Reuse Decorative Furnitures

Words
64
Reading
1 min
Listen
Play
2y

မိတ်ဆွေတဦး၏ အိမ် သို့ အလည်ရောက်ဖြစ်ခဲ့သည်။
သူ၏ သမီးက အမျိုးသမီးများကို အလှပြုပြင်ပေးသည့်အလုပ် လုပ်ကိုင်သည်။
သူ၏ အိမ်က ပရိဘောဂပစ္စည်းတွေ နှင့် အိမ်နံရံတွေကို အလှဆင်ထားသည်။
သူ၏ သမီး ကိုယ်တိုင် အလှတပ်ဆင်ထားသည်ဟု သိခဲ့ရသည်။

ပရိဘောဂပစ္စည်းများ နှင့် အိမ်နံရံကို အလှဆင်ထားသည့် အရာတွေသည် အသုံးပြုပြီးသား အိပ်ခွံများ ဖြစ်သည်။
ကော်ဖီမစ် တီးမစ် ခေါင်းလျှော်ရည် စသည်တို့ ထည့်သည့် အိပ်ခွံများ ဖြစ်သည်။
အသုံးပြုပြီးသား အိပ်ခွံများကို အမှိုက် အဖြစ် လွှတ်မပစ်ဘဲ အကာအခင်းများ အဖြစ် ယက်လုပ်ထားခြင်း ဖြစ်သည်။

ပလပ်စတစ်အိပ်များကို လွှတ်မပစ်ဘဲ ပြန်လည် အသုံးပြုခြင်းသည် ကောင်းသော အပြုအမူ ဖြစ်ပါသည်။
ဤကဲ့သို့ လှပအောင် အဆင်တန်ဆာ ပြုလုပ်ထားတော့ အမှိုက်သည် အသုံးဝင်သောအရာ ဖြစ်လေတော့သည်။
သို့ဖြစ်၍ ကျွန်တော်လည်း အမှတ်တရဓာတ်ပုံရိုက်ယူကာ ဒီမှာ မျှဝေပေးလိုက်ရခြင်း ဖြစ်သည်။

Reuse Decorative Furnitures | Ecency