ငယ်​ဘဝအမှတ်​တရများ(ဇာတ်​သိမ်း)

yway(43)
Published in
#myanmar
Words
172
Reading
1 min
Listen
Play
9y

ဇွန်​လ ​ကျောင်း​တွေဖွင့်​ပြီဆို​တော့ ကျွန်​မနဲ့ အိမ်​နားက ၆တန်း​ကျောင်းသား က​လေးတို့ ​ကျောင်းတတ်​ခဲ့တယ်​ ​ကျောင်း ​ရောက်​​တော့ ကိုယ်​က​ကျောင်းသားအသစ်​​လေ ၁၀တန်းအခန်း ဘယ်​မှာရှိလဲမသိ
၆တန်းက​လေးကပဲ ၁၀တန်းအခန်း​တွေဆီသို့ ​လိုက်​ပို့ခဲ့တယ်​ ​ကျောင်းသားအသစ်​ဆို​တော့လည်း ကိုယ့်​ဘာသာအခန်းထဲဝင်​ထိုင်​ ​နေရတယ်​ ​နောက်​မှ ​ကျောင်းသား​ကျောင်းသူ​တွေ တဖြည်းဖြည်း​ရောက်​လာပြီး တချို့ကလည်းအဖွဲ့လိုက်​ စကား​တွေ​ပြော
ရယ်​​မော ​နေကြတယ်​ ​ကျောင်းသားအသစ်​ဖြစ်​တဲ့ကိုယ့်​ကိုလည်း ​ခေါ်ကြ​ပြောကြပါတယ်​ ဘယ်​​ကျောင်းက​ပြောင်းလာတာလဲ ဘယ်​မှာ​နေလဲ လာမိတ်​ဆက်​ကြပါတယ်FB_IMG_1520769726483.jpg​ ငယ်​​မွေးခြံ​ပေါက်​မဟုတ်​​တော့
သူတို့​တွေနဲ့​တော့အဖွဲ့မကျခဲ့ဘူး ​ဘေးနားကသူငယ်​ချင်းတစ်​​ယောက်​နှစ်​​ယောက်​​လောက်​ပဲ တွဲဖြစ်​ခဲ့တယ်​ ​ကျောင်းမှာလည်းအဆင်​​ပြေပါတယ်​ ဒါ​ပေမဲ့ကျူရှင်​ တတ်​ရမှာ​တော့ သိပ်​မ​ပျော်​ခဲ့ဘူး ကျူရှင်​ကသူငယ်​ချင်းကလည်းတစ်​​ယောက်​ တည်း တစ်​​ယောက်​တည်းဆို ​ပေါင်းသင်းလို့်​ကလည်းမရ
စာအတူတူကျတ်​ အတူတူတွက်​ နားမလည်​တာ ​​တွေ ​မေးကြမြန်းကြ လုပ်​ချင်​တာ သူကအဲလိုမဟုတ်​​တော့ ကျူရှင်​ကိုမတတ်​ချင်​​တော့တာ မတတ်​ချင်​လည်း ငါ​အောင်​မှဖြစ်​မယ်​ အ​ဖော်​မင်​​နေလို့မရဘူးFB_IMG_1520769911138.jpg
သူမကျတ်​လည်း ကိုယ့်​ဘာသာကျတ်​ ကိုယ့်​ဘာသာကြိုးစား အားတင်းထားခဲ့တယ်
ဒီလိုနဲ့ ၇လပိုင်း လဝက်​​လောက်​မှာ ​ကျောင်းသူအသစ်​တစ်​​ယောက်​​ရောက်​လာတယ်​ အသစ်​ဆို​တော့ ကိုယ်​လည်းပိုခင်​မိတယ်​ အသစ်​အချင်းချင်းဆို​တော့ ကိုယ်​ချင်းစာမိတယ်​ အဲဒီသူငယ်​ချင်းနဲ့ပဲ တတွဲတွဲရှိခဲ့တယ်​ ​နောက်​​တော့ ကျူရှင်​​ပြောင်းခဲ့တယ်
ဒီကျူရှငိက​တော့ ​ကျောင်းကသူ​တွေများတယ်
ဒီကျူရှင်​မှာကျ​တော့ ​ပျော်​ဖို့​ကောင်းတယ်​ မိန်းက​လေးသူငယ်​ချင်း​တွေလည်းများတယ်​ ​ကျောင်းသူအသစ်​သူငယ်​ချင်းလည်း ကျူရှင်​ကို​ရောက်​လာတယ်​ FB_IMG_1520769967639.jpg
