White Herons in the Paddy Fields

Words
65
Reading
1 min
Listen
Play
2y

Have a nice day 🤗
May you all be HEALTHY, WEALTHY and HAPPY !

ဗျိုင်းငှက်တွေ၏ ပုံကို မျှဝေပေးလိုက်ပါတယ်။
လယ်တောဘက်မှာ အပေါများဆုံးငှက်က ဗျိုင်းငှက် ပါပဲ။
ဗျိုင်းဖြူတွေဆိုလျှင် ပိုမှန်မည်။
ဗျိုင်းကြားတွေ နှင့် ဗျိုင်းနက်တွေလည်း ရှိကြသည်။
ဗျိုင်းဖြူတွေက လယ်တော နေရာအနှံ့ ရှိနေတတ်ကြသည်။
အချို့နေရာ၌ တကောင်တလေပါ။ အချို့နေရာ၌ အုပ်လိုက်ပါပဲ။
ဗျိုင်းဖြူတွေက တကောင်ခြင်းလည်း နေတတ် ပျံတတ်တယ်။
ဗျိုင်းနက်တွေကတော့ အုပ်စုဖွဲ့နေတတ်တယ်။
အိပ်တန်းပြန်ရင်လည်း ဗျိုင်းနက်တွေက အုပ်စုဖွဲ့ ပျံသန်းတတ်တယ်။

ဒီရာသီချိန်က ဗျိုင်းတွေ အတွက် အစာပေါတယ်။
ထွန်ယက်ထားတဲ့ လယ်ယာမြေမှာ ပိုးမွှားတွေ ပေါ်နေတတ်တယ်။
ဒါကြောင့် လယ်တောဘက်မှာ ဗျိုင်းငှက်တွေ ပေါများနေကြတာပါပဲ။

သင်ရော ဗျိုင်းငှက်တွေ ချစ်တတ်သလား။
ကျွန်တော်ကတော့ ဗျိုင်းငှက်တွေကို ချစ်ခြင်း မုန်းခြင်း မရှိပါဘူး။

White Herons in the Paddy Fields | Ecency