကြောင့် ယခက်ထက် ပိုရရင် ကိုယ်တွေမှာ ပျော်လို့။ တချိန် ငါလည်း သူများတွေကို ခုလို vote ပေးနိုင်ရမယ်ကွ ဆိုပြီး တွေးထား၊ တေးထား၏။
လက်ရှိ Hive ဈေးကြောင့် ယခင် ကိုယ့် vote က 0.1$ ဝန်းကျင်လောက် ဖြစ်စေပေမဲ့ ခုတော့ 0.01$ လောက်သာ ဖြစ်စေ၏။ အိပ်မက်တွေက ဝေးသထက် ဝေးလို့လာနေခဲ့၏။ မျှော်လင့်ချက် မဲ့နေတာမျိုးတော့ မဟုတ်ပေ။ ဇွဲရှိဖို့နဲ့ အခွင့်အရေးတွေကို အချိန်ကိုက် ဖမ်းဆုပ်နိုင်ဖို့တော့ လိုပေလိမ့်မည်။
ပိုစ့် တင်ခြင်းကနေရသည့် Reward တွေကို အားလုံး Hive power အဖြစ် မပြောင်း ဖြစ်ပေ။ ထုတ်သုံး ဖြစ်လားဆိုပြန်တော့ ယခု ဈေးမှာတော့ မထုတ်ဖြစ်သေးပေ။ ဈေးကျနေတော့ ရောင်းရမှာ နှမြောသလိုပင်။ အရင် 20,30 လောက် ရောင်းလိုက်ရုံနဲ့ ဖြေရှင်းမှု အချို့ လုပ်လို့ရပေမယ့် ခုက 120,130 လောက် ရောင်းမှသာ ရ၏။ ဒါတောင် ဆင့်ပါးစပ် နှမ်းပတ် အနေအထားလောက်သာ ရ၏။
Hive ဈေး ဘယ်လိုနေနေ ပိုစ့်ကတော့ နေ့တိုင်း တင်နေရပေလိမ့်ဦးမည်။ Power စုရမယ် မလား။ ကိုယ့်လိုပဲ ဘာနေနေ၊ ဘာညားညား ရေးမယ်ဆိုတဲ့ ရေးဖော် ရေးဖက်တွေ ရှိနေတာကကို အတော်အားရှိပါဘိ။ တချိန်မှာတော့ မြန်မာ အဖွဲ့အစည်းလည်း ယခင်လို စည်ကားလာဖို့ မျှော်လင့်မိ၏။ ယုံလည်း ယုံကြည်ပါ၏။ အဲ့အချိန် ကိုယ်တွေ မြန်မာ ဝေလငါးကြီးတွေ ဖြစ်နေကြမယ် ထင်ပါရဲ့။