ဒီကျူရှင်​မှာ​တော့​တော်​​တော်​​ပျော်​မိတယိ အားလုံးကစည်းလုံးတယ်​ စာဆိုလည်းအတူလိုက်​ဆို လိုက်​တွက်​ တိုင်​တိုင်​ပင်​ပင်​နဲ့ ​ပျော်​စရာ​ကောင်းတယ်
အတန်းထဲက အသင်း​ခေါင်း​ဆောင်​တ​ယောက်​လည်း ကျူရှင်​ကို​ရောက်​လာတယ်​ ဆရာမ က ​ကျောင်းခန်းထဲမှာ လိုအပ်​တဲ့ စာရွက်​စာတမ်း​တွေဝယ်​ဖိွု့သူ့ကို တာဝန်​​ပေးတယ်​ သူကလည်း တ​ယောက်​တည်းမသွားချင်​ဘူးတဲ့ အဲဒါနဲ့ ​ကျောင်းပိတ်​ရက်
ကျူရှင်​ချိန်​ပြီးရင်​ သွားမယ်​တဲ့ လိုက်​မလားတဲ့ ကျူရှင်​ကသူငယ်​ချင်း​တွေလည်း နှစ်​ခါမစွယ်​ရဘူး
လိုက်​မယ်​​ပေါ့ အဲတုန်းကအချိန်​​လေး​တွေကအရမ်း​ပျော်​စရာ​ကောင်းတယ်​ ပိတ်​ရက်​ကျူရှင်​ပြီးချိန်​ဆို ocean centerသွားလိုက်​ city martသွားလိုက်​နဲ့ အဖွဲ့​တွေ ​လျှောက်​ပတ်​ဖြစ်​တယ်​ ပထမနှစ်​ဝက်​ နဲ့ ဒုတိယနှစ်​ဝက်​ ​ဖြေပြီးချိန်​မှာ​တော့ ကျွန်​မတို့အဖွဲ့အရင်​ လို အပြင်​သိပ်​မသွားဖြစ်​​တော့ဘူးFB_IMG_1520769880313.jpg စာ​မေးပွဲကနီးလာ​တော့ ကျူရှင်​ချိန်​​ကလည်း တ​နေ့လုံး ဖြစ်​သွားတယ်​ ကိုယ်​​တွေလည်းမနည်းကြိုးစားခဲ့ရတယ်​ အနားကပ်​​တော့ ကျူရှင်​မတတ်​ဖြစ်​​တော့ဘူး
အိမ်​မှာ ပြသနာ တစ်​ခုဖြစ်​သွားလို့ အိမ်​မှာပဲစာကျတ်​ခဲ့တယ်​ စာ​မေးပွဲ​ဖြေချိန်​မှာ​တော့ အ​မေ ကနယ်​က​နေ​ရောက်​လာတယ်​ ​နေ့တိုင်းလိုက်​ပို့တယ်​ အ​မေနဲ့ ဆရာမရဲ့​ကောင်းမှု​ကြောင့်​ ​နေ့တိုင်း ယတြာ​ချေရတယ်​ မြန်​မာစာ​နေ့ဆို ညာဘက်​လက်​မှာ "တ"​ရေးသွားရမယ်​ ​သေး​သေး​လေး​ပေါ့​နော်​ အဲလို
ခြောက်​ဘာသာလုံး တမျိုးဆီ​ရေးသွားရတယ်
အ​မေက​တော့ ​ကျောင်း​ရှေ့မှာထိုင်​​စောင့်​ ဘုရားစာ​တွေရွတ်​နဲ့ ​နောက်​ဆုံး​နေ့ကျ ​ဖြေပြီးထွက်​လာရင်
ကျောင်းကိုလှည့်​မကြည့်​နဲ့တဲ့ ဖ​နောင့်​ ၃ချက်​​ပေါက်​ခဲ့တဲ့ ​အောင်​ချင်​​တော့လည်း လုပ်​ခဲ့တယ်​ အမှတ်​တရများနဲ့ ပြည့်​​နေတဲ့ ၁၀တန်း ဘဝ​လေးပါ အမြဲအမှတ်​တရရှိ​နေပါတယ်FB_IMG_1520770003499.jpg​ ​နောက်​တခါပြန်​မရနိုင်​​ပေမဲ့
တွေးလိုက်​တိုင်း ပြန်​​ရောက်​သွားသလိုခံစားမိတယ်
ငယ်​ဘဝ အမှတ်​တရ​လေး​တွေပါ
အားလုံးကို ​ကျေးဇူးတင်​ပါတယ်
Wirter by yway@yway
Photo credit -facebook photo
MSC-232

ငယ်​ဘဝအမှတ်​တရများ(ဇာတ်​သိမ်း) | Ecency