ဘဝအကြောင်းတစ်စေ့တစ်စောင်း

Words
110
Reading
1 min
9y
Listen to this post
~1 min

ကျွန်တော်လား ဆယ်တန်းအောင်ပြီးတော့ အမှတ်မှီတာနဲ့  AGTI ဆိုတာကြီးကိုတက်ခွင့်ရတယ်လေ အဲ ကျောင်းမှာလည်း ဟိုလိုလို ဒီလိုလိုနဲ့  ၅ နှစ်ဆိုတဲ့ ကာလ တစ်ခုဖြတ်ကျော်ပြီးနောက်မှာတော့ BE ဆိုတဲ့  လက်မှတ်တစ်ခုရလာတာပေါ့ အလုပ်ရှာဖွေတော့လည်း အဲ့ဒီ့ လက်မှတ်ကြီးနဲ့  ရှာတာပေါ့ဗျာ တော်တော်တော့ အလုပ်ရှာလိုက်ရတယ် အဲ့ဒီလိုနဲ့ အလုပ်ရတယ်ဆိုပါတော့ ဇာတ်လမ်းက ခုမှစမှာ အလုပ်စဝင်ဝင်ချင်းမှာ ရတဲ့ ရာထူးက အလုပ်ရုံခွဲမှုး ဆိုပဲ လက်ထောက်မန်နေဂျာလို့ လဘ်းခေါ်တယ်ဗျ အလုပ်လုပ်ရပြီဆိုတော့ လူက တက်ကြွနေတာပေါ့ဗျာ ဘာပဲလုပ်ရလုပ်ရလေ ဆိုတဲ့ အတိုင်း အကုန်လုပ်တာပဲ များသောအားဖြင့် သန့်ရှင်းရေးနဲ့  ပစ္စည်းရွှေ့ပြောင်းရေးတွေလုပ်ရတာပေါ့ ကိုယ့်ကိုကိုယ် ဘာမှန်းတောင်မသိပါဘူးလေ ထုတ်လုပ်ရေးလည်းစရော တာဝန်တစ်ခုသတ်သတ်မှတ်မှတ်နဲ့ အလုပ်လုပ်လာရတာပေါ့ ဒါပေမဲ့  ကံတရားဆိုတာဆန်းတယ်ဗျ လုပ်ချင်တဲ့ နေရာမှာအမြဲလုပ်နေရတာမဟုတ်ဘူး သင့်တော်သလို ပြောင်းရွှေ့လုပ်ကိုင်ရတာပဲ ဒီ အလုပ်မှာ ကျွန်တော် အလုပ်လုပ်လာခဲ့တာဆိုရင် ၅နှစ်ကျော် ၆နှေစ်ထဲ ရောက်နေပြီ တိုးတက်မှု ဆိုလို့  လူတွေရဲ့  အကြောင်းတွေ ကို သိလာရတာပဲရှိတယ် သြော် မိန်းမရပြီး ကလေးတစ်ယောက်ပါ ရတာမေ့ပြောလို့ မဖြစ်ဘူး အိမ်သူကိုလည်းကြောက်ရတာကိုးဗျ ပြောချင်တာက အခုမှစတာ လူတွေအကြောင်းပါ လူတွေ ဆိုပေမဲ့  ကျွန်တော့်အလုပ်က လူကြီးတွေပါဗျာ လူကြီးတွေ ဆိုတာက ကျွန်တော်တို့ လို အခြေခံလုပ်သားတွေဆို ဘယ်လို ခေါင်းပုံဖြတ်ရမလဲပဲစဉ်းစားနေတာဗျ အခုလည်းလာပြန်ပြီ bonus မှာ တစ်ယောက် ၃ သိန်းဖြတ်မယ်တဲ့  ဖြတ်ကြဗျာ ဟိုးအထက်ကလူကြီးတွေက ဝန်ထမ်းတွေအပေါ်စေတနာထားတာကို ဖြတ်စားလတ်စားလုပ်မယ်ဆိုရင်တော့ ကျွန်တော်ဆုတောင်းပေးလိုက်တယ် အပင်းဆို့ ပါစေဗျC360_2013-10-17-12-21-53-395.jpg

ဘဝအကြောင်းတစ်စေ့တစ်စောင်း | Ecency